Elderly Health Care Course Completion
September 14, 2017
Tailoring training in collaboration with Chiang Mai Polytechnic College
September 26, 2017
BEAM’s Recent Milestones
BEAM Education Foundation envisions local, people-oriented, peaceful, and developed communities in Myanmar and Thailand, which can be sustained by empowering local communities through comprehensive education
BEAM’s Recent Milestones
BEAM Education Foundation envisions local, people-oriented, peaceful, and developed communities in Myanmar and Thailand, which can be sustained by empowering local communities through comprehensive education. BEF observed that many of migrant youth have the potential to be a part of community development, but they are mostly marginalized to access higher education. Through Higher Education Program so far 2017, there have been estimated to be at 120 students at the end of 2016-17 academic year, and about 71% of them are studying at Universities while the rest are working back in their communities as teachers and health care assistants, or in other service sectors. 16 of BEAM’s Higher Education Program students graduated from CMU, Rangsit, Ramkhamhaeng, Assumption and Payap University in 2017 and there will be more students will be graduating in the end of 2017. Through Vocational Education Program so far 2017, migrants who aspire to learn occupational skills are provided with vocational trainings including ICT Literacy, and tailoring, handmade and crochet trainings. BEAM Education Foundation and Chiang Mai Polytechnic College recently signed the Memorandum of Understanding on collaboration to initiate vocational education and short course technical skills on the subject of tailoring and cooking. Information and Community Technology (ICT) Literacy training is provided to enable them to catch up to the rapidly changing world, to provide them with access to information and to promote lifelong learning. Tailoring and crochet trainings are provided to assemble migrant youth, especially women, with income generation skills which can be applicable. There were over 900 students in total who have graduated from BEF’s vocational education program. Milestones 1. Numbers of BEAM Higher Education Program Graduates so far: 123 (After passing GED exams and went through Universities education, this is not included NFE program students since NFE students are still on learning process) 2. Numbers of BEAM Vocational Education Program Graduates so far: 955 (This numbers include graduates from tailoring, handmade and crochet trainings and ICT trainings) 3. Numbers of BEAM students studying in Universities so far: 85 (Universities: CMU, Payap, Rajabhat, Mae Fah Luang, Rangsit, APIU, Thammasat, Khon Kaen, Tak Polytechnic College, Hong Kong University, Myanmar International University and Henry Ford College, USA) 4. Numbers of graduate from Universities so far: 16 (CMU, Payap, Rangsit, Ramkhamhaeng, Assumption)
ဘီမ်း၏ လက်ရှိမိုင်တိုင်များ
ဘီမ်းပညာရေးဖောင်ဒေးရှင်းအနဖြေင့် အားလုံးပါဝင်နိုင်ပြီး ထိရောက်ကျယ်ပြန့်သည့် ပညာရေးအခွင့်အလမ်းများ ပံ့ပိုးပေးမှုမှတဆင့် ဒေသဆိုင်ရာ လူထုအခြပြေုအဖွဲ့အစည်းများအား ပူးပေါင်းပါဝင်စခြေင်းဖြင့် ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံအတွင်း ရေရှည်အကျိုးရှိစွာ တည်တံ့ခိုင်မြဲနိုင်သည့် ဒေသတွင်းလူထုအခြပြေု၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အဓိကထားမျှော်မှန်းဆောင်ရွက်လျက်ရှိသည်။ များစွာသော ရွှေ့ပြောင်းလူငယ်များအနဖြေင့် လူမှုဖွံ့ဖြိုးရေးတိုးတက်မှုကဏ္ဍတွင် တစိတ်တပိုင်းပါဝင်ရန် အလားအလာများစွာရှိသော်လည်း အများစုမှာ အဆင့်မြင့်ပညာရေးနှင့် အသက်မွေးဝမ်းကြောင်းပညာရေးကဏ္ဍတွင် အခွင့်အလမ်းနည်းပါးလျက်ရှိနေသေးကြောင်းကို ဘီမ်းပညာရေးဖောင်ဒေးရှင်းက သတိပြုမိသည်။ ဘီမ်းပညာရေးဖောင်ဒေးရှင်းကို ၂၀၁၀ ခုနှစ်မှစတင်တည်ထောင်ခဲ့ပြီး အဆင့်မြင့်ပညာရေး ပေါင်းကူးသင်တန်းပရိုဂရမ်မှ ယခုနှစ် ၂၀၁၇ ခုနှစ်အထိ ကျောင်းသူ/ကျောင်းသားပေါင်း ၂၀၀ ကျော်ကို အဆင့်မြင့်ပညာရေး ဆက်လက်သင်ယူဆည်းပူးနိုင်ရန် ကူညီပံ့ပိုးပေးနိုင်ခဲ့ပြီး၎င်းတို့ထဲမှ ဂျီအီးဒီအောင်လက်မှတ်ရရှိသူ ၁၂၀ ကျော်ကို မွေးထုတ်ပေးနိုင်ခဲ့သည်။၎င်းတို့ထဲမှ ၇၁% အရေအတွက်ရှိသော ကျောင်းသူ/ကျောင်းသားပေါင်း ၈၈ ယောက်သည် ထိုင်းနိုင်ငံအတွင်းနှင့် နိုင်ငံတကာတက္ကသိုလ်အသီးသီး၌ ဆက်လက်ပညာဆည်းပူးလျက်ရှိပြီး အခြားသော ဂျီအီးဒီအောင်လက်မှတ်ရရှိပြီး တက္ကသိုလ်ဆက်တက်ရန်စောင့်ဆိုင်းနေသူများက၎င်းတို့၏ လူမှုအဖွဲ့အစည်းအတွင်း ဆရာ/ဆရာမအဖြစ်လည်းကောင်း၊ ကျန်းမာရေး ကူညီပံ့ပိုးပေးသူများအဖြစ်လည်းကောင်း၊ အခြားသော ဝန်ဆောင်မှုကဏ္ဍများ၌ ပြန်လည်လုပ်ကိုင်ပေးလျက်ရှိကြသည်။ ၂၀၁၇ ခုနှစ်အတွင်း ဘီမ်းကျောင်းသူ/ကျောင်းသားဟောင်း ၁၆ ယောက်သည် ချင်းမိုင်တက္ကသိုလ်၊ Rangsit တက္ကသိုလ်၊ Ramkhamhaeng တက္ကသိုလ်၊ Assumption တက္ကသိုလ်နှင့် Payap တက္ကသိုလ်များမှ သက်ဆိုင်ရာဘွဲ့အသီးသီးကို ရရှိခဲ့ကြပြီး ၂၀၁၇ ခုနှစ်အကုန်တွင် နောက်ထပ်ဘွဲ့ရကျောင်းသားများ ပေါ်ထွက်လာမည်ဖြစ်သည်။ အသက်မွေးဝမ်းကြောင်းသင်တန်းပရိုဂရမ်မှ ၂၀၁၇ ခုနှစ်အထိ အသက်မွေးဝမ်းကြောင်းဆိုင်ရာ သင်တန်းများကို ဆက်လက်ဆည်းပူးလေ့လာသင်ယူလိုသူ ရွှေ့ပြောင်းလုပ်သားများနှင့် ပညာရေးအခွင့်အလမ်းနည်းပူးသူများအတွက် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) သင်တန်း၊ စက်ချုပ်သင်တန်း၊ လက်မှုပညာနှင့် ခရိုးရှေးသင်တန်းများကို သင်ကြားပို့ချပေးလျက်ရှိသည်။ လတ်တလောတွင် အသက်မွေးဝမ်းကြောင်းသင်တန်းပရိုဂရမ်နှင့် ချင်းမိုင်နည်းပညာကောလိပ်တို့ပူးပေါင်း၍ စက်ချုပ်သင်တန်းနှင့် အချက်အပြုတ်သင်တန်းတိုများ ပူးပေါင်းဖွင့်လှစ်နိုင်ရန် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးထားပြီးဖြစ်သည်။ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (ICT) သင်တန်းကို ယနေ့ခေတ် အလားအလာကောင်းများပိုင်ဆိုင်ထားသောလူငယ်များအား စဉ်ဆက်မပြတ်ပြောင်းလဲ တိုးတက်နေသည့်ခေတ်နှင့်အညီ တစ်ဟုန်ထိုးလိုက်ပါဆည်းပူးနိုင်ရန်နှင့် သတင်းအချက်အလက်များ လွယ်ကူလျင်မြန်စွာ ရယူဆည်းပူးနိုင်ရေးနှင့် ဘဝတသက်တာ သင်ယူလေ့လာမှုကို မြှင့်တင်ပေးရန် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်သည်။ စက်ချုပ်သင်တန်းနည်းပညာနှင့် ခရိုးရှေးလက်မှုပညာသင်တန်းများကို ရွှေ့ပြောင်းလူငယ်များ အထူးသဖြင့် အမျိုးသမီးများအတွက် ဝင်ငွေရရှိနိုင်သည့် အသက်မွေးမှုသင်တန်းကို သင်ယူလေ့လာရင်း လက်တွေ့အသုံးချ ဝင်ငွေရှာဖွေမှုနည်းလမ်းများကို ရရှိအောင် သင်ကြားပို့ချပေးခြင်းဖြစ်သည်။ အသက်မွေးဝမ်းကြောင်းသင်တန်းပရိုဂရမ်မှ ယနေ့အထိ သင်တန်းသူ/သင်တန်းသားပေါင်း ၉၀၀ ကျော်ကို ပံ့ပိုးကူညီပေးနိုင်ခဲ့သည်။
မိုင်တိုင်များ
1. အဆင့်မြင့်ပညာရေး ပေါင်းကူးသင်တန်းပရိုဂရမ်ကို တက်ရောက်အောင်မြင်ပြီးသူ: 123 ယောက် (ဤအရေအတွက်သည် ဂျီအီးဒီပရိုဂရမ်ကို တက်ရောက်အောင်မြင်ပြီးသူများဖြစ်ပြီး ကောစော်နောပရိုဂရမ်မှ အထက်တန်းအောင်မြင်သူအရေအတွက် မပါဝင်ပါ။ ကောစော်နောပရိုဂရမ်အောက်ရှိ အခြေခံပညာရေးအဆင့်အတန်းများ၌ လက်ရှိ ကျောင်းသူ/ကျောင်းသား ၃၃ ယောက် ပညာဆည်းပူးလျက်ရှိပြီး အထက်တန်းအဆင့် အောင်မြင်သူများ လာမည့်နှစ်အနည်းငယ်အကြာတွင် မွေးထုတ်ပေးနိုင်မည်ဖြစ်သည်) 2. အသက်မွေးဝမ်းကြောင်းသင်တန်းပရိုဂရမ်ကို တက်ရောက်အောင်မြင်ပြီးသူ: 955 ယောက် (ဤအရေအတွက်သည် စက်ချုပ်သင်တန်း၊ လက်မှုပညာသင်တန်း၊ ခရိုးရှေးသင်တန်းနှင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာသင်တန်းတို့ကို တက်ရောက်အောင်မြင်ပြီးသူများဖြစ်သည်) 3. တက္ကသိုလ်များ၌ ပညာဆက်လက်ဆည်းပူးနေသူ: 88 ယောက် (တက်ရောက်လျက်ရှိသောတက္ကသိုလ်များ: ချင်းမိုင်တက္ကသိုလ်၊ Payap တက္ကသိုလ်၊ Rajabhat တက္ကသိုလ်၊ Mae Fah Luang တက္ကသိုလ်၊ Rangsit တက္ကသိုလ်၊ APIU တက္ကသိုလ်၊ Thammasat တက္ကသိုလ်၊ Khon Kaen တက္ကသိုလ်၊ တာ့ခ် နည်းပညာကောလိပ်၊ ဟောင်ကောင်တက္ကသိုလ်၊ Myanmar International တက္ကသိုလ်၊ Henry Ford College, USA) 4. တက္ကသိုလ်အသီးသီးမှ ဘွဲ့ရပြီးသူ: 16 ယောက် (ချင်းမိုင်တက္ကသိုလ်၊ Payap တက္ကသိုလ်၊ Rangsit တက္ကသိုလ်၊ Ramkhamhaeng တက္ကသိုလ်၊ Assumption တက္ကသိုလ်)
Leave a Reply
Your email address will not be published. Required fields are marked *