Consultation Training for Legal Employment in Thailand

On 20th July, 2017, BEAM Education Foundation, in collaboration with MAP Foundation, conducted a workshop on Consultation Training for Legal Employment in Thailand. During the first part of the training, BEAM’s Foundation Director Mr. Kyaw Kyaw Min Htut explained and reviewed migration in Thailand in detail. Following his speech, Lawyer Chang, from MAP Foundation, shared “Understanding the new Royal Decree” and recent laws issued for migrant labor from Cambodia, Laos, and Myanmar.

In the afternoon, Khun Pim from MAP Foundation led a session on  “Understanding the Necessary Documents and Processes of Work Permit Application” The facilitator divided participants into groups and had them brainstorm the issues of legal status for employment in Thailand The participants discussed the different ways they can legally work in Thailand. The discussion covered questions and answers on how to prepare to legally work in Thailand, how to apply and extend existing documents (such as pink cards, passports, Temporary Passport, Travel Document, Certificate of Identity, Non-Immigrant L-A, visas or work permits), and how to change employers.

Migrants from Myanmar are employed all over Thailand in many different types of work. Both men and women work in construction, agriculture, horticulture, animal husbandry, and the manufacturing and food processing industry. Women also work as domestic workers and caretakers in private households or cleaners in large institutions. In fisheries, men generally work on the fishing boats, while women sort and clean the fish.

Thank you to Lawer Chang and Khun Pim from MAP Foundation for providing and sharing a wonderful information session on recent laws and procedures on passport, temporary passport, pink card, work permit and visa process with BEAM members and students, migrant workers, and employers.

For more information you can contact the Department of Employment in every province at Call Center 1694 OR MAP Foundation.  Download for necessary information.

 


ထိုင်းနိုင်ငံအတွင်း တရားဝင်အလုပ်လုပ်ခွင့်ရရှိရေး အကြံပေး သင်တန်း

၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် ဘီမ်းပညာရေးဖောင်ဒေးရှင်းနှင့် မက်ပ် ဖောင်ဒေးရှင်းတို့ပူးပေါင်းလျက် ထိုင်းနိုင်ငံအတွင်း တရားဝင်အလုပ်လုပ်ခွင့်ရရှိရေးဆိုင်ရာ အကြံပေးသင်တန်းကို ဘီမ်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ သင်တန်းပထမပိုင်း၌ ဘီမ်းဖောင်ဒေးရှင်းဒါရိုက်တာ ဦးကျော်ကျော်မင်းထွဋ်မှ တစ်နေရာမှတစ်နေရာသို့ ရွှေ့ပြောင်းနေထိုင် အလုပ်လုပ်ကိုင်ခြင်းဆိုင်ရာ သမိုင်းကြောင်းနှင့် တရားဝင်အလုပ်သမားဖြစ်ခွင့်ဆိုင်ရာ ဥပဒေအဆင့်ဆင့်ပြဌာန်းမှုများကို အသေးစိတ်ရှင်းလင်းပြောကြား မျှဝေခဲ့သည်။ ထို့နောက်တွင် မက်ပ်ဖောင်ဒေးရှင်းမှ ရှေ့နေ ဖိချမ်းမှ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် လာအိုနိုင်ငံတို့မှ ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ အသစ်ထုတ်ပြန်လိုက်သော ပြဌာန်းချက်ဥပဒေများအကြောင်းနှင့် လတ်တလောကြုံတွေ့နေရသည့် ပြဿနာအခက်အခဲများကို ရှင်းလင်းပြောကြားခဲ့သည်။

သင်တန်း၏ဒုတိယပိုင်းအစီအစဉ်တွင် မက်ပ်ဖောင်ဒေးရှင်းမှ ဖိဖင်းက အလုပ်လုပ်ခွင့်ပါမစ် (ဝပ်ပါမစ်) ဆိုင်ရာ လိုအပ်သော စာရွက်စာတမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်ပြီး ရှင်းလင်းသင်ကြားပို့ချမှုအစီအစဉ်ကို ဦးဆောင်ခဲ့သည်။ တက်ရောက်လာသူများအား အုပ်စုများခွဲခြားလျက် ထိုင်းနိုင်ငံတွင်း တရားဝင် အလုပ်လုပ်ကိုင်ခွင့်ဆိုင်ရာ ရှင်းလင်းဆွေးနွေးဖွယ်ရာများနှင့် ပြဿနာအခက်အခဲများကို နည်းမျိုးစုံဖြင့် ရှာဖွေဖော်ထုတ် တင်ပြစေခဲ့သည်။ ဆွေးနွေးချက်များအတွင်း တရားဝင်အလုပ်လုပ်ကိုင်ခွင့်နည်းလမ်းများ၊ လက်ရှိကိုင်ဆောင်ထားသည့် ကဒ်များနှင့် စာရွက်စာတမ်းများ (ဥပမာ- ပန်းရောင်ကဒ်၊ ပတ်စပို့၊ ယာယီပတ်စပို့၊ ခရီးသွားထောက်ခံစာ၊ စီအိုင်လက်မှတ်၊ ဝပ်ပါမစ်) ကို တရားဝင် သက်တမ်းတိုးခြင်းနည်းလမ်းများ၊ အသစ်လျှောက်ထားမှုနည်းလမ်းများအပါအဝင် အလုပ်လုပ်ခွင့်ပါမစ် (ဝပ်ပါမစ်) အား လက်ဝယ်ကိုင်ဆောင်ထားသော်လည်း အလုပ်ရှင်နှင့် အလုပ်လုပ်ကိုင်ရာနေရာ မတူညီမှုများ စသဖြင့်တို့ကို မည်သို့မည်ပုံ တရားဝင်အောင် လုပ်ဆောင်ရမည်တို့ကို ထည့်သွင်းဆွေးနွေးသွားခဲ့သည်။

မြန်မာနိုင်ငံမှရွှေ့ပြောင်းနေထိုင် အလုပ်လုပ်ကိုင်ကြသူများသည် ထိုင်းနိုင်ငံအတွင်း အမျိုးမျိုးသော အလုပ်အကိုင်များကို လုပ်ကိုင်လျက်ရှိသည်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်၊ စိုက်ပျိုးမွေးမြူရေးနှင့် စားသောက်ကုန်လုပ်ငန်း အစရှိသည့် လုပ်ငန်းခွင်များတွင် အမျိုးသားရော၊ အမျိုးသမီးများပါ လုပ်ကိုင်လျက်ရှိကြသည်။ အမျိုးသမီးအများစုမှာ သီးသန့်မိသားစုများအတွင်း အိမ်ဖော်၊ ကလေးထိန်း၊ သန့်ရှင်းရေး အစရှိသည့် အလုပ်များကို လုပ်ကိုင်လျက်ရှိသည်။ ငါးဖမ်းလုပ်ငန်းခွင်များ၌ အမျိုးသားများက ငါးဖမ်းပြီး အမျိုးသမီးများက ငါးရွေးခြင်း၊ ငါးရေဆေးအလုပ်များကို လုပ်ကိုင်ကြသည်။

သင်တန်းလာရောက်ပို့ချပေးပြီး သတင်းအချက်အလက်များ လာရောက်ဝေငှပေးခဲ့ကြသော မက်ပ်ဖောင်ဒေးရှင်းမှ ရှေ့နေ ဖိချမ်းနှင့် ဖိဖင်းတို့အား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါသည်။ သတင်းအချက်အလက်များ ထပ်မံလိုအပ်ပါက နယ်ပယ်အလိုက် အလုပ်သမားရေးရာဌာများသို့ အရေးပေါ်လိုင်း ၁၆၉၄ မှလည်းကောင်း၊ မက်ပ်ဖောင်ဒေးရှင်းသို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ တရားဝင်လုပ်ဆောင်ရန် အသေးစိတ်အဆင့်များနှင့် သတင်းအချက်အလက်များပါဝင်သော စာရွက်စာတမ်းများကို ဤနေရာတွင် ဒေါင်းလုတ်ရယူနိုင်သည်။