Congratulations University Graduate
February 12, 2018
BEAM/JUMP! Youth Conference: Welding Ideas for Sustainable Existence (WISE)
February 13, 2018

Chiang Mai Citylife Garden Fair 2017

On 25th November 2017, BEAM Education Foundation joined the Chiang Mai Citylife Garden Fair held at the CMU Art Museum. This event is Citylife’s annual charity fair and all of the proceeds will be used to support community development projects

Chiang Mai Citylife Garden Fair 2017

On 25th November 2017, BEAM Education Foundation joined the Chiang Mai Citylife Garden Fair held at the CMU Art Museum. This event is Citylife’s annual charity fair and all of the proceeds will be used to support community development projects in Chiang Mai. Many of the projects support children’s safety, health, and education. The Community Service Internship Program of BEAM Education Foundation was one of eight charity beneficiaries for this year. There were 350 booths selling crafts, food, drinks, Christmas gifts and other goods. Entertainment was provided by several great local bands and acts. And an art exhibition with world class Thai and international artists was on display. BEAM’s vocational products and Christmas items were also sold at the event. From the entire BEAM team, we are so thankful to Citylife, our partners, and volunteer students and BEAM members for their great support at the Garden Fair.

ခ်င္းမိုင္ Citylife ကုန္စည္ျပပြဲ (၂၀၁၇ ခုႏွစ္)


၂၀၁၇ ခုႏွစ္၊ ႏိုဝင္ဘာလ ၂၅ ရက္ေန႔၌ ခ်င္းမိုင္ Citylife အဖြဲ႔မွ ႀကီးမွဴးက်င္းပသည့္ ကုန္စည္ျပပြဲကို ဘီမ္းပညာေရးေဖာင္ေဒးရွင္းမွ ပူးေပါင္းပါဝင္ခဲ့သည္။ အဆိုပါ ကုန္စည္ျပပြဲကို ခ်င္းမိုင္တကၠသိုလ္၏ ယဥ္ေက်းမႈ အႏုပညာျပတိုက္တြင္ က်င္းပခဲ့ျခင္းျဖစ္သည္။ ဤကုန္စည္ျပပြဲသည္ Citylife အဖြဲ႔၏ ခ်င္းမိုင္ၿမိဳ႕ရွိ လူထုအက်ဳိးျပဳစီမံကိန္းမ်ားအား ေငြေၾကးဆိုင္ရာအေထာက္အပံ့ေပးႏိုင္ရန္ ႏွစ္စဥ္က်င္းပျပဳလုပ္သည့္ အစီအစဥ္ျဖစ္ၿပီး ကုန္စည္ျပပြဲမွ ရရွိလာသည့္ ေထာက္ပံ့ေၾကးေငြမ်ားကို အဆိုပါစီမံကိန္းမ်ားသို႔ ခြဲေဝပံ့ပိုး ေပးျခင္းျဖစ္သည္။ စီမံကိန္းအမ်ားစုတြင္ ကေလးမ်ား၏ ေဘးကင္းလံုၿခံဳေရး၊ က်န္းမာေရးႏွင့္ ပညာေရးဆိုင္ရာ ပံ့ပိုးမႈမ်ားပါဝင္သည္။ ဘီမ္းပညာေရးေဖာင္ေဒးရွင္း၏ Community Service Internship Program (CSIP) သည္ ၂၀၁၇ ခုႏွစ္အတြက္ ေငြေၾကးအေထာက္အပံ့ရရွိမည့္အဖြဲ႔ ရွစ္ဖြဲ႔ထဲမွ တစ္ဖြဲ႔အပါအဝင္အျဖစ္ ေ႐ြးခ်ယ္ျခင္း ခံရသည္။ ကုန္စည္ျပပြဲအတြင္း လက္မႈပညာသံုး အႏုပညာပစၥည္းမ်ား၊ အစားအေသာက္မ်ား၊ ခရစၥမတ္ လက္ေဆာင္ပစၥည္းမ်ားႏွင့္ အျခား လူသံုးကုန္ပစၥည္းမ်ားကို ဆိုင္ခန္းေပါင္း ၃၅၀ ျဖင့္ ေရာင္းခ်ခဲ့ၾကသည္။ ခ်င္းမိုင္ၿမိဳ႕ရွိ နာမည္ႀကီး ေတးဂီတအဖြဲ႔မ်ား၏ ေဖ်ာ္ေျဖေရးအစီအစဥ္မ်ားအျပင္ ထိုင္းႏွင့္ ႏိုင္ငံတကာမွ ပန္းခ်ီဆရာမ်ား၏ ကမၻာ့အဆင့္မီလက္ရာမ်ားကိုလည္း ပါဝင္ျပသခဲ့သည္။ ကုန္စည္ျပပြဲအတြင္း ဘီမ္းပညာေရး ေဖာင္ေဒးရွင္း၏ အသက္ေမြးဝမ္းေၾကာင္းပ႐ိုဂရမ္မွ ေက်ာင္းသူ/ေက်ာင္းသားမ်ား၏ ထုတ္ကုန္ပစၥည္းမ်ား ကိုလည္း ခင္းက်င္းျပသ ေရာင္းခ်ႏိုင္ခဲ့သည္။ ဘီမ္းပညာေရးေဖာင္ေဒးရွင္းမွ Citylife အဖြဲ႔ႏွင့္တကြ ကုန္စည္ျပပြဲအတြင္း ကူညီပံ့ပိုးေပးခဲ့ၾကေသာ အသက္ေမြးဝမ္းေၾကာင္းပ႐ိုဂရမ္အဖြဲ႔ဝင္မ်ားႏွင့္ ေစတနာ့ဝန္ထမ္း လုပ္အားေပး ေက်ာင္းသူ/ေက်ာင္းသားမ်ား၊ ဘီမ္းအဖြဲ႔ဝင္အားလံုးကို အထူးပင္ ေက်းဇူးတင္ရွိပါသည္။

