BEAM/JUMP! Youth Conference: Welding Ideas for Sustainable Existence (WISE)
February 13, 2018
Capping and Pinning Ceremony – Ying Loongku and Nan Sanda Aye
February 13, 2018

Elderly Health Care Course Completion

On 9th September 2017, BEAM members participated in the event Certificate Awarding for Elderly Health Care Course. This event, organized by the Thai Non-formal and Informal Education Department, was held at Chiang Mai Orchid Hotel.

Elderly Health Care Course Completion


On 9th September 2017, BEAM members participated in the event Certificate Awarding for Elderly Health Care Course. This event, organized by the Thai Non-formal and Informal Education Department, was held at Chiang Mai Orchid Hotel. One of BEAM’s NFE Student, Sang Juen, was awarded the certificate during the event after he completed the Elderly Health Care Training. Sang Juen shares his experience about being trained on how to take care of elder people, understanding ageing and common chronic diseases, improving personal hygiene, and giving day-to-day care. He adds “I feel glad because I gained more knowledge about elderly care. When I was a child, my parents took care of me. When my parents get old, I should take care of them. What I have learned from the training is how to prepare food for elderly people and I also understand the reason why my parents usually warn me about things. Moreover, I learned to understand the feelings of elderly people. This activity is continually open for anyone who wants to improve their skills in elderly care. I want to encourage more people to participate in the next training”. Congratulations Sang Juen for achieving the certificate for this course.

သက္ႀကီး႐ြယ္အို က်န္းမာေရးျပဳစုေစာင့္ေရွာက္မႈသင္တန္း ၿပီးဆံုးျခင္း


၂၀၁၇ ခုႏွစ္၊ စက္တင္ဘာလ ၉ ရက္ေန႔၌ ခ်င္းမိုင္၊ ေကာေစာ္ေနာဌာနမွ ႀကီးမွဴးဖြင့္လွစ္သည့္ သက္ႀကီး႐ြယ္အို က်န္းမာေရး ျပဳစုေစာင့္ေရွာက္မႈသင္တန္းဆင္းပြဲတစ္ရပ္ကို Chiang Mai Orchid ဟိုတယ္၌ က်င္းပျပဳလုပ္ရာ ဘီမ္းေက်ာင္းသူ/ေက်ာင္းသား၊ ဆရာ/ဆရာမမ်ား တက္ေရာက္ခဲ့ၾကသည္။ ဘီမ္းေက်ာင္း၏ ေကာေစာ္ေနာေက်ာင္းသားတစ္ဦးျဖစ္သူ စိုင္းက်င္းမွ အဆိုပါသင္တန္းကို ေအာင္ျမင္စြာတက္ေရာက္ ၿပီးဆံုးၿပီး ဂုဏ္ျပဳအသိအမွတ္ျပဳ ေအာင္လက္မွတ္ကို ခ်ီးျမႇင့္ျခင္းခံရသည္။ အဆိုပါသင္တန္းမွ သက္ႀကီး႐ြယ္အိုမ်ားကို ေစာင့္ေရွာက္ပံု၊ ေစာင့္ေရွာက္နည္းလမ္းမ်ား၊ သက္ႀကီး႐ြယ္အိုမ်ား၌ ျဖစ္ေလ့ရွိေသာ သက္ႀကီးေရာဂါဆိုင္နာ ဗဟုသုတမ်ား ႏွင့္ သက္ႀကီး႐ြယ္အိုမ်ား၏ တကိုယ္ေရသန္႔ရွင္းေရးႏွင့္ ေန႔စဥ္ေစာင့္ေရွာက္မႈဆိုင္ရာ သင္ခန္းစာမ်ားကို သင္ယူေလ့လာခဲ့ ရေၾကာင္းကို စိုင္းက်င္းမွ ျပန္လည္မွ်ေဝခဲ့သည္။ ဆက္လက္ၿပီး ဤသက္ႀကီး႐ြယ္အို က်န္းမာေရးေစာင့္ေရွာက္မႈသင္တန္း ၿပီးဆံုးမႈအေပၚ စိုင္းက်င္းမွ ယခုလိုေျပာပါသည္- “က်ေနာ့္အေနနဲ႔ ဒီသင္တန္းကေန သက္ႀကီး႐ြယ္အို ျပဳစုေစာင့္ေရွာက္မႈ အေတြ႔အႀကံဳေတြ ရတဲ့အတြက္ ဝမ္းသာပါတယ္။ က်ေနာ္ ကေလးဘဝတုန္းက က်ေနာ့္မိဘေတြက က်ေနာ့္ကို ျပဳစုေစာင့္ေရွာက္ခဲ့တယ္၊ အခု က်ေနာ့္မိဘေတြ အသက္အ႐ြယ္အိုမင္းလာတဲ့အခါ သူတို႔ကို ျပန္ၿပီး ျပဳစုေစာင့္ေရွာက္ ရမယ္လို႔ က်ေနာ္ခံယူထားတယ္။ သက္ႀကီး႐ြယ္အိုေတြအတြက္ အစားအစာေတြ ဘယ္လိုျပင္ဆင္ေပးရမလဲဆိုတာနဲ႔ က်ေနာ္ငယ္စဥ္အခါက လူႀကီးေတြ သတိေပးမွာၾကားခဲ့တာေတြကို ျပန္ၿပီး သတိျပဳအမွတ္ရေစပါတယ္။ လူႀကီး သူမေတြရဲ႕ သက္ႀကီး႐ြယ္အိုပိုင္းမွာ စိတ္ခံစားမႈအေျခအေနမ်ားကိုလည္း သင္ယူေလ့လာခြင့္ရခဲ့တယ္။ ဒီသင္တန္းက လူတိုင္းအတြက္ တံခါးဖြင့္ထားၿပီး ေနာက္ထပ္ သင္တန္းေတြရွိလာရင္ ဘီမ္းေက်ာင္းသူ/ေက်ာင္းသားေတြထဲမွ စိတ္ပါဝင္စားသူေတြ တက္ေရာက္ဖို႔ကို အႀကံျပဳတိုက္တြန္းလိုပါတယ္။” သင္တန္းဆင္း ဂုဏ္ျပဳလက္မွတ္ခ်ီးျမႇင့္ခံရသူ စိုင္းက်င္းအတြက္ ဘီမ္းပညာေရးေဖာင္ေဒးရွင္းမွ ဂုဏ္ယူဝမ္းေျမာက္မိပါသည္။

သက်ကြီးရွယ်အို ကျန်းမာရေးပြုစုစောင့်ရှောက်မှုသင်တန်း ပြီးဆုံးခြင်း


၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့၌ ချင်းမိုင်၊ ကောစော်နောဌာနမှ ကြီးမှူးဖွင့်လှစ်သည့် သက်ကြီးရွယ်အို ကျန်းမာရေး ပြုစုစောင့်ရှောက်မှုသင်တန်းဆင်းပွဲတစ်ရပ်ကို Chiang Mai Orchid ဟိုတယ်၌ ကျင်းပပြုလုပ်ရာ ဘီမ်းကျောင်းသူ/ကျောင်းသား၊ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြသည်။ ဘီမ်းကျောင်း၏ ကောစော်နောကျောင်းသားတစ်ဦးဖြစ်သူ စိုင်းကျင်းမှ အဆိုပါသင်တန်းကို အောင်မြင်စွာတက်ရောက် ပြီးဆုံးပြီး ဂုဏ်ပြုအသိအမှတ်ပြု အောင်လက်မှတ်ကို ချီးမြှင့်ခြင်းခံရသည်။ အဆိုပါသင်တန်းမှ သက်ကြီးရွယ်အိုများကို စောင့်ရှောက်ပုံ၊ စောင့်ရှောက်နည်းလမ်းများ၊ သက်ကြီးရွယ်အိုများ၌ ဖြစ်လေ့ရှိသော သက်ကြီးရောဂါဆိုင်နာ ဗဟုသုတများ နှင့် သက်ကြီးရွယ်အိုများ၏ တကိုယ်ရေသန့်ရှင်းရေးနှင့် နေ့စဉ်စောင့်ရှောက်မှုဆိုင်ရာ သင်ခန်းစာများကို သင်ယူလေ့လာခဲ့ ရကြောင်းကို စိုင်းကျင်းမှ ပြန်လည်မျှဝေခဲ့သည်။ ဆက်လက်ပြီး ဤသက်ကြီးရွယ်အို ကျန်းမာရေးစောင့်ရှောက်မှုသင်တန်း ပြီးဆုံးမှုအပေါ် စိုင်းကျင်းမှ ယခုလိုပြောပါသည်- “ကျနော့်အနေနဲ့ ဒီသင်တန်းကနေ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်မှု အတွေ့အကြုံတွေ ရတဲ့အတွက် ဝမ်းသာပါတယ်။ ကျနော် ကလေးဘဝတုန်းက ကျနော့်မိဘတွေက ကျနော့်ကို ပြုစုစောင့်ရှောက်ခဲ့တယ်၊ အခု ကျနော့်မိဘတွေ အသက်အရွယ်အိုမင်းလာတဲ့အခါ သူတို့ကို ပြန်ပြီး ပြုစုစောင့်ရှောက် ရမယ်လို့ ကျနော်ခံယူထားတယ်။ သက်ကြီးရွယ်အိုတွေအတွက် အစားအစာတွေ ဘယ်လိုပြင်ဆင်ပေးရမလဲဆိုတာနဲ့ ကျနော်ငယ်စဉ်အခါက လူကြီးတွေ သတိပေးမှာကြားခဲ့တာတွေကို ပြန်ပြီး သတိပြုအမှတ်ရစေပါတယ်။ လူကြီး သူမတွေရဲ့ သက်ကြီးရွယ်အိုပိုင်းမှာ စိတ်ခံစားမှုအခြေအနေများကိုလည်း သင်ယူလေ့လာခွင့်ရခဲ့တယ်။ ဒီသင်တန်းက လူတိုင်းအတွက် တံခါးဖွင့်ထားပြီး နောက်ထပ် သင်တန်းတွေရှိလာရင် ဘီမ်းကျောင်းသူ/ကျောင်းသားတွေထဲမှ စိတ်ပါဝင်စားသူတွေ တက်ရောက်ဖို့ကို အကြံပြုတိုက်တွန်းလိုပါတယ်။” သင်တန်းဆင်း ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခံရသူ စိုင်းကျင်းအတွက် ဘီမ်းပညာရေးဖောင်ဒေးရှင်းမှ ဂုဏ်ယူဝမ်းမြောက်မိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *