Recruitment for Thai Cuisine Training

ချင်းမိုင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ နည်းပညာကောလိပ်နှင့် ပူးတွဲကျင်းပမည့် ထိုင်းဟင်း ချက်ပြုတ်နည်းသင်တန်း အတွက် သင်တန်းသားသစ် ခေါ်ယူခြင်း

BEAM ပညာရေးဖောင်ဒေးရှင်း နှင့် ချင်းမိုင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ နည်းပညာကောလိပ် (ဆာရာဖတ်ချန်း) တို့ ပူးတွဲ ကျင်းပမည့် နာရီ ၁၅၀ အခြေခံ ထိုင်းဟင်းချက်ပြုတ်နည်းသင်တန်းကို လာမည့် ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ ၁၇ ရက်နေ့တွင် ချင်းမိုင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ နည်းပညာကောလိပ် ၌ စတင်ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။

အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့၊ နံနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီ အထိ တစ်နေ့လျှင် ၃ နာရီကြာ သင်ယူရမည် ဖြစ်ပြီး ဟင်းလျာပေါင်း ၅၀ မျိုးကို ရက်ပေါင်း ၅၀ ကြာ သင်ကြားပို့ချပါမည်။ စိတ်ပါဝင်စားသူများ အနေဖြင့် အောက်ဖော်ပြပါ လိုအပ်ချက်များနှင့် သင်တန်းအချက်အလက်အသေးစိတ်ကို ဖတ်ရှုပြီး သက်ဆိုင်ရာ တာဝန်ခံထံသို့ ဆက်သွယ် လျှောက်ထားနိုင်ပါသည်။

လိုအပ်ချက်များ

  • ဖြည့်စွက်ပြီး လျှောက်လွှာ ပုံစံ (လျှောက်လွှာကို BEAM ကျောင်းတွင် ရယူနိုင်ပါသည်။)
  • ၁ လက်မ ပတ်လည် လိုင်စင်ဓာတ်ပုံ (၃) ပုံ
  • လက်ရှိကိုင်ဆောင်ထားသော လက်မှတ် မိတ္တူ ၂ စုံ (ပတ်စ်ပို့၊ ပန်းရောင်ကဒ်၊ တောင်ပေါ်သားကဒ် စသည်)
  • အိမ်ထောင်စုစာရင်း – ထောရော ၃၈ သို့မဟုတ် ထောရော ၁၃ (TR-38/ TR-13) မိတ္တူ ၂ စုံ (ပန်းရောင်ကဒ်နှင့် တောင်ပေါ်သားကဒ် ကိုင်ဆောင်ထားသူများအတွက်)
  • သင်တန်းသားမှ ထည့်ဝင်ရမည့် ခန့်မှန်း ဈေးဖိုး – ၁၅၀၀ ဘတ်
  • ဟင်းချက်ရာတွင် ၀တ်ဆင်ရမည့် ၀တ်စုံဖိုး ကိုလည်း သင်တန်းသားမှ ကျခံရမည် ဖြစ်ပါသည်။

သင်တန်းချိန် အသေးစိတ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

သင်တန်းကာလ           –         ၁၇ ဇန်န၀ါရီ ၂၀၁၈ မှ ၂၈ မတ် ၂၀၁၈ အထိ။ (၁၅၀ နာရီ)

သင်ယူရမည့် နေ့ရက်    –         အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့ အထိ။

သင်တန်းချိန်              –         နံနက် ၉ နာရီ မှ မွန်းတည့် ၁၂ နာရီ အထိ။

လက်ခံမည့်ဦးရေ         –         ၂၀ ဦး။

စာရင်းပေးသွင်းမှုကို ၁၀ ဇန်န၀ါရီ ၂၀၁၈ ထက် နောက်မကျစေပဲ ပေးသွင်းရပါမည်။ အသေးစိတ် သိရှိလိုပါက ဆရာမပန်ဆန်း (ဖုန်း – 083 766 5889) သို့ ဆက်သွယ်မေးမြန်းနိုင်ပြီး BEAM  ပညာရေးဖောင်ဒေးရှင်း (103, Intranurak, Viang Ping, Chang Klan, Muang Chiang Mai 50100) တွင် လာရောက် စာရင်းပေးသွင်းနိုင်ပါသည်။


Recruitment for Thai Cuisine Training in Collaboration with Chiang Mai Polytechnic College

BEAM is now recruiting for “Basic Thai Cuisine Short Course Training (150 hours)” in collaboration with Chiang Mai Polytechnic College (Saraphetchan) that will be started on 17 January 2018 at Chiang Mai Polytechnic College.

Training will last for 150 hours, every weekday from 9:00AM until 12:00 Noon. 50 menus will be taught during 50 days of the course. Any interested parties can apply by reading the following instructions and requirements.

Training requirements are as below:

  • Application Form (available at BEAM Education Foundation)
  • 1×1 inch license photograph 3 pcs.
  • Current legal document copy x 2 copies (Example: passport, pink card, hill tribe card)
  • Household Registration copy x 2 copies (TR-38, TR-13)
  • Approximate groceries cost contributing by student – 1,500 THB
  • Chef suit and apron will be purchased by student.

The training detail is as below:

  • Training period: 17 January 2018 until 28 March 2018
  • Date: Every Weekdays
  • Time: 9:00AM to 12:00 Noon
  • Place: Chiang Mai Polytechnic College (Saraphetchan)
  • Training Size: 20 persons

Application deadline is 10 January 2018. For more information, please contact to Mrs. Pan San (Mobile: 083 766 5889). To fill the application, the students need to present at BEAM themselves bringing along the requirements not later than 10 January 2018. The address of BEAM Education Foundation is 103, Intranurak, Viang Ping, Chang Klan, Muang Chiang Mai 50100.

Download: Thai Cuisine Training Recruitment (English)

Download: Thai Cuisine Training Recruitment (Burmese)