ချင်းမိုင် Citylife ကုန်စည်ပြပွဲ (၂၀၁၇ ခုနှစ်)


၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့၌ ချင်းမိုင် Citylife အဖွဲ့မှ ကြီးမှူးကျင်းပသည့် ကုန်စည်ပြပွဲကို ဘီမ်းပညာရေးဖောင်ဒေးရှင်းမှ ပူးပေါင်းပါဝင်ခဲ့သည်။ အဆိုပါ ကုန်စည်ပြပွဲကို ချင်းမိုင်တက္ကသိုလ်၏ ယဉ်ကျေးမှု အနုပညာပြတိုက်တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ ဤကုန်စည်ပြပွဲသည် Citylife အဖွဲ့၏ ချင်းမိုင်မြို့ရှိ လူထုအကျိုးပြုစီမံကိန်းများအား ငွေကြေးဆိုင်ရာအထောက်အပံ့ပေးနိုင်ရန် နှစ်စဉ်ကျင်းပပြုလုပ်သည့် အစီအစဉ်ဖြစ်ပြီး ကုန်စည်ပြပွဲမှ ရရှိလာသည့် ထောက်ပံ့ကြေးငွေများကို အဆိုပါစီမံကိန်းများသို့ ခွဲဝေပံ့ပိုး ပေးခြင်းဖြစ်သည်။ စီမံကိန်းအများစုတွင် ကလေးများ၏ ဘေးကင်းလုံခြုံရေး၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ ပံ့ပိုးမှုများပါဝင်သည်။ ဘီမ်းပညာရေးဖောင်ဒေးရှင်း၏ Community Service Internship Program (CSIP) သည် ၂၀၁၇ ခုနှစ်အတွက် ငွေကြေးအထောက်အပံ့ရရှိမည့်အဖွဲ့ ရှစ်ဖွဲ့ထဲမှ တစ်ဖွဲ့အပါအဝင်အဖြစ် ရွေးချယ်ခြင်း ခံရသည်။ ကုန်စည်ပြပွဲအတွင်း လက်မှုပညာသုံး အနုပညာပစ္စည်းများ၊ အစားအသောက်များ၊ ခရစ္စမတ် လက်ဆောင်ပစ္စည်းများနှင့် အခြား လူသုံးကုန်ပစ္စည်းများကို ဆိုင်ခန်းပေါင်း ၃၅၀ ဖြင့် ရောင်းချခဲ့ကြသည်။ ချင်းမိုင်မြို့ရှိ နာမည်ကြီး တေးဂီတအဖွဲ့များ၏ ဖျော်ဖြေရေးအစီအစဉ်များအပြင် ထိုင်းနှင့် နိုင်ငံတကာမှ ပန်းချီဆရာများ၏ ကမ္ဘာ့အဆင့်မီလက်ရာများကိုလည်း ပါဝင်ပြသခဲ့သည်။ ကုန်စည်ပြပွဲအတွင်း ဘီမ်းပညာရေး ဖောင်ဒေးရှင်း၏ အသက်မွေးဝမ်းကြောင်းပရိုဂရမ်မှ ကျောင်းသူ/ကျောင်းသားများ၏ ထုတ်ကုန်ပစ္စည်းများ ကိုလည်း ခင်းကျင်းပြသ ရောင်းချနိုင်ခဲ့သည်။ ဘီမ်းပညာရေးဖောင်ဒေးရှင်းမှ Citylife အဖွဲ့နှင့်တကွ ကုန်စည်ပြပွဲအတွင်း ကူညီပံ့ပိုးပေးခဲ့ကြသော အသက်မွေးဝမ်းကြောင်းပရိုဂရမ်အဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း လုပ်အားပေး ကျောင်းသူ/ကျောင်းသားများ၊ ဘီမ်းအဖွဲ့ဝင်အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *