BEAM’s Recent Milestones
September 14, 2017
BEAM/JUMP! Youth Conference: Welding Ideas for Sustainable Existence (WISE)
November 8, 2017
Tailoring training in collaboration with Chiang Mai Polytechnic College
ဘီမ်းပညာရေးဖောင်ဒေးရှင်းနှင့် ချင်းမိုင်နည်းပညာကောလိပ်တို့ ပူးပေါင်းပြီး စက်ချုပ်နည်းပညာသင်တန်း ဖွင့်
ဘီးမ်ပညာရေးဖောင်ဒေးရှင်းနှင့် ချင်းမိုင် နည်းပညာကောလိပ်တို့ ပူးပေါင်းအကောင်အထည်ဖော်သည့် ဆရာအတတ်သင် စက်ချုပ်နည်းပညာသင်တန်း (TOT) ကို စက်တင်ဘာလ ၁၈ ရက်တွင် စတင်ဖွင့်လှစ်သင်ကြားနိုင်ပြီဖြစ်သည်။ နှစ်ဘက်အကြား ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့တွင် အောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်ခဲ့သည့် အသက်မွေးဝမ်းကြောင်းပညာရေးကဏ္ဍ ပူးပေါင်းအကောင်အထည် ဖော်ဆောင်သွားရန် နားလည်မှုစာချွန်လွှာအရ ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်သည်။ စက်ချုပ်သင်တန်းတွင် အခြေခံနှင့် ဆရာအတတ်သင် စသည့် သင်တန်းအမျိုးအစား နှစ်ခုကိုတပြိုင်တည်း သင်ကြားပို့ချပေးနခြေင်းဖြစ်ပြီး အခြေခံတွင် နာရီ ၁၅၀ ကြာမြင့်မည်ဖြစ်သည်။ ဆရာအတတ်သင် စက်ချုပ်နည်းပညာသင်တန်း (TOT) တွင် သင်တန်းချိန် နာရီ ၂၁၀ ကြာမြင့်မည်ဖြစ်ပြီး သတ်မှတ်နာရီများ ပြည့်မီသည်အထိ သင်ကြားရမည်ဖြစ်သည်။ အခြေခံ စက်ချုပ်နည်းပညာသင်တန်းတွင် သင်တန်းသား ၁၂ ဦး၊ ဆရာအတတ်သင် စက်ချုပ်နည်းပညာသင်တန်း (TOT) တွင် ၂၀ ဦး စုစုပေါင်းသင်တန်းသား ၃၂ ဦး တက်ရောက်သင်ကြားလျက်ရှိသည်။ လက်ရှိ သင်တန်းတက်ရောက်နကြေသူများသည် မြန်မာနိုင်ငံ တိုင်းနှင့်ပြည်နယ် အသီးသီးရှိ လူထုအခြပြေုအဖွဲ့အစည်းများ၌ လုပ်ကိုင်နေသူများ အပါအဝင် ပြည်တွင်းနေထိုင်သူ သင်တန်းသူများဖြစ်ကြပါသည်။ စက်ချုပ်သင်တန်းသားများအနဖြေင့် သင်တန်းမှ သတ်မှတ်ထားသည့် အရည်အချင်းစစ်ဆေးမှုအဆင့်များအလိုက် ချင်းမိုင် နည်းပညာကောလိပ်အသိအမှတ်ပြု အောင်လက်မှတ်များကို ရရှိမည်ဖြစ်သည်။ ယခုလို အသက်မွေးဝမ်းကြောင်းသင်တန်းများကို ချင်းမိုင်နည်းပညာကောလိပ်နှင့် ပူးပေါင်းပို့ချနိုင်ခြင်းကြောင့် အာဆီယံ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု (AEC) ကိုဦးတည်သည့် လူ့စွမ်းအားအရင်းအမြစ် ထုတ်လုပ်ရန်နှင့် တိုးတက်ဖွံ့ဖြိုးလာစေရန် တဖက်တလမ်းမှ ကူညီပံ့ပိုးနိုင်မည်ဖြစ်သည်။ ဘီးမ်ပညာရေးဖောင်ဒေးရှင်းနှင့် ချင်းမိုင် နည်းပညာကောလိပ်တို့ ပူးပေါင်းဆောင်ရွက်သည့် အသက်မွေးဝမ်းကြောင်းသင်တန်းများမှတဆင့် ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းလုပ်သားများလည်း အသက်မွေးဝမ်းကြောင်းပညာရပ်များ ဆက်လက်သင်ယူလေ့လာခွင့် အခွင့်အရေး တစ်ရပ်ကို စဉ်ဆက်မပြတ် ရရှိနိုင်မည်ဖြစ်သည်။ ထို့အပြင် ပညာရေးဆိုင်ရာနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ အခွင့်အလမ်းနည်းပါးသူများနှင့် လူထုအကျိုးပြု ဆောင်ရွက် နေသော အဖွဲ့အစည်းများအတွက် အသက်မွေးဝမ်းကြောင်းပညာရပ်များ ဆက်လက်သင်ယူလေ့လာခွင့် အခွင့်အရေးလည်း ရရှိနိုင်ကြမည် ဖြစ်သည်။
ailoring training in collaboration with BEAM Education Foundation and Chiang Mai Polytechnic College
As the result of the MoU signing between BEAM Education Foundation and Chiang Mai Polytechnic College under Vocational Education Commission of the Ministry of Education, Thailand on 2nd September 2017 to initiate vocational education and short course technical skills on the subject of tailoring and cooking for the students to gain academic knowledge and vocational skills, the tailoring TOT training was successfully started. There are 2 tailoring training: (1) 210hours Tailoring TOT Training and (2) 150 hours Tailoring Short Course training initiated on 18 September 2017. The trainees will be attending until their courses finished and they will be provided the certificates after the assessments by Chiang Mai Polytechnic College. In Tailoring TOT Training, there are 20 participants including 13 trainees from the different regions from Myanmar who are working for the community based organizations. For Tailoring Short Course training, there are 12 participants, and there are 32 in total. Holding such kind of Vocational training in collaboration with Chiang Mai Polytechnic College will help to improve human resources in vocational education on the subject of tailoring skills toward ASEAN Economic Community (AEC). The beneficiary of these TOT and short course training aim for the opportunities of Migrant people in Thailand, underprivileged people and the community based organizations that can generate more tailoring training in their communities.
Leave a Reply
Your email address will not be published. Required fields are marked *