BEAM Staff Retreat: Reflection and Renewal
May 9, 2018
Songkran Water Festival 2018
May 18, 2018

International Women’s Day

On 8th March 2018, BEAM students, teachers, and staff participated in the International Women’s Day event at ThaPae Gate, Chiang Mai. MAP Foundation organized theWomen’s Day March, where more than 150 people gathered to walk the perimeter of Chiang Mai’s Old City in a demonstration for women’s rights. It was a powerful sight. The crowd that gatheredcomprised of women from all walks of life and allies who came to support the movement.

Many carried signs with messages for the people in cars, songtaws, and motorbikes passing by. One sign read “Equal Work for Equal Pay.” One of the women leading chants at the head of the march explainedthe symbolism of a broom: “The broom is symbolic of women working, but we keep the broom today; we strike today, and we’re not working. We’re making our demands.”

Every year, women,especially migrant women, gather from all different areas to come and share their experiences and to plan out what they are going to do next. Women are here and ready to fight for land reform, representation, equal pay, paid family leave and, as always, equality.

အျပည္ျပည္ဆိုင္ရာအမ်ဳိးသမီးမ်ားေန႔ ၂၀၁၈ ခုႏွစ္၊ မတ္လ ၈ ရက္ေန႔တြင္ ဘီမ္းေက်ာင္းသူ/ေက်ာင္းသား၊ ဆရာ/ဆရာမမ်ားႏွင့္၊ ဝန္ထမ္းမ်ားသည္ ခ်င္းမိုင္ၿမိဳ႕ရွိ ထပ္ဖယ္ဂိတ္တြင္ က်င္းပျပဳလုပ္သည့္ အျပည္ျပည္ဆိုင္ရာ အမ်ဳိးသမီးမ်ားေန႔ အခမ္းအနားသို႔ ပူးေပါင္းပါဝင္တက္ေရာက္ခဲ့ၾကသည္။ အဆိုပါ အမ်ဳိးသမီးမ်ား စုရံုးခ်ီတက္ပြဲအခမ္းအနားသို႔ အဖြဲ႔အစည္းအသီးသီးမွ လူေပါင္း ၁၅၀ ေက်ာ္ခန္႔တက္ေရာက္ခဲ့ၾကၿပီး ခ်င္းမိုင္ၿမိဳ႕ ၿမိဳ႕ေဟာင္းအတြင္း လွည့္လည္ကာ အမ်ဳိးသမီးမ်ားအခြင့္အေရးအတြက္ ဆႏၵေဖာ္ထုတ္ခဲ့ၾကသည္။ အဆိုပါေန႔တြင္ တက္ေရာက္ခဲ့ၾကသူမ်ားတြင္ အလႊာအသီးသီးတြင္ အလုပ္လုပ္ကိုင္ေနၾကေသာ အမ်ဳိးသမီးမ်ားႏွင့္ ဤအခမ္းအနားသို႔ ကူညီေထာက္ပံ့မႈေပးရန္အတြက္ လာေရာက္စုရံုးအားေပးသူမ်ား ပါဝင္ခဲ့သည္။

တက္ေရာက္သူမ်ားမွ အနီးအနားရွိ ဘတ္စ္ကားမ်ား၊ တကၠစီမ်ားႏွင့္ ဆိုင္ကယ္စီးနင္းသူမ်ား ျမင္သာေစရန္ “တူညီေသာ အလုပ္အတြက္၊ ညီမွ်ေသာ လုပ္ခ” ရရွိေရး ေဆာင္ပုဒ္မ်ားကို သယ္ေဆာင္ျပသခဲ့ၾကသည္။ ခ်ီတက္လမ္းေလွ်ာက္ပြဲကို ဦးေဆာင္သူအမ်ဳိးသမီးတစ္ဦးမွ တံျမတ္စည္းသေကၤတပိုစတာႏွင့္ပတ္သက္ၿပီး ရွင္းျပရာတြင္ တံျမတ္စည္းသည္ အိမ္တြင္းတြင္သာ အလုပ္လုပ္ေသာ အမ်ဳိးသမီးထုကို ကိုယ္စားျပဳၿပီး ယေန႔ ဤကဲ့သို႔ ခ်ီတက္လမ္းေလွ်ာက္ဆႏၵေဖာ္ထုတ္ျခင္း ရည္ရြယ္ခ်က္မွာ အမ်ဳိးသမီးထုသည္လည္း အမ်ဳိးသားမ်ားႏွင့္တန္းတူ ရင္ေဘာင္တန္းအလုပ္လုပ္ႏိုင္ေၾကာင္း ျပသလိုျခင္းျဖစ္ၿပီး အမ်ဳိးသမီးအခြင့္အေရးႏွင့္ လိုအပ္ခ်က္မ်ားကို ေတာင္းဆိုျခင္းျဖစ္ေၾကာင္း ရွင္းျပခဲ့သည္။

ႏွစ္စဥ္ႏွစ္တိုင္း အျပည္ျပည္ဆိုင္ရာအမ်ဳိးသမီးမ်ားေန႔အခမ္းအနားကို အလုပ္သမားအေျချပဳအဖြဲ႔အစည္းမ်ားႏွင့္ ေရႊ႕ေျပာင္းအလုပ္သမားထုတို႔မွ ဦးေဆာင္က်င္းပေလ့ရွိၿပီး အဖြဲ႔အစည္းအသီးသီးမွ အမ်ဳိးသမီးမ်ားက လာေရာက္ပူးေပါင္းကာ ၎တို႔၏ လုပ္ငန္းခြင္ဆိုင္ရာ အေတြ႔အႀကံဳမ်ားႏွင့္ အခက္အခဲမ်ားကို မွ်ေဝေလ့ရွိၾကၿပီး အမ်ဳိးသမီးထုအေနျဖင့္ ေရွ႕ဆက္ဘာလုပ္မည္ကို အစီအစဥ္ခ်မွတ္ၾကသည္။ အမ်ဳိးသမီးထုအေနျဖင့္ ေျမယာက႑ဥပေဒ ျပဳျပင္ေျပာင္းလဲေရး၊ ကိုယ္စားျပဳမႈအခြင့္အေရး၊ လုပ္ခလစာ တန္းတူညီမွ်ေရး၊ မိသားစုဆိုင္ရာ လစာျပည့္ခြင့္ရရွိေရးတို႔အတြက္ အခြင့္အေရးမ်ား ေတာင္းဆိုခဲ့ၾကသည္။

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ၂၀၁၈ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် ဘီမ်းကျောင်းသူ/ကျောင်းသား၊ ဆရာ/ဆရာမများနှင့်၊ ဝန်ထမ်းများသည် ချင်းမိုင်မြို့ရှိ ထပ်ဖယ်ဂိတ်တွင် ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားသို့ ပူးပေါင်းပါဝင်တက်ရောက်ခဲ့ကြသည်။ အဆိုပါ အမျိုးသမီးများ စုရုံးချီတက်ပွဲအခမ်းအနားသို့ အဖွဲ့အစည်းအသီးသီးမှ လူပေါင်း ၁၅၀ ကျော်ခန့်တက်ရောက်ခဲ့ကြပြီး ချင်းမိုင်မြို့ မြို့ဟောင်းအတွင်း လှည့်လည်ကာ အမျိုးသမီးများအခွင့်အရေးအတွက် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ အဆိုပါနေ့တွင် တက်ရောက်ခဲ့ကြသူများတွင် အလွှာအသီးသီးတွင် အလုပ်လုပ်ကိုင်နကြေသော အမျိုးသမီးများနှင့် ဤအခမ်းအနားသို့ ကူညီထောက်ပံ့မှုပေးရန်အတွက် လာရောက်စုရုံးအားပေးသူများ ပါဝင်ခဲ့သည်။

တက်ရောက်သူများမှ အနီးအနားရှိ ဘတ်စ်ကားများ၊ တက္ကစီများနှင့် ဆိုင်ကယ်စီးနင်းသူများ မြင်သာစေရန် “တူညီသော အလုပ်အတွက်၊ ညီမျှသော လုပ်ခ” ရရှိရေး ဆောင်ပုဒ်များကို သယ်ဆောင်ပြသခဲ့ကြသည်။ ချီတက်လမ်းလျှောက်ပွဲကို ဦးဆောင်သူအမျိုးသမီးတစ်ဦးမှ တံမြတ်စည်းသင်္ကေတပိုစတာနှင့်ပတ်သက်ပြီး ရှင်းပြရာတွင် တံမြတ်စည်းသည် အိမ်တွင်းတွင်သာ အလုပ်လုပ်သော အမျိုးသမီးထုကို ကိုယ်စားပြုပြီး ယနေ့ ဤကဲ့သို့ ချီတက်လမ်းလျှောက်ဆန္ဒဖော်ထုတ်ခြင်း ရည်ရွယ်ချက်မှာ အမျိုးသမီးထုသည်လည်း အမျိုးသားများနှင့်တန်းတူ ရင်ဘောင်တန်းအလုပ်လုပ်နိုင်ကြောင်း ပြသလိုခြင်းဖြစ်ပြီး အမျိုးသမီးအခွင့်အရေးနှင့် လိုအပ်ချက်များကို တောင်းဆိုခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သည်။

နှစ်စဉ်နှစ်တိုင်း အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားကို အလုပ်သမားအခြပြေုအဖွဲ့အစည်းများနှင့် ရွှေ့ပြောင်းအလုပ်သမားထုတို့မှ ဦးဆောင်ကျင်းပလေ့ရှိပြီး အဖွဲ့အစည်းအသီးသီးမှ အမျိုးသမီးများက လာရောက်ပူးပေါင်းကာ၎င်းတို့၏ လုပ်ငန်းခွင်ဆိုင်ရာ အတွေ့အကြုံများနှင့် အခက်အခဲများကို မျှဝေလေ့ရှိကြပြီး အမျိုးသမီးထုအနဖြေင့် ရှေ့ဆက်ဘာလုပ်မည်ကို အစီအစဉ်ချမှတ်ကြသည်။ အမျိုးသမီးထုအနဖြေင့် မြေယာကဏ္ဍဥပဒေ ပြုပြင်ပြောင်းလဲရေး၊ ကိုယ်စားပြုမှုအခွင့်အရေး၊ လုပ်ခလစာ တန်းတူညီမျှရေး၊ မိသားစုဆိုင်ရာ လစာပြည့်ခွင့်ရရှိရေးတို့အတွက် အခွင့်အရေးများ တောင်းဆိုခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *