ARI Art Workshop at BEAM

On 22nd November 2017, BEAM Education Foundation hosted international students from American Pacific International School to participate with BEAM students in an art workshop organized by Art Relief International. Prior to the art workshop, BEAM Education Foundation’s Director, Mr. Kyaw Kyaw Min Htut, shared his experiences with APIS students at the Cultural Canvas Thailand office. His talk was focused on Myanmar migrant and refugee issues and provided more insight on what BEAM Education Foundation does.

The workshop took about two hours and focused on exploring student’s artistic interests, creativity, and teamwork in diversity. ARI has been organizing art workshops on teaching the basic knowledge of art, principles of color, music, and dance every other week at BEAM since 2016. About 20 APIS students together with 16 BEAM students joined the art workshop. Through the activity of creating cards that focus on cultural sharing, they gained knowledge about art and the value of diversity. Special thanks to Cultural Canvas Thailand and Art Relief International for the support to run workshops with our Myanmar migrant students. It would not be possible without the help of your ARI volunteers and staff.

ARI is currently working with over twenty organizations and various focus groups in Chiang Mai, Thailand. They work to cultivate creativity, create an atmosphere of inclusion, and encourage social change. Their work in northern Thailand includes “Green” art and sustainable crafts. Please visit their website: www.artrelief.net







ARI အဖွဲ့နှင့် ပန်းချီ၊ အနုပညာဆိုင်ရာ ဆွေးနွေးပွဲ

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့၌ ARI အဖွဲ့မှ ဦးဆောင်ပြုလုပ်သည့် ပန်းချီနှင့် အနုပညာဆိုင်ရာ လက်တွေ့လုပ်ဆောင်မှုနှင့် ဆွေးနွေးပွဲတစ်ခုကို ဘီမ်းကျောင်းသူ/ကျောင်းသားများနှင့် American Pacific International School မှ နိုင်ငံတကာကျောင်းသူ/ကျောင်းသားများ အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ ဆွေးနွေးပွဲမတိုင်မီ နိုင်ငံတကာကျောင်းသူ/ကျောင်းသားများအား ဘီမ်းပညာရေးဖောင်ဒေးရှင်းဒါရိုက်တာ ဦးကျော်ကျော်မင်းထွဋ်မှ ရွှေ့ပြောင်းလုပ်သားနှင့် ဒုက္ခသည်ဆိုင်ရာ ၎င်း၏ အတွေ့အကြုံများကို Cultural Canvas Thailand ရုံးခန်း၌ ဝေမျှခဲ့သည်။

ဆွေးနွေးပွဲနှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုသည် ၂ နာရီခန့်ကြာမြင့်ပြီး နိုင်ငံတကာ ကျောင်းသူ/ကျောင်းသား ၂၀ ကျော်နှင့် ဘီမ်းကျောင်းသူ/ကျောင်းသား ၁၆ ယောက်တို့ပူးပေါင်း၍ အနုပညာဆိုင်ရာ စိတ်ပါဝင်စားမှုများကို ဖော်ထုတ်ခြင်း၊ ဖန်တီးမှုနှင့် ပူးပေါင်းလုပ်ဆောင်မှု သဘောတရားများကို အဓိကထား လုပ်ဆောင်ခဲ့ကြသည်။ ARI မှ ပန်းချီပညာအခြေခံ၊ အခြေခံသဘောတရားနှင့် ဆေးရောင်သုံးစွဲမှုဆိုင်ရာ ဗဟုသုတများ၊ ဂီတနှင့် အကသင်တန်းများကို ဘီမ်းပညာရေးဖောင်ဒေးရှင်း၌ ၂၀၁၆ ခုနှစ်ကတည်းက ရက်သတ္တပတ် ၂ ပတ်လျှင် တစ်ကြိမ်၊ နှစ်စဉ်ကူညီပံ့ပိုး ပို့ချပေးလျက်ရှိသည်။ ယခုကဲ့သို့ နောက်ခံအခြေအနေမတူညီသည့် လူငယ်ကျောင်းသားများအကြား အပြန်အလှန်နားလည်မှု ပိုမိုခိုင်မာလာစေရန် ဤကဲ့သို့ အနုပညာဆိုင်ရာ ဆွေးနွေးပွဲများကို ဦးဆောင်ကျင်းပပေးသည့် အတွက် ARI အဖွဲ့နှင့် Cultural Canvas တို့အား ဘီမ်းပညာရေးဖောင်ဒေးရှင်းမှ အထူးပင် ကျေးဇူးတင်ရှိပါသည်။

ARI အဖွဲ့သည် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ အဖွဲ့ ၂၀ ကျော်ဖြင့် လက်တွဲလုပ်ကိုင်လျက် ရှိပြီး အနုပညာလှုပ်ရှားမှု အဖြစ် မသန်စွမ်းကလေးများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပန်းချီ “Green” Arts နှင့် လက်မှုပညာ ထိန်းသိမ်းစောင့်ရှောက်ခြင်းတို့အား လုပ်ဆောင်လျက် ရှိသည်။ ARI နှင့် ပတ်သက်ပြီး www.artrelief.net တွင် သွားရောက် လေ့လာနိုင်သည်။