International Women’s Day
May 9, 2018
Congratulations University Graduates!
May 18, 2018

Songkran Water Festival 2018

<ေအာက္တြင္ ျမန္မာဘာသာျဖင့္ဖတ္ရွဳႏိုင္ပါသည္။>

On 8th April 2018, BEAM Education Foundation was invited to participate in the Songkran New Year water festival event held by the Office of Non-formal and Informal Education (ONIE). Over 50 BEAM students, alumni, BEE’s youth club members, staff, and teachers joined the event to present their traditional costumes, food, and performance.

It is called the ‘Water Festival’ by Westerners because they notice people splashing or pouring water at one another as part of the cleansing ritual to welcome the New Year. Songkran (named “Thingyan” in Myanmar) is also the Thai New Year festival that is celebrated every April. The word Songkran means transformation or change. Many people visit temples and pour water over Buddha statues which represent washing away sins and starting the New Year pure. People also pour water over each other as a symbol of washing away all of their bad luck and starting the new year fresh. Celebrating Songkran in Chiang Mai is must if in Thailand during spring. Thingyan is comparable to other festivities in the region such as the Songkran in Laos, the Songkran in Thailand, and the Cambodian New Year. Traditional dance, singing and cultural shows are performed together during the festival.

From the entire BEAM team, we are so thankful to ONIE, our partners, volunteers, students, and BEAM members for their great support at the event.

ရိုးရာႏွစ္သစ္ကူး အတာေရသႀကၤန္ပြဲေတာ္ ၂၀၁၈

၂၀၁၈ ခုႏွစ္၊ ဧၿပီလ ၈ ရက္ေန႔တြင္ ထိုင္းႏိုင္ငံ၊ ပညာေရးဝန္ႀကီးဌာနလက္ေအာက္ရွိ ေက်ာင္းျပင္ပ ပညာေရးဌာန၏ ဖိတ္ၾကားခ်က္အရ ဘီမ္းပညာေရးေဖာင္ေဒးရွင္းသည္ ၂၀၁၈ ခုႏွစ္၊ ရိုးရာႏွစ္သစ္ကူး ေရသႀကၤန္ပြဲေတာ္အား ျမန္မာႏိုင္ငံကိုယ္စားျပဳ တက္ေရာက္ပူးေပါင္းခဲ့ၾကသည္။ ဘီမ္းေက်ာင္းသူ/ေက်ာင္းသား၊ ေက်ာင္းသားေဟာင္းမ်ား၊ BEE’s လူငယ္ကလပ္အဖြဲ႔ဝင္မ်ား၊ ဝန္ထမ္းမ်ားႏွင့္ ဆရာ/ဆရာမမ်ား စုစုေပါင္း ၅၀ ဦးခန္႔ တက္ေရာက္ဆင္ႏႊဲခဲ့ၾကသည္။ ပြဲေတာ္အတြင္း ဘီမ္းပညာေရးေဖာင္ေဒးရွင္းမွ သႀကၤန္အကမ်ားျဖင့္ ေဖ်ာ္ေျဖမႈျဖင့္လည္းေကာင္း၊ ျမန္မာ့ရိုးရာသႀကၤန္အစားအစာမ်ားျဖစ္သည့္ မုန္႔လံုးေရေပၚႏွင့္ မုန္႔လက္ေဆာင္းတို႔ျဖင့္ ၾကြေရာက္လာေသာ ဧည့္သည္ေတာ္မ်ားအား တည္ခင္းဧည့္ခံေကၽြးေမြးျခင္းႏွင့္ တိုင္းရင္းသားရိုးရာ ယဥ္ေက်းမႈအဝတ္အစားမ်ားျဖင့္ ျမန္မာ့ရိုးရာမဟာသႀကၤန္၏ ျပယုဂ္ကို ျမန္မာႏိုင္ငံကိုယ္စားျပဳလ်က္ ေဖာ္ထုတ္ျပသႏိုင္ခဲ့ၾကသည္။

Songkran သည္ ႏွစ္စဥ္ႏွစ္တိုင္း ဧၿပီလက်ေရာက္တိုင္း အာဆီယံႏိုင္ငံတခ်ဳိ႕တြင္ တခ်ိန္တည္း၊ တၿပိဳင္တည္းက်င္းပေလ့ရွိသည့္ ႏွစ္သစ္ကူးပြဲေတာ္တစ္ခုျဖစ္သည္။ Songkran ဆိုသည့္ အဓိပၸါယ္မွာ အသြင္ကူးေျပာင္းျခင္း သို႔မဟုတ္ ႏွစ္ေဟာင္းမွႏွစ္သစ္ကူးျခင္းဟု အဓိပၸါယ္ရသည္။ အဆိုပါ ကာလအတြင္း လူအမ်ားသည္ ဘုန္းႀကီးေက်ာင္းမ်ားသို႔သြားေရာက္ကာ ၎တို႔၏ ႏွစ္ေဟာင္းမွ အျပစ္ႏွင့္ အညစ္အေၾကးမ်ားကို ေဆးေၾကာၿပီး ႏွစ္သစ္အား လူသစ္၊ စိတ္သစ္ျဖင့္ ျဖတ္သန္းႏိုင္ရန္ ဆုေတာင္းေလ့ရွိၾကသည္။ တစ္ဦးႏွင့္တစ္ဦး အျပန္အလွန္ေရေလာင္းၾကရျခင္း၏ ရည္ရြယ္ခ်က္မွာ မေကာင္းသည့္အရာမ်ားကို ေဆးေၾကာသန္႔စင္ၿပီး ႏွစ္သစ္ကို လန္းဆန္းတက္ၾကြစြာေက်ာ္လြန္ျဖတ္သန္းႏိုင္ရန္ ျဖစ္သည္။ ျမန္မာႏွစ္ တစ္ႏွစ္ကုန္ဆံုးကာ ႏွစ္ေဟာင္းကုန္၍ တန္ခူးလတြင္ ႏွစ္သစ္ႀကံဳရေသာကာလ၊ ႏွစ္သစ္ကူးေျပာင္းေသာကာလဟု ဆိုလိုရင္းျဖစ္သည္။ ေႏြရာသီ၏ အပူဒဏ္ကို သႀကၤန္ေရျဖင့္ ေအးျမေစသည္။ ႏွစ္ေဟာင္းမွ အညစ္အေၾကးမ်ားကို သႀကၤန္ေရျဖင့္ ေဆးေၾကာသစ္လြင္ ေတာက္ပသန္႔စင္လာေစသည္။ ထိုင္းႏိုင္ငံသို႔ ဧၿပီလအတြင္း အလည္အပတ္လာေရာက္ပါက ဤႏွစ္သစ္ကူးမဟာသႀကၤန္ပြဲေတာ္ကို မျဖစ္မေန ပါဝင္ဆင္ႏႊဲရမည္ပင္ ျဖစ္သည္။

ဘီမ္းပညာေရးေဖာင္ေဒးရွင္းမွ ONIE ႏွင့္တကြ ဤရိုးရာႏွစ္သစ္ကူးပြဲေတာ္အတြင္း ကူညီပံ့ပိုးေပးခဲ့ၾကေသာ BEE’s ကလပ္ အဖြဲ႔ဝင္မ်ား၊ ေစတနာ့ဝန္ထမ္း လုပ္အားေပး ေက်ာင္းသူ/ေက်ာင္းသားမ်ား၊ ဘီမ္းအဖြဲ႔ဝင္အားလံုးကို အထူးပင္ ေက်းဇူးတင္ရွိပါသည္။

ရိုးရာနှစ်သစ်ကူး အတာရေသင်္ကြန်ပွဲတော် ၂၀၁၈

၂၀၁၈ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ ကျောင်းပြင်ပ ပညာရေးဌာန၏ ဖိတ်ကြားချက်အရ ဘီမ်းပညာရေးဖောင်ဒေးရှင်းသည် ၂၀၁၈ ခုနှစ်၊ ရိုးရာနှစ်သစ်ကူး ရေသင်္ကြန်ပွဲတော်အား မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်ပူးပေါင်းခဲ့ကြသည်။ ဘီမ်းကျောင်းသူ/ကျောင်းသား၊ ကျောင်းသားဟောင်းများ၊ BEE’s လူငယ်ကလပ်အဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် ဆရာ/ဆရာမများ စုစုပေါင်း ၅၀ ဦးခန့် တက်ရောက်ဆင်နွှဲခဲ့ကြသည်။ ပွဲတော်အတွင်း ဘီမ်းပညာရေးဖောင်ဒေးရှင်းမှ သင်္ကြန်အကများဖြင့် ဖျော်ဖြေမှုဖြင့်လည်းကောင်း၊ မြန်မာ့ရိုးရာသင်္ကြန်အစားအစာများဖြစ်သည့် မုန့်လုံးရေပေါ်နှင့် မုန့်လက်ဆောင်းတို့ဖြင့် ကြွရောက်လာသော ဧည့်သည်တော်များအား တည်ခင်းဧည့်ခံကျွေးမွေးခြင်းနှင့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဝတ်အစားများဖြင့် မြန်မာ့ရိုးရာမဟာသင်္ကြန်၏ ပြယုဂ်ကို မြန်မာနိုင်ငံကိုယ်စားပြုလျက် ဖော်ထုတ်ပြသနိုင်ခဲ့ကြသည်။

Songkran သည် နှစ်စဉ်နှစ်တိုင်း ဧပြီလကျရောက်တိုင်း အာဆီယံနိုင်ငံတချို့တွင် တချိန်တည်း၊ တပြိုင်တည်းကျင်းပလေ့ရှိသည့် နှစ်သစ်ကူးပွဲတော်တစ်ခုဖြစ်သည်။ Songkran ဆိုသည့် အဓိပ္ပါယ်မှာ အသွင်ကူးပြောင်းခြင်း သို့မဟုတ် နှစ်ဟောင်းမှနှစ်သစ်ကူးခြင်းဟု အဓိပ္ပါယ်ရသည်။ အဆိုပါ ကာလအတွင်း လူအများသည် ဘုန်းကြီးကျောင်းများသို့သွားရောက်ကာ၎င်းတို့၏ နှစ်ဟောင်းမှ အပြစ်နှင့် အညစ်အကြေးများကို ဆေးကြောပြီး နှစ်သစ်အား လူသစ်၊ စိတ်သစ်ဖြင့် ဖြတ်သန်းနိုင်ရန် ဆုတောင်းလေ့ရှိကြသည်။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ရေလောင်းကြရခြင်း၏ ရည်ရွယ်ချက်မှာ မကောင်းသည့်အရာများကို ဆေးကြောသန့်စင်ပြီး နှစ်သစ်ကို လန်းဆန်းတက်ကြွစွာကျော်လွန်ဖြတ်သန်းနိုင်ရန် ဖြစ်သည်။ မြန်မာနှစ် တစ်နှစ်ကုန်ဆုံးကာ နှစ်ဟောင်းကုန်၍ တန်ခူးလတွင် နှစ်သစ်ကြုံရသောကာလ၊ နှစ်သစ်ကူးပြောင်းသောကာလဟု ဆိုလိုရင်းဖြစ်သည်။ နွေရာသီ၏ အပူဒဏ်ကို သင်္ကြန်ရဖြေင့် အေးမြစေသည်။ နှစ်ဟောင်းမှ အညစ်အကြေးများကို သင်္ကြန်ရဖြေင့် ဆေးကြောသစ်လွင် တောက်ပသန့်စင်လာစေသည်။ ထိုင်းနိုင်ငံသို့ ဧပြီလအတွင်း အလည်အပတ်လာရောက်ပါက ဤနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ကို မဖြစ်မနေ ပါဝင်ဆင်နွှဲရမည်ပင် ဖြစ်သည်။

ဘီမ်းပညာရေးဖောင်ဒေးရှင်းမှ ONIE နှင့်တကွ ဤရိုးရာနှစ်သစ်ကူးပွဲတော်အတွင်း ကူညီပံ့ပိုးပေးခဲ့ကြသော BEE’s ကလပ် အဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်း လုပ်အားပေး ကျောင်းသူ/ကျောင်းသားများ၊ ဘီမ်းအဖွဲ့ဝင်အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *