BEAM/JUMP! Youth Conference: Welding Ideas for Sustainable Existence (WISE)

On 28-29Oct and 4-5 Nov, 2017, the BEAM/JUMP! Youth Conference: Welding Ideas for Sustainable Existence (WISE) was successfully held at the Faculty of Social Science in Chiang Mai University and Funruk Resort, Hang Dong in Chiang Mai, Thailand. The four day program was run in collaboration between BEAM Education Foundation and the JUMP! Foundation. It consisted of two days ofpre-conference workshops and two days of conference with 41participantsincluding: Myanmar youth, Thai youth, and Thai ethnic youth living in Chiang Mai.

The pre-conference workshops helped youth better understand the concept of social entrepreneurship and prepared the participants to design their own projects during the conference. The workshops also increased the likelihood that the projects will be successfully implemented. During the first weekend, participants engaged in activities that were focused on self-discovery, team building, and community assessment. Later, they identified common challenges and formed groups to brainstorm and develop solutions by using problem analysis and project development tools.

The participants had the opportunity to learn about design thinking and project creation. They identified specific problems in their communities and came up with tangible solutions as their social impact projects. There were a total of 6 projects presented at the conference; they addressed today’s most compelling issues in Chiang Mai, Thailand and the Thai-Myanmar border area. Topics included: air pollution, lack of education opportunities, education discrimination among migrant and refugee youth, lack of performance in scholarship application, bullying in school, and the lack of scholarship information among migrant youth.

These discussions and projects led by the local youth ultimately change lives. They inspire youth to think of solutions, empower them to reach for resources, and engage them to be the change they want to see in their own communities. The winning team developed a project that was human-centered and can help marginalized youth most in need. Their project was focused on the issue of lack of scholarship information and opportunities among migrants, refugees, and marginalized youth in Mae Sot and Chiang Mai. These participants will be given a small grant to go and implement their project. Additionally, BEAM Education Foundation will connect them with mentors for continual guidance.

The workshops and conference provide a platform for exciting and transformative participant-led discussion groups. The discussions covered a wide variety of local issues which allowed the youth to engage with themselves and each other to troubleshoot the issues they are facing. Young people’s commitment to change is inspiring; but more importantly, it is necessary and crucial. They are undoubtedly active change agents of their own communities but also of each other.

This was the 2ndprogramcontinuing the partnership between BEAM and the JUMP! Foundation. The JUMP! Foundation (“JUMP!”) is a non-profit expe         riential education organization established in 2006 in response to a need in youth education for programs that address issues of leadership and global citizenship. JUMP! acts as a collaborative platform for participants to come together to challenge themselves, inspire one another, and influence change in their surroundings. For further information about The JUMP! Foundation: please visit http://jumpfoundation.org


BEAM/JUMP! လူငယ်ခေါင်းဆောင်မှုဆိုင်ရာဆွေးနွေးပွဲ အောင်မြင်စွာပြီးဆုံးခြင်း

၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၂၈-၂၉ ရက်နှင့် နိုဝင်ဘာလ ၄-၅ ရက်နေ့များ၌ ဘီမ်းပညာရေးဖောင်ဒေးရှင်းနှင့် JUMP! ဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် လူငယ်ခေါင်းဆောင်မှုဆိုင်ရာ ၄ ရက်ကြာ ဆွေးနွေးပွဲကို ချင်းမိုင်တက္ကသိုလ်အတွင်းရှိ လူမှုရေးသိပ္ပံဌာနနှင့် ချင်းမိုင်မြို့၊ ဟန်ဒုံးရှိ Funruk Resort တွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြသည်။ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် နေထိုင်ကြသော မြန်မာရွှေ့ပြောင်း လူငယ်များ၊ ထိုင်းလူငယ်များနှင့် ထိုင်းနိုင်ငံဖွား တိုင်းရင်းသားလူငယ်များ စုစုပေါင်း ၄၁ ယောက် တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲအကြို အလုပ်ရုံဆွေးနွေးပွဲ ၂ ရက်တွင် လူငယ်များမှ ၎င်းတို့၏စိတ်ကူးအိပ်မက် စီမံကိန်းများကို မည်သို့ဒီဇိုင်းဖော်ထုတ် ပြင်ဆင်ရမည့် နည်းလမ်းများအပြင် လူမှုရေး၊ ယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ကူညီဖြေရှင်းပေးခြင်းဆိုင်ရာ အယူအဆ အသိပညာတို့ကို ပိုမိုနားလည်သဘောပေါက်အောင် ပြင်ဆင်ပေးနိုင်ခဲ့သည်။ ထို့ပြင် စီမံကိန်းအောင်မြင်စွာအကောင်အထည်ဖော်ဆောင်မှု ဖြစ်နိုင်ခြေကိုလည်း တိုးမြှင့်အောင်ကူညီပေးခဲ့သည်။ ပထမ ၂ ရက်အတွင်း လူငယ်များမှ မိမိတို့၏ကိုယ်ပိုင်အရည်အသွေးများ ဖော်ထုတ်ခြင်း၊ အဖွဲ့ဖွဲ့ခြင်းနှင့် လူမှုအဖွဲ့အစည်းဆိုင်ရာ လိုအပ်ချက်များကို အာရုံစိုက် ဆွေးနွေးလုပ်ဆောင်ခဲ့ကြသည်။ ထို့နောက် လူမှုအဖွဲ့အစည်းအတွင်း ကြုံတွေ့နေရသည့် ပြဿနာအခက်အခဲများကို ခွဲခြားဖော်ထုတ်ပြီး လူငယ်များ၏စိတ်ဝင်စားမှုအလိုက် အဖွဲ့လိုက်ဆွေးနွေးချက်များနှင့် ဖြစ်နိုင်ဖွယ်ရာ ဦးတည်ဖြေရှင်းချက်များကို ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတက်ရောက်ခဲ့သူ လူငယ်များအနေဖြင့် စဉ်းစားတွေးခေါ်မှုနှင့် လူထုအကျိုးပြုစီမံကိန်းများ ဖန်တီးနိုင်မှုဆိုင်ရာ အခွင့်အလမ်းများကို သင်ယူရရှိခဲ့ကြသည်။ ၎င်းတို့၏ လူမှုအဖွဲ့အစည်းအတွင်း လတ်တလော ကြုံတွေ့နေရသော ပြဿနာများကို ပူးပေါင်းဖော်ထုတ်ခဲ့ပြီး အဆိုပါ ပြဿနာများကို လက်တွေ့ကျကျ အဖြေရှာ၍ အကောင်အထည်ဖော်ဆောင်ဖြေရှင်းနိုင်ရန် ၎င်းတို့၏ လူထုအကျိုးပြုစီမံကိန်းများကို တင်ပြ ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲအတွင်း ထိုင်းနိုင်ငံအတွင်းနှင့် ထိုင်း-မြန်မာ နယ်စပ်ဒေသတလျှောက် လူမှုအဖွဲ့အစည်းများအတွင်း လတ်တလောဖြစ်ပေါ်နေသော အလေးထားဆောင်ရွက်ရမည့် ကိစ္စရပ်များအတွက် ဦးတည်ဖြေရှင်းနိုင်မည့် စီမံကိန်း ၆ ခုကို လူငယ်အဖွဲ့ တစ်ခုစီမှ တင်ပြဆွေးနွေးခဲ့ကြသည်။ တင်ပြဆွေးနွေးခဲ့ကြသည့် ခေါင်းစဉ်များတွင် လေထုညစ်ညမ်းခြင်း၊ ပညာရေးဆိုင်ရာ အခွင့်အလမ်း နည်းပါးခြင်း၊ ရွှေ့ပြောင်းလူငယ်နှင့် ဒုက္ခသည်လူငယ်များအတွင်း ပညာရေးဆိုင်ရာ ခွဲခြားဆက်ဆံခံရခြင်း၊ ပညာသင်ဆုလျှောက်ထားရာ၌ အရည်အသွေးနိမ့်ပါးခြင်း၊ ကျောင်းတွင်းအနိုင်ကျင့်ခံရခြင်းနှင့် ရွှေ့ပြောင်းလူငယ်များအကြား ပညာသင်ဆုဆိုင်ရာ သတင်းအချက်အလက်ရရှိမှု နည်းပါးခြင်း အစရှိသည့် အကြောင်းအရာများ ပါဝင်ခဲ့ကြသည်။

ဆွေးနွေးပွဲများနှင့် စီမံကိန်းများကို တိုးတက်ပြောင်းလဲမှုကိုလိုလားသည့် ဒေသတွင်းအခြေပြုလူငယ်များကသာ ဦးစီးဆောင်ရွက် ဆွေးနွေးခဲ့ ကြခြင်းဖြစ်သည်။ ၎င်းတို့မှ လူငယ်များအား ဖြေရှင်းချက်များအတွက် စဉ်းစားစေခြင်း၊ ရရှိနိုင်သော အရင်းအမြစ်များကို ထိရောက်စွာ ရယူစေခြင်းနှင့် ၎င်းတို့ကိုယ်ပိုင်လူမှုအဖွဲ့အစည်းကို ၎င်းတို့မြင်တွေ့ချင်သည့်ပုံစံအတိုင်း ပြောင်းလဲမှုကိုဆောင်ယူနိုင်စေရန် လှုံ့ဆော်စည်းရုံး ဆွေးနွေးခဲ့ကြသည်။ ၂၀၁၇ ခုနှစ်အတွက် တင်ပြလာသည့် ဖွံ့ဖြိုးရေးစီမံကိန်း ၆ ခုအတွင်းမှ ၁ ခုကိုသာရွေးချယ်ခဲ့ပြီး ရွေးချယ်ခံရသည့် စီမံကိန်းအဖွဲ့မှလူငယ်များအနေဖြင့် အခွင့်အလမ်း အမှန်တကယ် နည်းပါးနေသည့် လူငယ်များအတွက် လူသားအခြေပြု ဖွံ့ဖြိုးရေးစီမံကိန်းအဖြစ် ဆောင်ရွက်သွားမည်ဖြစ်သည်။ အဆိုပါအဖွဲ့မှ မဲဆောက်နှင့် ချင်းမိုင်ဒေသရှိ ပညာရေးအခွင့်အလမ်း နည်းပါးသည့် လူငယ်များအတွင်း ပညာသင်ဆုဆိုင်ရာ သတင်းအချက်အလက်များကို ထိရောက်စွာမျှဝေပေးမည့် စီမံကိန်းကို အကောင်အထည်ဖော်ဆောင်သွားကြမည် ဖြစ်သည်။

ဤဆွေးနွေးပွဲသည် လူငယ်များအတွက် အဓိပ္ပါယ်ပြည့်ဝသည့်ပြောင်းလဲမှုကိုဖော်ဆောင်သည့် စိတ်ကူးစိတ်သန်းအသစ်များ၊ ဖြေရှင်းမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အတွေ့အကြုံများဖြင့် စိတ်အားတက်ကြွဖွယ်ရာ လူငယ်ဆွေးနွေးပွဲတရပ်ဖြစ်ခဲ့သည်။ ဆွေးနွေးမှုများက ဒေသတွင်း ကြုံတွေ့နေရသည့် ကျယ်ပြောလှသည့်ပြဿနာပေါင်းများစွာကို ဦးတည်ဖော်ထုတ်ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ဆွေးနွေးဖော်ထုတ် နိုင်ခဲ့ကြပြီး ၎င်းတို့၏ ကိုယ်ပိုင် အတွေ့အခေါ်၊ စိတ်ကူးစိတ်သန်းများ ဖော်ထုတ်ပြီး ၎င်းတို့၏ လုပ်နိုင်စွမ်းအပေါ် ယုံကြည်မှုတည်ဆောက်ခြင်းနှင့် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ လူမှုအဖွဲ့အစည်းများနှင့် ပိုမိုချိတ်ဆက်ကာ ပူးပေါင်းဆောင်ရွက်နိုင်မှု အခွင့်အလမ်းများကို လေ့လာသင်ယူ နိုင်ခဲ့ကြသည်။

ဤဆွေးနွေးပွဲသည် ဘီးမ်ပညာရေးဖောင်ဒေးရှင်းနှင့် JUMP! ဖောင်ဒေးရှင်းတို့၏ ဒုတိယအကြိမ်မြောက် ပူးပေါင်းဆောင်ရွက်မှုဖြစ်သည်။ JUMP! ဖောင်ဒေးရှင်းသည် ကမ္ဘာအနှံ့ လူငယ်ခေါင်းဆောင်မှုဆိုင်ရာ အကြောင်းအရာ လိုအပ်ချက်များကို ဦးတည်အဖြေရှာပံ့ပိုးပေးနိုင်သည့် ပညာရေးဆိုင်ရာ ပရိုဂရမ်များဖြင့် တုန့်ပြန်နိုင်ရန် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုအဖြစ် ၂၀၀၆ ခုနှစ်အတွင်း ဖွဲ့စည်းတည်ထောင်ခဲ့ ခြင်းဖြစ်သည်။ JUMP! ဖောင်ဒေးရှင်းအနေဖြင့် လူငယ်များအား စိန်ခေါ်မှုများအတွက် တစ်ဦးကိုတစ်ဦး အားပေးလှုံ့ဆော်မှုပေးရန်နှင့် ၎င်းတို့၏ လူမှုပတ်ဝန်းကျင်အတွက် ပြောင်းလဲမှုများကို ဖော်ဆောင်နိုင်ရန် အတူတကွပူးပေါင်းပါဝင်ခွင့်ကို ဖန်တီးပေးနိုင်မည့် အခြေအနေ တစ်ရပ်ကို ဦးတည်ဖော်ဆောင်ရာတွင် အဓိကပံ့ပိုးကူညီပေးလျက်ရှိသည်။ JUMP! ဖောင်ဒေးရှင်းနှင့်ပတ်သက်၍ အချက်အလက်များ ထပ်မံသိရှိ လိုပါက http://jumpfoundation.org သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။