“Migrant Voices” Workshop at BEAM

On 12th July 2017, an autoethnography workshop at BEAM was taught by Dr. Tani Sebro, an Assistant Professor at Miami University in Ohio. The activity took two hours, and the workshop focused on autoethnography and digital storytelling. During the workshop, students have a chance to write their own autoethnographic story systematically.

Dr. Tani Sebro has spent the last five years conducting research on and writing about the migrant crisis along the Thai-Burma border. The project conducting autoethnographies comes from research showing that when marginalized peoples articulate their own stories the process can help to heal the wounds of war, displacement, and violence. About 15 of BEAM’s students joined the workshop and gained knowledge about autoethnographies to understand the form of their self-reflection and writing that explores their personal experience and connects their autobiographical story to wider cultural, political, and social meanings and understandings through the activity.

Special thanks to Dr. Tani Sebro for having a free autoethnography and digital storytelling workshop for BEAM students and sharing with us.

“Migrant Voicesအလုပ်ရုံ ဆွေးနွေးပွဲ

၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့၌ အိုဟိုင်းရိုးပြည်နယ်ရှိ မီယာမီတက္ကသိုလ်မှ လက်ထောက်ပရော်ဖက်ဆာ Dr. Tani Sebro မှ လူမျိုးနှင့်ယဉ်ကျေးမှု သရုပ်ခွဲခြင်းပညာရပ်ဆိုင်ရာ ကိုယ်ပိုင်ဘဝဇာတ်ကြောင်းရေးသားသည့် အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ဘီမ်းပညာရေးဖောင်ဒေးရှင်း၌ လာရောက်ပို့ချပေးခဲ့သည်။ ဆွေးနွေးပွဲလုပ်ဆောင်ချက်များသည် အချိန် ၂ နာရီခန့်ကြာမြင့်ခဲ့ပြီး လူမျိုးနှင့်ယဉ်ကျေးမှု သရုပ်ခွဲခြင်းပညာရပ်ဆိုင်ရာနှင့် ဒစ်ဂျစ်တယ်ဇာတ်ကြောင်းပြောဆိုခြင်းတို့ကို အဓိကဆွေးနွေးပို့ချခဲ့သည်။ ဘီမ်းကျောင်းသူ/ကျောင်းသားများမှ ၎င်းတို့၏ ကိုယ်ပိုင်ဘဝဇာတ်ကြောင်းကို စနစ်တကျရေးသားနိုင်သည့်အခွင့်အလမ်းကို ရရှိခဲ့ကြသည်။

Dr. Tani Sebro သည် ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်း၌ ထိုင်း-မြန်မာနယ်စပ်ဒေသတလျှောက် ရွှေ့ပြောင်းအလုပ်သမားများ၏ အခက်အခဲများနှင့်ပတ်သက်ပြီး သုတေသနပြုလုပ်ကာ စာတမ်းရေးသားမှုများပြုလုပ်ခဲ့သည်။ ဤဆွေးနွေးပွဲဖြစ်ပေါ်လာရခြင်း၏ ရည်ရွယ်ချက်မှာလည်း သုတေသနတွေ့ရှိချက်များမှ အခွင့်အလမ်းနည်းပါးသော လူများမှ ၎င်းတို့၏ ကိုယ်ပိုင်ဘဝဇာတ်ကြောင်းကို ရှင်းလင်းဖော်ထုတ်နိုင်မှုမှတဆင့် စစ်မက်ဖြစ်ပွားမှုများ၊ အပယ်ခံရခြင်းများနှင့် အကြမ်းဖက်ခံရခြင်းတို့ကြောင့် ရရှိလာသည့် စိတ်ဒဏ်ရာရရှိမှုများမှ သက်သာလျော့ပါးလာစေရန် အထောက်အပံ့ပေးနိုင်ကြောင်း ဖော်ပြနေသည်။ ဆွေးနွေးပွဲသို့ ဘီမ်းကျောင်းသူ/ကျောင်းသား ၁၅ ယောက်တက်ရောက်ခဲ့ပြီး လူမျိုးနှင့်ယဉ်ကျေးမှု သရုပ်ခွဲခြင်းပညာရပ်ဆိုင်ရာ ကိုယ်ပိုင်ဘဝဇာတ်ကြောင်းရေးသားမှုဆိုင်ရာ အသိပညာဗဟုသုတများနှင့် မိမိကိုယ်တိုင်နှိုင်းဆ ဆင်ခြင်သုံးသပ်ချက်ဖြင့် ကိုယ်ပိုင်ဘဝအတွေ့အကြုံမှ ပိုမိုကျယ်ပြန့်သော ယဉ်ကျေးမှု၊ နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ အကြောင်းအရာများကို ပိုမိုချိတ်ဆက်နားလည်နိုင်ခွင့် ဗဟုသုတများစွာကို ဤဆွေးနွေးပွဲမှရရှိခဲ့ကြသည်။

လူမျိုးနှင့်ယဉ်ကျေးမှု သရုပ်ခွဲခြင်းပညာရပ်ဆိုင်ရာ ကိုယ်ပိုင်ဘဝဇာတ်ကြောင်း အလုပ်ရုံဆွေးနွေးပွဲအား မေတ္တာဖြင့် လာရောက်ပို့ချပေးခဲ့သည့် Dr. Tani Sebro အား အထူးပင်ကျေးဇူးတင်ရှိပါသည်။