Congratulations CSIP Spring 2018 Recipients
February 16, 2018
ARIArt Workshop Completion at BEAM
February 22, 2018

Bees’ Club

The Bees’ Club was recently founded on December 13, 2017. BEAM alumni youth organized the first club activity and are hoping to welcome more new members who are interested in social, educational, and recreational activities, as well as support services corresponding to their needs and aspirations.

Vision Statement

The vision of Bees’ Club is to promote a better and equal standard of living in society with inclusive and continuous education accessibility.

Mission Statement

The mission of Bees’ Club is to develop and carry moral, cultural, and capacity value among club members and the new generation in order to create an envisioned society.

Objectives

To promote equal and equitable access for a better standard of living.
To enhance inclusive and continuous education access.
Bees’ Club Value

Anti-discrimination
Non-violence
Anti-corruption
Anti-drugs
Respect for one another
Ability to build friendship and leadership
Responsibility and accountability

Projects and Activities

The Bees’ Club members will organize social, educational, and recreational programs. These activities will prepare youth for a brighter future in order to support their own communities. Currently Bees’ Club has 13 members and accepting more new members. We hope you too will join us in supporting this worthy club.

Bees’ လူငယ်ကလပ်အသင်း

Bees’ ကလပ်ကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ဘီမ်းကျောင်းသူ/ကျောင်းသားဟောင်းများ စုစည်းကာ စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ဘီမ်းကျောင်းသူ/ကျောင်းသားဟောင်းများမှ ပထမဆုံးကလပ်လုပ်ဆောင်ချက်ကို ဒီဇင်ဘာလအတွင်း စတင်စုစည်းကျင်းပခဲ့ပြီး အခြားသော စိတ်ပါဝင်စားသူ မည်သူမဆို ကလပ်အသင်းဝင်အဖြစ် ကြိုဆိုလက်ခံလျက်ရှိသည်။ ကလပ်၏ လုပ်ဆောင်ချက်များတွင် လူငယ်များ၏ လိုအပ်ချက်နှင့် အနာဂတ်ရည်မှန်းချက်များကို ဖော်ဆောင်ရာတွင် အထောက်အကူဖြစ်စေမည့် လူမှုရေးဆိုင်ရာ၊ ပညာရေးဆိုင်ရာနှင့် ပျော်ရွှင်ဖွယ်ရာ လူငယ်တွေ့ဆုံပွဲများ မကြာခဏ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ကလပ်မျှော်မှန်းချက်

Bees’ လူငယ်ကလပ်အသင်းဝင် လူငယ်များ၏ မျှော်မှန်းချက်သည် အားလုံးပါဝင်နိုင်သည့် စဉ်ဆက်မပြတ် ပညာရေးဆိုင်ရာ အခွင့်အလမ်းများရရှိမှုအပါအဝင် လူမှုဘဝအတွင်း ပိုမိုကောင်းမွန်ပြီး တန်းတူညီမျှသော လူနေထိုင်မှုအဆင့်အတန်းတစ်ရပ်ကို မြှင့်တင်ရန်ဖြစ်သည်။

ခံယူချက်

Bees’ လူငယ်ကလပ်အသင်ဝင်လူငယ်များသည် အသင်းဝင်လူငယ်များအတွင်း အကျင့်စာရိတ္တဆိုင်ရာ၊ ယဉ်ကျေးမှုပိုင်းဆိုင်ရာနှင့် ၎င်းတို့၏လုပ်နိုင်စွမ်းရှိသည့် ကိုယ်စီတန်ဖိုးကို ဖွံ့ဖြိုးတိုးတက်စေ၍ ၎င်းတို့ ရည်မှန်းထားသည့် လူမှုအသိုင်းအဝိုင်းတစ်ခုကို စိတ်ကြိုက်ပုံဖော်ဖန်တီးရာတွင် အနာဂတ်မျိုးဆက်သစ်များအတွက် ဆောင်ယူသွားနိုင်ရန် အသီးသီးခံယူချက် ထားရှိကြသည်။

ရည်ရွယ်ချက်များ

Bees’ လူငယ်ကလပ်အသင်း၏ ရည်ရွယ်ချက်များမှာ- ပိုမိုကောင်းမွန်သော လူနေထိုင်မှုအဆင့်အတန်းအတွက် တန်းတူရည်တူ သာတူညီမျှဖြစ်ရေးကို ထောက်ကူအားပေးရန် အားလုံးပါဝင်နိုင်သော စဉ်ဆက်မပြတ် ပညာရေးဆိုင်ရာ အခွင့်အလမ်းများ ရရှိမှုအတွက် မြှင့်တင်ရန်

Bees’ ကလပ်၏ တန်ဖိုးများ

ခွဲခြားဆက်ဆံမှုကိုဆန့်ကျင်ရေး
အကြမ်းဖက်မှုကင်းစင်ရေး
အကျင့်ပျက်ခြစားမှုကိုဆန့်ကျင်ရေး
မူးယစ်ဆေးဝါးကိုဆန့်ကျင်ရေး
အပြန်အလှန်လေးစားမှု
ခင်မင်ရင်းနှီးမှုနှင့် ဦးဆောင်နိုင်မှုစွမ်းရည် တည်ဆောက်နိုင်စွမ်း
ဦးစီးဦးဆောင် တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိခြင်း

စီမံကိန်းများနှင့် လုပ်ဆောင်ချက်များ

အနာဂတ်တွင် Bees’ လူငယ်အသင်းဝင်များအနေဖြင့် လူမှုရေးဆိုင်ရာ၊ ပညာရေးဆိုင်ရာနှင့် ပျော်ရွှင်ဖွယ်ရာ လူငယ်တွေ့ဆုံပွဲအစီအစဉ်များကို မကြာခဏ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ဤလုပ်ဆောင်ချက်များမှ လူငယ်များအတွက် ၎င်းတို့၏ကိုယ်ပိုင်လူ့အဖွဲ့အစည်းကို ထောက်ကူပံ့ပိုးပေးနိုင်ရန် ပိုမိုတောက်ပသော အနာဂတ်အတွက် အနာဂတ်ကို ပြင်ဆင်ပေးနိုင်ရန် မျှော်လင့်သည်။ လက်ရှိတွင် Bees’ လူငယ်အသင်းဝင် ၁၃ ယောက်ရှိပြီး အဖွဲ့ဝင်အသစ်များကို လက်ခံကြိုဆိုလျက်ရှိသည်။ ဤလူမှုအကျိုးပြုလုပ်ငန်းများကို ထိရောက်ကျယ်ပြန့်စွာ ဆောင်ရွက်မည့် Bees’ လူငယ်ကလပ်ကို ဝိုင်းဝန်းကူညီပံ့ပိုးကြရန် တိုက်တွန်းပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *