Workshop organized by MAP Foundation
January 25, 2017
ARI’s Art Workshop at BEAM
January 26, 2017

Community Needs Analysis Workshop

On 24th January 2017, BEAM organized a community need analysis workshop at BEAM Education Foundation with 13 organizations who work with migrants and refugees in Chiang Mai.

Community Needs Analysis Workshop


On 24th January 2017, BEAM organized a community need analysis workshop at BEAM Education Foundation with 13 organizations who work with migrants and refugees in Chiang Mai. In 2016, BEAM observed changes in migration and educational provisions for migrants. In order to continue addressing our community’s need, BEAM assumed that collective needs analysis was very important for BEAM, as well as, the migrant community based organizations. Thus, BEAM organized a community consultation meeting. In discussion sessions, topics included migrant education, information session, educational need analysis for migrant community and potential collaboration among organizations. We also discussed how to collaborate and where we can support each other’s efforts with new ways to work together so that we can evolve, using the best practices to serve our community. In 2017, BEAM will focus on its projects toward community consultation in a workshop based on their needs. Since 2010, BEAM has addressed the educational needs of migrant children and youth. BEAM envisions local, people-oriented, peaceful, and developed communities in Myanmar and Thailand, which can be sustained by empowering local communities through comprehensive education. BEAM believes that migrant youth have the potential to be a part of the larger community development in Thailand, Myanmar, and ASEAN but are facing barriers due to lack of proper access to vocational and higher education.

လူမှုအဖွဲ့အစည်းလိုအပ်ချက်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ


၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ရွှေ့ပြောင်းလူထုအခြေပြု လူမှုအဖွဲ့အစည်းလိုအပ်ချက်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ချင်းမိုင်မြို့ရှိ ရွှေ့ပြောင်းအလုပ်သမားနှင့် ဒုက္ခသည်များအတွက် ပံ့ပိုးပေးနေကြသော အဖွဲ့အစည်း ၁၃ ခုနှစ်နှင့်အတူ ဘီမ်းပညာရေးဖောင်ဒေးရှင်း၌ ကျင်းပခဲ့သည်။ ၂၀၁၆ ခုနှစ်အတွင်း ရွှေ့ပြောင်းလုပ်သားများအတွက် ရွှေ့ပြောင်းနေထိုင်ခြင်းနှင့် ပညာရေးဆိုင်ရာ ဥပဒေပြဌာန်းချက်များ ပြောင်းလဲလာကြောင်း ကျွန်ုပ်တို့ သတိပြုလေ့လာမိသည်။ လူမှုအဖွဲ့အစည်းဆိုင်ရာလိုအပ်ချက်အတိုင်း ဦးတည်ပံ့ပိုးမှု ပေးနိုင်ရန်အတွက် ဘီမ်းပညာရေးဖောင်ဒေးရှင်းအတွက် လိုအပ်ချက်ဆိုင်ရာ စိတ်ဖြာလေ့လာမှုအတွက် စုပေါင်းအဖြေရှာမှု တရပ်လိုအပ်သည့်အပြင် ရွှေ့ပြောင်းလူမှုအဖွဲ့အစည်းအခြေပြု အဖွဲ့အစည်းများအတွက်လည်း သက်ဆိုင်ရာ ဝန်ဆောင် ပံ့ပိုးမှုများပေးနိုင်ရန် ယူဆမိပါသည်။ ဤအကြောင်းအရာကြောင့် ဘီမ်းပညာရေးဖောင်ဒေးရှင်းမှ လူမှုအဖွဲ့အစည်းဆိုင်ရာ ဆွေးနွေးညှိနှိုင်းပွဲတရပ်ကို ကျင်းပခြင်းဖြစ်သည်။ ဆွေးနွေးပွဲအတွင်း ရွှေ့ပြောင်းအလုပ်သမားအတွက် ပညာရေး၊ သတင်းအချက်အလက်ဖြန့်ဝေခြင်း၊ ရွှေ့ပြောင်းလူထု အခြေပြုလူ့အဖွဲ့အစည်းများအတွက် ပညာရေးဆိုင်ရာလိုအပ်ချက်နှင့် အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေများနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။ အဖွဲ့အစည်းများအချင်းချင်း အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုဖြင့် ရွှေ့ပြောင်းလူထုအတွက် အကောင်းဆုံးနှင့်အထိရောက်ဆုံး ပံ့ပိုးကူညီပေးနိုင်မှုဆိုင်ရာနည်းလမ်းများကိုလည်း ဆွေးနွေးခဲ့သည်။ ၂၀၁၇ ခုနှစ်အတွင်း ဘီမ်းပညာရေးဖောင်ဒေးရှင်းအနေဖြင့် ယခု ဆွေးနွေးပွဲမှပေါ်ထွက်လာသည့် အစီအစဉ်အတိုင်း ရွှေ့ပြောင်းလူထုအခြေပြုအဖွဲ့အစည်းများ၏ လိုအပ်ချက်ပေါ်အခြေခံ၍ ပရိုဂရမ်များကို အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်သည်။ ၂၀၁၀ ခုနှစ်မှစတင်ပြီး ဘီမ်းပညာရေးဖောင်ဒေးရှင်းမှ ရွှေ့ပြောင်းကလေးငယ်များနှင့် လူငယ်များအတွက် ပညာရေးဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိသည်။ ဘီမ်းပညာရေးဖောင်ဒေးရှင်းမှ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ နှစ်နိုင်ငံအတွင်း ဒေသတွင်းလူထုအား အခြေပြုရေး၊ ငြိမ်းချမ်းရေးနှင့် လူမှုအဖွဲ့အစည်းများ တိုးတက်ဖွံ့ဖြိုးရေးအတွက် ရှေးရှုမျှော်မှန်းလျက် အားလုံးပါဝင်နိုင်သောပညာရေး အခွင့်အလမ်းမှတဆင့် ဒေသတွင်းလူမှုအဖွဲ့အစည်းများအား ပံ့ပိုးပေးခြင်းဖြင့် ဆောင်ရွက်လျက်ရှိသည်။ ရွှေ့ပြောင်းလူငယ်များသည် ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံနှင့် အာဆီယံဒေသအတွင်း တိုးတက်ဖွံ့ဖြိုးသည့် လူမှုအဖွဲ့အစည်းအတွင်း၏ တစိတ်တပိုင်းအဖြစ် ပါဝင်နိုင်ရန် အလားအလာရှိသည်ဟု ဘီမ်းပညာရေးဖောင်ဒေးရှင်းမှ ယုံကြည်ထားသည်။ သို့သော်လည်း ရွှေ့ပြောင်းလူငယ်များအတွက် အသက်မွေးဝမ်းကြောင်းနှင့် အဆင့်မြင့်ပညာရေးသို့ ဝင်ရောက်ခွင့် အခွင့်အလမ်းနည်းပါးနေသည့်အတွက် အခက်အခဲများ ရင်ဆိုင်ရလျက်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *