Elderly Health Care Course Completion
February 13, 2018
Activities on the Occasion of International Day of the World’s Indigenous People 2017
February 13, 2018

Capping and Pinning Ceremony – Ying Loongku and Nan Sanda Aye

On 19 August 2017, two BEAM GED alumni students finished an important step to become international nurses: the Capping and Pinning Ceremony at Faculty of Nursing, Chiang Mai University

Capping and Pinning Ceremony – Ying Loongku and Nan Sanda Aye

On 19 August 2017, two BEAM GED alumni students finished an important step to become international nurses: the Capping and Pinning Ceremony at Faculty of Nursing, Chiang Mai University. The Capping and Pinning Ceremony celebrates the students for achieving academic knowledge and basic nursing skills so they can now practice in hospitals with real patients. Ying Loongku shares her experiences in studying Nursing: “The experience of the first and the second year would focus on the lectures and having the knowledge and understanding of the medical principles and nursing skills. For me there is a big difference between studying in the class and practicing in the hospital, because in the classroom we just needed to focus on understanding the concept; however, in the practicum ward, nursing students have to apply the skills that we have learned in the class to care of real patients. We need to be very careful and need to prepare very well as it is about people’s life.” Ying adds: “I am happy that I am half way to achieve my goal and to graduate with the Bachelor of Nursing in the next two years. A cap on our head means that we have more responsibilities and know that we have to do our best to care for the patients. I am happy that I am one of the students to receive the cap this year. In the future, I would like to work as a nurse for Shan people in my community and on the border.” Nan Sanda Aye shares her experiences: “As a nursing student, the capping ceremony is very important to me because I have been working hard to get to this point. Capping means I have skills that I can practice in the hospital with my superior.” “My future plan is to go back to my country and be a good nurse for those who need help for their health and wellness.” Congratulations Ying Loongku and Nan Sanda Aye! We’re all so proud of you!

သူနာျပဳကက္ဦးထုပ္ေဆာင္းျခင္းႏွင့္ ပင္အပ္ထိုးျခင္း အခမ္းအနား – ယိင္းေလာင္းကူႏွင့္ နန္းစႏၵာေအး


၂၀၁၇ ခုႏွစ္၊ ၾသဂုတ္လ ၁၉ ရက္ေန႔တြင္ ဘီမ္းပညာေရးေဖာင္ေဒးရွင္း၏ ဂ်ီအီးဒီပ႐ိုဂရမ္မွတက္ေရာက္ၿပီးေျမာက္သြားသူ ေက်ာင္းသူႏွစ္ဦးျဖစ္ေသာ ယိင္းႏွင့္ စႏၵာတို႔သည္ ခ်င္းမိုင္တကၠသိုလ္၊ ႏိုင္ငံတကာသူနာျပဳဌာန၌ ၂ ႏွစ္ၾကာ ပညာသင္ယူ ၿပီးေနာက္ သူနာျပဳကက္ဦးထုပ္ေဆာင္းျခင္းႏွင့္ ပင္အပ္ထိုးျခင္း အခမ္းအနားသို႔ တက္ေရာက္ႏိုင္ခဲ့ၾကၿပီး ႏိုင္ငံတကာ အဆင့္မီ သူနာျပဳတစ္ေယာက္ျဖစ္လာရန္ အဆင့္တစ္ခု ၿပီးေျမာက္ခဲ့ၿပီျဖစ္သည္။ အဆိုပါ အခမ္းအနားသည္ သူနာျပဳ တကၠသိုလ္ေက်ာင္းသား/ေက်ာင္းသူမ်ားအတြက္ လမ္းတဝက္သို႔ေရာက္ရွိလာၿပီျဖစ္ေၾကာင္း အသိအမွတ္ျပဳျခင္းျဖစ္ၿပီး က်န္းမာေရးဆိုင္ရာ ပညာေရးႏွင့္ သူနာျပဳကၽြမ္းက်င္မႈမ်ား၌ ဗဟုသုတမ်ား ဆည္းပူးရရွိၿပီး၍ ေဆး႐ံုမ်ား၌ လူနာမ်ားႏွင့္ တကယ့္လက္ေတြ႔ ေလ့က်င့္သင္ယူႏိုင္မည့္ အခြင့္အေရးကို ရရွိလာမည္ျဖစ္သည္။ ယိင္းက သူနာျပဳဘာသာရပ္ကိုေလ့လာရျခင္းႏွင့္ပတ္သက္ၿပီး ယခုလို အေတြ႔အႀကံဳမွ်ေဝသည္- “ပထမႏွစ္နဲ႔ ဒုတိယႏွစ္ေတြမွာ ႀကံဳေတြ႔ရတာကေတာ့ ေဆးဝါးနဲ႔ ကုသမႈဆိုင္ရာ အေျခခံသေဘာတရားမ်ားနဲ႔ သူနာျပဳ ကၽြမ္းက်င္မႈဆိုင္ရာ နည္းလမ္းမ်ားကို ေလ့လာသင္ယူရပါတယ္။ က်မအတြက္ကေတာ့ စာသင္ခန္းထဲမွာ သင္ရတာနဲ႔ ေဆး႐ံုမွာလက္ေတြ႔ဆင္းရတာ အေတာ္ေလးကို ျခားနားတာကိုေတြ႔ရတယ္။ ဘာေၾကာင့္လဲဆိုေတာ့ စာသင္ခန္းေတြမွာက ေဆးဝါးဆိုင္ရာ ပညာရပ္ေတြကို အဓိကထားၿပီး စာေတြ႔နားလည္ေအာင္ သင္ယူရပါတယ္။ ဒါေပမယ့္လည္း ေဆး႐ံုမွာ လူနာေတြနဲ႔ တကယ္ထိေတြ႔ၿပီး သင္ယူေလ့လာရတဲ့အခါမွာ စာသင္ခန္းထဲက သီအိုရီေတြက အေထာက္အကူျဖစ္ၿပီး လက္ေတြ႔အသံုးခ်ခြင့္ကိုရရွိပါတယ္။ ေဆးဝါးကုသျခင္းဆိုင္ရာဘာသာရပ္က လူေတြရဲ႕ အသက္ကို ကယ္တင္ရတဲ့ အလုပ္ျဖစ္တဲ့အတြက္ အင္မတန္ဂ႐ုတစိုက္နဲ႔ တကယ္တတ္ေျမာက္နားလည္ေအာင္ ေလ့လာသင္ယူဖို႔ အရမ္းအေရးႀကီး ပါတယ္။” ယိင္းက ဆက္လက္ၿပီး “ေနာက္ ၂ ႏွစ္ၾကာရင္ သူနာျပဳကၽြမ္းက်င္မႈဆိုင္ရာ ဘြဲ႔တစ္ခုကိုရေတာ့မွာျဖစ္တဲ့အတြက္ ယခု ဒီအခမ္းအနားက က်မရဲ႕ရည္မွန္းခ်က္ တစ္ဝက္ၿပီးေျမာက္ေအာင္ျမင္ၿပီျဖစ္လို႔ အရမ္းေပ်ာ္တယ္။ က်မတို႔ေခါင္းေပၚမွာ ဒီသူနာျပဳကက္ဦးထုပ္ကို တင္လိုက္ၿပီဆိုတဲ့အဓိပၸါယ္က လူနာေတြကို အေကာင္းဆံုးဝန္ေဆာင္မႈနဲ႔ ၾကည့္႐ႈေစာင့္ေရွာက္ ကုသေပးဖို႔ က်မတို႔မွာ တာဝန္ပိုရွိလာတယ္လို႔ခံစားရၿပီး ဒီႏွစ္ ဒီသူနာျပဳကက္ဦးထုပ္ကို ေဆာင္းခြင့္ရတဲ့ ေက်ာင္းသူ တစ္ေယာက္ျဖစ္ရတာကို အရမ္းေပ်ာ္႐ႊင္ေက်နပ္တယ္။ ဘြဲ႔ရၿပီးရင္ က်မရဲ႕ကိုယ္ပိုင္လူမႈအသိုင္းအဝိုင္းျဖစ္တဲ့ ရွမ္းျပည္နယ္ နဲ႔ နယ္စပ္ေဒသေတြမွာ သူနာျပဳလုပ္ငန္းေတြကို ေဆာင္႐ြက္သြားဖို႔ ရည္႐ြယ္ထားတယ္။” စႏၵာကလည္း သူနာျပဳဘာသာရပ္ကိုေလ့လာရျခင္းႏွင့္ပတ္သက္ၿပီး သူမရဲ႕အေတြ႔အႀကံဳကိုမွ်ေဝပါတယ္- “သူနာျပဳ တစ္ေယာက္ျဖစ္လာမယ့္ က်မအတြက္ ဒီအခမ္းအနားက အင္မတန္အေရးႀကီးၿပီး ဒီလိုအေျခအေနကိုေရာက္လာဖို႔ က်မ ခက္ခက္ခဲခဲ ႀကိဳးပမ္းအားထုတ္လာခဲ့ရတာပါ။ သူနာျပဳကက္ဦးထုပ္ေဆာင္းခြင့္ရရွိခဲ့တာက က်မရဲ႕ စာသင္ခန္းထဲက သီအိုရီ၊ အေတြ႔အႀကံဳနဲ႔ ဗဟုသုတေတြကို ေဆး႐ံုေတြမွာ က်မတို႔ရဲ႕ ဆရာသမားေတြနဲ႔အတူ တကယ့္လက္ေတြ႔အသံုးခ် ေလ့လာဆည္းပူးခြင့္ရမယ့္ အခြင့္အေရးပဲျဖစ္ပါတယ္။” “က်မရဲ႕အနာဂတ္ရည္မွန္းခ်က္က က်မရဲ႕မိခင္ႏိုင္ငံျဖစ္တဲ့ ျမန္မာႏိုင္ငံကိုျပန္သြားၿပီး က်န္းမာေရးဆိုင္ရာ အခက္အခဲ ႀကံဳေတြ႔ေနရသူေတြအတြက္ သူနာျပဳေကာင္းတစ္ေယာက္ျဖစ္ဖို႔ပါပဲ။” သူနာျပဳကက္ဦးထုပ္ေဆာင္းခြင့္ရတဲ့အတြက္ ယိင္းႏွင့္ စႏၵာတို႔အား ဘီမ္းပညာေရးေဖာင္ေဒးရွင္းမွ ဂုဏ္ယူလိႈက္လွဲစြာ ဂုဏ္ျပဳအပ္ပါသည္။

သူနာပြုကက်ဦးထုပ်ဆောင်းခြင်းနှင့် ပင်အပ်ထိုးခြင်း အခမ်းအနား – ယိင်းလောင်းကူနှင့် နန်းစန္ဒါအေး


၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့တွင် ဘီမ်းပညာရေးဖောင်ဒေးရှင်း၏ ဂျီအီးဒီပရိုဂရမ်မှတက်ရောက်ပြီးမြောက်သွားသူ ကျောင်းသူနှစ်ဦးဖြစ်သော ယိင်းနှင့် စန္ဒါတို့သည် ချင်းမိုင်တက္ကသိုလ်၊ နိုင်ငံတကာသူနာပြုဌာန၌ ၂ နှစ်ကြာ ပညာသင်ယူ ပြီးနောက် သူနာပြုကက်ဦးထုပ်ဆောင်းခြင်းနှင့် ပင်အပ်ထိုးခြင်း အခမ်းအနားသို့ တက်ရောက်နိုင်ခဲ့ကြပြီး နိုင်ငံတကာ အဆင့်မီ သူနာပြုတစ်ယောက်ဖြစ်လာရန် အဆင့်တစ်ခု ပြီးမြောက်ခဲ့ပြီဖြစ်သည်။ အဆိုပါ အခမ်းအနားသည် သူနာပြု တက္ကသိုလ်ကျောင်းသား/ကျောင်းသူများအတွက် လမ်းတဝက်သို့ရောက်ရှိလာပြီဖြစ်ကြောင်း အသိအမှတ်ပြုခြင်းဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ ပညာရေးနှင့် သူနာပြုကျွမ်းကျင်မှုများ၌ ဗဟုသုတများ ဆည်းပူးရရှိပြီး၍ ဆေးရုံများ၌ လူနာများနှင့် တကယ့်လက်တွေ့ လေ့ကျင့်သင်ယူနိုင်မည့် အခွင့်အရေးကို ရရှိလာမည်ဖြစ်သည်။ ယိင်းက သူနာပြုဘာသာရပ်ကိုလေ့လာရခြင်းနှင့်ပတ်သက်ပြီး ယခုလို အတွေ့အကြုံမျှဝေသည်- “ပထမနှစ်နဲ့ ဒုတိယနှစ်တွေမှာ ကြုံတွေ့ရတာကတော့ ဆေးဝါးနဲ့ ကုသမှုဆိုင်ရာ အခြေခံသဘောတရားများနဲ့ သူနာပြု ကျွမ်းကျင်မှုဆိုင်ရာ နည်းလမ်းများကို လေ့လာသင်ယူရပါတယ်။ ကျမအတွက်ကတော့ စာသင်ခန်းထဲမှာ သင်ရတာနဲ့ ဆေးရုံမှာလက်တွေ့ဆင်းရတာ အတော်လေးကို ခြားနားတာကိုတွေ့ရတယ်။ ဘာကြောင့်လဲဆိုတော့ စာသင်ခန်းတွေမှာက ဆေးဝါးဆိုင်ရာ ပညာရပ်တွေကို အဓိကထားပြီး စာတွေ့နားလည်အောင် သင်ယူရပါတယ်။ ဒါပေမယ့်လည်း ဆေးရုံမှာ လူနာတွေနဲ့ တကယ်ထိတွေ့ပြီး သင်ယူလေ့လာရတဲ့အခါမှာ စာသင်ခန်းထဲက သီအိုရီတွေက အထောက်အကူဖြစ်ပြီး လက်တွေ့အသုံးချခွင့်ကိုရရှိပါတယ်။ ဆေးဝါးကုသခြင်းဆိုင်ရာဘာသာရပ်က လူတွေရဲ့ အသက်ကို ကယ်တင်ရတဲ့ အလုပ်ဖြစ်တဲ့အတွက် အင်မတန်ဂရုတစိုက်နဲ့ တကယ်တတ်မြောက်နားလည်အောင် လေ့လာသင်ယူဖို့ အရမ်းအရေးကြီး ပါတယ်။” ယိင်းက ဆက်လက်ပြီး “နောက် ၂ နှစ်ကြာရင် သူနာပြုကျွမ်းကျင်မှုဆိုင်ရာ ဘွဲ့တစ်ခုကိုရတော့မှာဖြစ်တဲ့အတွက် ယခု ဒီအခမ်းအနားက ကျမရဲ့ရည်မှန်းချက် တစ်ဝက်ပြီးမြောက်အောင်မြင်ပြီဖြစ်လို့ အရမ်းပျော်တယ်။ ကျမတို့ခေါင်းပေါ်မှာ ဒီသူနာပြုကက်ဦးထုပ်ကို တင်လိုက်ပြီဆိုတဲ့အဓိပ္ပါယ်က လူနာတွေကို အကောင်းဆုံးဝန်ဆောင်မှုနဲ့ ကြည့်ရှုစောင့်ရှောက် ကုသပေးဖို့ ကျမတို့မှာ တာဝန်ပိုရှိလာတယ်လို့ခံစားရပြီး ဒီနှစ် ဒီသူနာပြုကက်ဦးထုပ်ကို ဆောင်းခွင့်ရတဲ့ ကျောင်းသူ တစ်ယောက်ဖြစ်ရတာကို အရမ်းပျော်ရွှင်ကျေနပ်တယ်။ ဘွဲ့ရပြီးရင် ကျမရဲ့ကိုယ်ပိုင်လူမှုအသိုင်းအဝိုင်းဖြစ်တဲ့ ရှမ်းပြည်နယ် နဲ့ နယ်စပ်ဒေသတွေမှာ သူနာပြုလုပ်ငန်းတွေကို ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားတယ်။” စန္ဒါကလည်း သူနာပြုဘာသာရပ်ကိုလေ့လာရခြင်းနှင့်ပတ်သက်ပြီး သူမရဲ့အတွေ့အကြုံကိုမျှဝေပါတယ်- “သူနာပြု တစ်ယောက်ဖြစ်လာမယ့် ကျမအတွက် ဒီအခမ်းအနားက အင်မတန်အရေးကြီးပြီး ဒီလိုအခြေအနေကိုရောက်လာဖို့ ကျမ ခက်ခက်ခဲခဲ ကြိုးပမ်းအားထုတ်လာခဲ့ရတာပါ။ သူနာပြုကက်ဦးထုပ်ဆောင်းခွင့်ရရှိခဲ့တာက ကျမရဲ့ စာသင်ခန်းထဲက သီအိုရီ၊ အတွေ့အကြုံနဲ့ ဗဟုသုတတွေကို ဆေးရုံတွေမှာ ကျမတို့ရဲ့ ဆရာသမားတွေနဲ့အတူ တကယ့်လက်တွေ့အသုံးချ လေ့လာဆည်းပူးခွင့်ရမယ့် အခွင့်အရေးပဲဖြစ်ပါတယ်။” “ကျမရဲ့အနာဂတ်ရည်မှန်းချက်က ကျမရဲ့မိခင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံကိုပြန်သွားပြီး ကျန်းမာရေးဆိုင်ရာ အခက်အခဲ ကြုံတွေ့နေရသူတွေအတွက် သူနာပြုကောင်းတစ်ယောက်ဖြစ်ဖို့ပါပဲ။” သူနာပြုကက်ဦးထုပ်ဆောင်းခွင့်ရတဲ့အတွက် ယိင်းနှင့် စန္ဒါတို့အား ဘီမ်းပညာရေးဖောင်ဒေးရှင်းမှ ဂုဏ်ယူလှိုက်လှဲစွာ ဂုဏ်ပြုအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *