BEAM/JUMP! Community Impact Project Implementation
August 1, 2017
Mansur Alam, Volunteer Science Teacher
August 2, 2017

What are the BEAM alumni doing? Hay Tha

Hay Tha, originally from Karen State, Myanmar, is a graduate of the Faculty of Social Science at Chiang Mai University. After graduation, Hay Tha joined Burma Children Medical Fund (BCMF), a CBO that responds to the increasing number of children on the Thai-Burma border who require complex medical treatment and surgery that is not available at local clinics or hospitals. Despite its name, BCMF helps both children and adults. Approximately 300 to 500 patients benefit from BCMF services each year. Hay Tha currently works at BCMF as a project officer.

His main responsibilities include organizing projects in Burma and Thailand for the patients who require surgical treatment. He also interviews patients in Karen and Burmese (sometimes in Thai) and translates them back to English. Then he processes the information in order to get the patients ready for their surgical treatments in Chiang Mai, Lampang, Mae Sot, Mawlamyine, or Yangon. Additionally, he is involved in a wheelchair project where he personally fits the wheelchairs for kids and a school stationery project along the Thai-Burma border.

Hay Tha shares his experience at BCMF:

“Despite having a limited medical background, I enjoy working at BCMF since I joined the organization in August, 2016. It gives a space for me, as a social scientist, to apply what I have learned from my university. When a new project is proposed, I have to travel to Burma (Karen, Mon, Karenni, Mandalay, Shan States, Yangon, and Ayawaddy) to meet with patients and organize their journey and documents for their treatments in a suitable hospital; it could be in Thailand or within Burma, it depends on their medical diagnosis.

Since BCMF takes cases which need surgical treatments, we encountered the most risky results; nonetheless, most of the cases we take have a fruitful outcome. By working here at BCMF, I feel like I’m saving peoples’ lives. As for patients, they feel like they are winning a lottery after being cared for by BCMF through arrangement and financial support. Some patients spent most of their money and possessions, but they never get their diagnosis cured until they meet BCMF.”

He adds: “However, I would not be able to save lives unless BEAM paved the way for my university. BEAM acted as the last step of the ladder that takes me into a house, which is my further study. Without the last step of the ladder, I will either give up or fail to get to my destination. I would like to encourage my juniors who have joined BEAM program to keep walking until they reach their last step of the ladder and then get to their destination. BEAM is not just a bridge for a certain group of people, but it’s a bridge for all. On top of that, BEAM is not just a ladder or a bridge, but it’s a stepping stone that determines your direction toward your goals. So, if I can achieve my goal by studying at BEAM, you can also do the same since we’re no different. BEAM is a “rare bird” foundation that could turn your possibility into reality though education. With strong grit whether in study or workplace, we can achieve what we aim to. Success has nothing to do with our appearances, ethnic backgrounds and social status, but grit. They grittier you are in your struggle, the more successful you will be.”

ဘီမ္းေက်ာင္းသူ/ေက်ာင္းသားေဟာင္းမ်ား၏ လက္ရွိလုပ္ေဆာင္ခ်က္မ်ား – ေဟးသာ

ေဟးသာသည္ ျမန္မာႏိုင္ငံ၊ ကရင္ျပည္နယ္မွ ေ႐ႊ႕ေျပာင္းလာသူတစ္ဦးျဖစ္ၿပီး ဘီမ္းပညာေရးေဖာင္ေဒးရွင္း၏ ဂ်ီအီးဒီပ႐ိုဂရမ္တြင္ တက္ေရာက္ခဲ့ၿပီးေနာက္ ယခုအခါ ခ်င္းမိုင္တကၠသိုလ္၊ လူမႈေရးသိပၸံဌာနမွ ဘြဲ႔ရရွိခဲ့ၿပီျဖစ္သည္။ ဘြဲ႔ရၿပီးေနာက္ ျမန္မာႏိုင္ငံေဒသအသီးသီးမွ ေဆးကုသေစာင့္ေရွာက္မႈ အျပည့္အဝမရရွိသည့္အျပင္ အေရးေပၚ ေဆးကုသမႈႏွင့္ ခြဲစိတ္ကုသမႈဆိုင္ရာ အကူအညီလိုအပ္ေသာ ကေလးငယ္မ်ားႏွင့္ အ႐ြယ္ေရာက္ၿပီးသူမ်ားအတြက္ ထိုင္း-ျမန္မာနယ္စပ္၌

က်န္းမာေရးဝန္ေဆာင္မႈေပးေနေသာ Burma Children Medical Fund (BCMF) အဖြဲ႔၌ စီမံကိန္းတာဝန္ခံအျဖစ္ ဝင္ေရာက္လုပ္ကိုင္လ်က္ရွိသည္။ ႏွစ္စဥ္ လူနာဦးေရ ၃၀၀ မွ ၅၀၀ အထိ BCMF ၏ က်န္းမာေရးဝန္ေဆာင္မႈမ်ားမွ ပံ့ပိုးမႈမ်ား ရရွိလ်က္ရွိသည္။ ေဟးသာ၏ အဓိကတာဝန္မ်ားတြင္ ခြဲစိတ္ကုသမႈလုိအပ္ေသာလူနာမ်ားအတြက္ ျမန္မာႏွင့္ ထိုင္းႏိုင္ငံအတြင္း ေဆးကုသမႈရရွိရန္ ဦးစီးစီစဥ္ရျခင္း၊ လူနာမ်ားအား ကရင္ဘာသာ၊ ျမန္မာဘာသာ၊ ထိုင္းဘာသာတို႔ျဖင့္ အင္တာဗ်ဴးရၿပီး အဂၤလိပ္ဘာသာသို႔ ျပန္ဆိုျခင္းလည္း ပါဝင္သည္။ ထို႔ေနာက္ လိုအပ္ေသာ အေထာက္အထား၊ အခ်က္အလက္မ်ားကို ျပည့္စံုစြာစီစဥ္ေဆာင္႐ြက္ၿပီး

ခြဲစိတ္ကုသမႈခံယူမည့္လူနာမ်ားအား ထိုင္းႏိုင္ငံအတြင္းရွိ ခ်င္းမိုင္၊ လန္းပန္း၊ မဲေဆာက္ၿမိဳ႕မ်ားသို႔လည္းေကာင္း၊ ျမန္မာႏိုင္ငံအတြင္းရွိ ေမာ္လၿမိဳင္ သို႔မဟုတ္ ရန္ကုန္ၿမိဳ႕မ်ားသို႔လည္းေကာင္း စီစဥ္ပို႔ေဆာင္ေပးရသည္။ ထို႔ျပင္ ကေလးငယ္မ်ားအတြက္ လက္တြန္းလွည္းတပ္ဆင္ေပးသည့္ စီမံကိန္းတြင္လည္း ပါဝင္ေဆာင္႐ြက္ၿပီး ထိုင္း-ျမန္မာနယ္စပ္ေဒသတေလွ်ာက္ ေက်ာင္းသံုးစာေရးကိရိယာ စီမံကိန္းမ်ား၌လည္း ပါဝင္ေဆာင္႐ြက္လ်က္ရွိသည္။

BCMF ၌ အလုပ္လုပ္ကိုင္ရသည့္ အေတြ႔အႀကံဳႏွင့္ပတ္သက္ၿပီး ေဟးသာက ယခုလိုမွ်ေဝပါသည္:

“ဒီအဖြဲ႔အစည္းမွာ ၂၀၁၆ ခုႏွစ္၊ ၾသဂုတ္လကတည္းက စတင္လုပ္လာခဲ့ၿပီး က်ေနာ္ရဲ႕ ေနာက္ခံက ေဆးပညာဆိုင္ရာနဲ႔ တိုက္႐ိုက္မပတ္သက္ေပမယ့္ ဒီမွာအလုပ္လုပ္ရတာ ေပ်ာ္႐ႊင္ပါတယ္။ ဒီအလုပ္က က်ေနာ့္အတြက္ တကၠသိုလ္မွာ သင္ယူေလ့လာခဲ့တာေတြကို လူမႈေရးသိပၸံကၽြမ္းက်င္သူတစ္ေယာက္အျဖစ္ တဖက္တလမ္းက အသံုးခ်ဖို႔ အခြင့္အေရး ေပးပါတယ္။ စီမံကိန္းအသစ္ေတြစတင္တဲ့အခါ က်ေနာ့္အေနနဲ႔ ကရင္ျပည္နယ္၊ မြန္ျပည္နယ္၊ ကရင္နီေဒသ၊ ရွမ္းျပည္နယ္၊ ရန္ကုန္နဲ႔ ဧရာဝတီတိုင္းေဒသေတြ စတဲ့ ေနရာအႏွံ႔အျပားကို ခရီးသြားရၿပီး လူနာေတြနဲ႔ ေတြ႔ဆံုရတယ္။ သူတို႔ရဲ႕ ေရာဂါရွာေဖြေတြ႔ရွိမႈအေျခအေနအရ ထိုင္းႏိုင္ငံတြင္း သို႔မဟုတ္ ျမန္မာႏိုင္ငံတြင္း ေဆး႐ံုေတြမွာ ခြဲစိတ္ကုသမႈခံယူဖို႔အတြက္ လိုအပ္တဲ့ ခရီးသြားအစီအစဥ္၊ ခရီးသြားေထာက္ခံစာေတြကို ျပင္ဆင္ေပးရပါတယ္။

BCMF က ခြဲစိတ္ကုသမႈကိစၥေတြကို တာဝန္ယူေဆာင္႐ြက္တဲ့အတြက္ က်ေနာ္တို႔အတြက္ အင္မတန္စြန္႔စားရတဲ့ ရလဒ္ေတြကို ရင္ဆိုင္ႀကံဳေတြ႔ရေပမယ့္ ကိစၥအမ်ားစုမွာေတာ့ အက်ဳိးျဖစ္ထြန္းမႈရလဒ္ေတြကို ရရွိခဲ့ပါတယ္။ BCMF မွာ အလုပ္လုပ္ရတာ က်ေနာ့္အေနနဲ႔ လူေတြရဲ႕အသက္ကိုကယ္ဆယ္ေနတယ္လို႔ ခံစားရတယ္။ လူနာေတြအတြက္လည္း BCMF ရဲ႕ စီစဥ္ေပးမႈေတြ၊ ေငြေၾကးပံ့ပိုးေပးမႈေတြကိုရတဲ့အခါ သူတို႔အတြက္ ထီေပါက္သလိုပဲ။ တခ်ဳိ႕လူနာေတြက သူတို႔ရဲ႕ ေငြေၾကးေတြ၊ စည္းစိမ္ဥစၥာေတြ ကုန္တဲ့အထိ ေရာဂါရွာေဖြကုသမႈေတြအတြက္ ရင္းႏွီးကုန္က်ခဲ့ရေတြရွိေပမယ့္ BCMF နဲ႔ မေတြ႔ခင္အထိ ေရာဂါအေျခအေနနဲ႔ပတ္သက္ၿပီး အေထြအထူးေျပာင္းလဲတိုးတက္မႈမရွိတာေတြ ရွိခဲ့ပါတယ္။”

ဆက္လက္ၿပီး ဘီမ္း၏ပ႐ိုဂရမ္မ်ားႏွင့္ လက္ရွိတက္ေရာက္လ်က္ရွိေသာ ေက်ာင္းသားလူငယ္မ်ားႏွင့္ပတ္သက္၍ ယခုလိုထပ္ေလာင္းေျပာဆိုခဲ့ပါသည္: “ဘီမ္းေက်ာင္းမရွိဘဲ က်ေနာ္ အခုလိုမ်ဳိး လူေတြရဲ႕ အသက္ကို ကယ္တင္ႏိုင္မယ့္ အေျခအေနကို ရလာမွာမဟုတ္ပါဘူး။ ဘီမ္းက က်ေနာ့္ရဲ႕ ပညာေရးကို ေရွ႕ဆက္သြားႏိုင္ဖို႔ ေနာက္ဆံုးေလွကားထစ္ တစ္ခုလိုပဲ။ ဒီလို ေနာက္ဆံုးေလွကားထစ္တစ္ခုသာ မရွိခဲ့ရင္ က်ေနာ့္ရဲ႕ ရည္မွန္းခ်က္ပန္းတိုင္ကိုမေရာက္ခင္ က်ေနာ္ လက္ေလွ်ာ့အ႐ံႈးေပးတာပဲျဖစ္ျဖစ္၊ မေအာင္ျမင္တာပဲျဖစ္ျဖစ္ ႀကံဳေတြ႔ခဲ့ရမွာပါ။ ဘီမ္းေက်ာင္းမွာ လက္ရွိတက္ေနၾကတဲ့ က်ေနာ့္ရဲ႕ ညီငယ္/ညီမငယ္ေတြကို အထူးမွာၾကားခ်င္တာက ကိုယ့္ရဲ႕ရည္မွန္းခ်က္ပန္းတိုင္ကိုေရာက္ဖို႔ ေနာက္ဆံုးေလွကားထစ္ကို ဘာအခက္အခဲေတြပဲႀကံဳႀကံဳ၊ မေရာက္ေရာက္ေအာင္ တက္လွမ္းၾကဖို႔ပါပဲ။ ဘီမ္းေက်ာင္းက လူတစ္ဦးတစ္ေယာက္၊ အုပ္စုအဖြဲ႔တစ္ခုအတြက္ပဲ မဟုတ္ဘဲ လူတိုင္းအတြက္ တံတားတစ္စင္းပဲျဖစ္ပါတယ္။ ၿပီးေတာ့ ဘီမ္းက ေလွကားတစ္ထစ္ ဒါမွမဟုတ္ တံတားတစ္စင္းသာမကဘဲ သင့္ရဲ႕ ရည္မွန္းခ်က္ကိုေရာက္ဖို႔ ကူညီဆံုးျဖတ္ေပးတဲ့ ေလွကားထစ္တစ္ခုပါပဲ။ ဘီမ္းေက်ာင္းက သင့္ရဲ႕ ျဖစ္ႏိုင္ေျခရွိတဲ့ စိတ္ကူးအိပ္မက္ေတြကို တကယ့္အျဖစ္အပ်က္အျဖစ္ အေကာင္အထည္ေဖာ္ႏိုင္ေအာင္ ပညာေရးပံ့ပိုးမႈေတြကေနတဆင့္ ကူညီေပးေနတဲ့ အဖြဲ႔အစည္းတစ္ခုျဖစ္တယ္။ ပညာသင္ေနစဥ္မွာပဲျဖစ္ျဖစ္၊ လုပ္ငန္းခြင္ထဲမွာပဲျဖစ္ျဖစ္ က်ေနာ္တို႔ရဲ႕ စိတ္ဓါတ္ႀကံ့ခိုင္မႈကသာ ကၽြႏ္ုပ္တို႔ရဲ႕ ရည္မွန္းခ်က္ပန္းတိုင္ကို ေရာက္ရွိဖို႔အတြက္ အဓိကပါပဲ။ ေအာင္ျမင္မႈဆိုတာ က်ေနာ္တို႔ရဲ႕ ႐ုပ္ပိုင္းဆိုင္ရာပံုပန္းသ႑ာန္၊ တိုင္းရင္းသားလူမ်ဳိးစုနဲ႔ လူမႈေရးဆိုင္ရာအေနအအထားအရ မဟုတ္ဘဲ က်ေနာ္တို႔ရဲ႕ စိတ္ဓါတ္ႀကံ့ခိုင္မႈကေနပဲ လာတာပါ။ အခက္အခဲေတြၾကားမွာ အဲ့ဒီစိတ္ဓါတ္ႀကံ့ခိုင္မႈကို ခိုင္ၿမဲေအာင္ထားႏိုင္ေလေလ၊ သင့္ဘဝမွာ ေအာင္ျမင္မႈပိုမိုရလာေလေလပဲ။”

ဘီမ်းကျောင်းသူ/ကျောင်းသားဟောင်းများ၏ လက်ရှိလုပ်ဆောင်ချက်များ – ဟေးသာ ဟေးသာသည် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်မှ ရွှေ့ပြောင်းလာသူတစ်ဦးဖြစ်ပြီး ဘီမ်းပညာရေးဖောင်ဒေးရှင်း၏ ဂျီအီးဒီပရိုဂရမ်တွင် တက်ရောက်ခဲ့ပြီးနောက် ယခုအခါ ချင်းမိုင်တက္ကသိုလ်၊ လူမှုရေးသိပ္ပံဌာနမှ ဘွဲ့ရရှိခဲ့ပြီဖြစ်သည်။ ဘွဲ့ရပြီးနောက် မြန်မာနိုင်ငံဒေသအသီးသီးမှ ဆေးကုသစောင့်ရှောက်မှု အပြည့်အဝမရရှိသည့်အပြင် အရေးပေါ် ဆေးကုသမှုနှင့် ခွဲစိတ်ကုသမှုဆိုင်ရာ အကူအညီလိုအပ်သော ကလေးငယ်များနှင့် အရွယ်ရောက်ပြီးသူများအတွက် ထိုင်း-မြန်မာနယ်စပ်၌ ကျန်းမာရေးဝန်ဆောင်မှုပေးနေသော Burma Children Medical Fund (BCMF) အဖွဲ့၌ စီမံကိန်းတာဝန်ခံအဖြစ် ဝင်ရောက်လုပ်ကိုင်လျက်ရှိသည်။ နှစ်စဉ် လူနာဦးရေ ၃၀၀ မှ ၅၀၀ အထိ BCMF၏ ကျန်းမာရေးဝန်ဆောင်မှုများမှ ပံ့ပိုးမှုများ ရရှိလျက်ရှိသည်။ ဟေးသာ၏ အဓိကတာဝန်များတွင် ခွဲစိတ်ကုသမှုလိုအပ်သောလူနာများအတွက် မြန်မာနှင့် ထိုင်းနိုင်ငံအတွင်း ဆေးကုသမှုရရှိရန် ဦးစီးစီစဉ်ရခြင်း၊ လူနာများအား ကရင်ဘာသာ၊ မြန်မာဘာသာ၊ ထိုင်းဘာသာတို့ဖြင့် အင်တာဗျူးရပြီး အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခြင်းလည်း ပါဝင်သည်။ ထို့နောက် လိုအပ်သော အထောက်အထား၊ အချက်အလက်များကို ပြည့်စုံစွာစီစဉ်ဆောင်ရွက်ပြီး ခွဲစိတ်ကုသမှုခံယူမည့်လူနာများအား ထိုင်းနိုင်ငံအတွင်းရှိ ချင်းမိုင်၊ လန်းပန်း၊ မဲဆောက်မြို့များသို့လည်းကောင်း၊ မြန်မာနိုင်ငံအတွင်းရှိ မော်လမြိုင် သို့မဟုတ် ရန်ကုန်မြို့များသို့လည်းကောင်း စီစဉ်ပို့ဆောင်ပေးရသည်။ ထို့ပြင် ကလေးငယ်များအတွက် လက်တွန်းလှည်းတပ်ဆင်ပေးသည့် စီမံကိန်းတွင်လည်း ပါဝင်ဆောင်ရွက်ပြီး ထိုင်း-မြန်မာနယ်စပ်ဒေသတလျှောက် ကျောင်းသုံးစာရေးကိရိယာ စီမံကိန်းများ၌လည်း ပါဝင်ဆောင်ရွက်လျက်ရှိသည်။

BCMF၌ အလုပ်လုပ်ကိုင်ရသည့် အတွေ့အကြုံနှင့်ပတ်သက်ပြီး ဟေးသာက ယခုလိုမျှဝေပါသည်:

“ဒီအဖွဲ့အစည်းမှာ ၂၀၁၆ ခုနှစ်၊ သြဂုတ်လကတည်းက စတင်လုပ်လာခဲ့ပြီး ကျနော်ရဲ့ နောက်ခံက ဆေးပညာဆိုင်ရာနဲ့ တိုက်ရိုက်မပတ်သက်ပေမယ့် ဒီမှာအလုပ်လုပ်ရတာ ပျော်ရွှင်ပါတယ်။ ဒီအလုပ်က ကျနော့်အတွက် တက္ကသိုလ်မှာ သင်ယူလေ့လာခဲ့တာတွေကို လူမှုရေးသိပ္ပံကျွမ်းကျင်သူတစ်ယောက်အဖြစ် တဖက်တလမ်းက အသုံးချဖို့ အခွင့်အရေး ပေးပါတယ်။ စီမံကိန်းအသစ်တွေစတင်တဲ့အခါ ကျနော့်အနေနဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်နီဒေသ၊ ရှမ်းပြည်နယ်၊ ရန်ကုန်နဲ့ ဧရာဝတီတိုင်းဒေသတွေ စတဲ့ နေရာအနှံ့အပြားကို ခရီးသွားရပြီး လူနာတွေနဲ့ တွေ့ဆုံရတယ်။ သူတို့ရဲ့ ရောဂါရှာဖွေတွေ့ရှိမှုအခြေအနေအရ ထိုင်းနိုင်ငံတွင်း သို့မဟုတ် မြန်မာနိုင်ငံတွင်း ဆေးရုံတွေမှာ ခွဲစိတ်ကုသမှုခံယူဖို့အတွက် လိုအပ်တဲ့ ခရီးသွားအစီအစဉ်၊ ခရီးသွားထောက်ခံစာတွေကို ပြင်ဆင်ပေးရပါတယ်။

BCMF က ခွဲစိတ်ကုသမှုကိစ္စတွေကို တာဝန်ယူဆောင်ရွက်တဲ့အတွက် ကျနော်တို့အတွက် အင်မတန်စွန့်စားရတဲ့ ရလဒ်တွေကို ရင်ဆိုင်ကြုံတွေ့ရပေမယ့် ကိစ္စအများစုမှာတော့ အကျိုးဖြစ်ထွန်းမှုရလဒ်တွေကို ရရှိခဲ့ပါတယ်။ BCMF မှာ အလုပ်လုပ်ရတာ ကျနော့်အနေနဲ့ လူတွေရဲ့အသက်ကိုကယ်ဆယ်နေတယ်လို့ ခံစားရတယ်။ လူနာတွေအတွက်လည်း BCMF ရဲ့ စီစဉ်ပေးမှုတွေ၊ ငွေကြေးပံ့ပိုးပေးမှုတွေကိုရတဲ့အခါ သူတို့အတွက် ထီပေါက်သလိုပဲ။ တချို့လူနာတွေက သူတို့ရဲ့ ငွေကြေးတွေ၊ စည်းစိမ်ဥစ္စာတွေ ကုန်တဲ့အထိ ရောဂါရှာဖွေကုသမှုတွေအတွက် ရင်းနှီးကုန်ကျခဲ့ရတွေရှိပေမယ့် BCMF နဲ့ မတွေ့ခင်အထိ ရောဂါအခြေအနေနဲ့ပတ်သက်ပြီး အထွေအထူးပြောင်းလဲတိုးတက်မှုမရှိတာတွေ ရှိခဲ့ပါတယ်။”

ဆက်လက်ပြီး ဘီမ်း၏ပရိုဂရမ်များနှင့် လက်ရှိတက်ရောက်လျက်ရှိသော ကျောင်းသားလူငယ်များနှင့်ပတ်သက်၍ ယခုလိုထပ်လောင်းပြောဆိုခဲ့ပါသည်: “ဘီမ်းကျောင်းမရှိဘဲ ကျနော် အခုလိုမျိုး လူတွေရဲ့ အသက်ကို ကယ်တင်နိုင်မယ့် အခြေအနေကို ရလာမှာမဟုတ်ပါဘူး။ ဘီမ်းက ကျနော့်ရဲ့ ပညာရေးကို ရှေ့ဆက်သွားနိုင်ဖို့ နောက်ဆုံးလှေကားထစ် တစ်ခုလိုပဲ။ ဒီလို နောက်ဆုံးလှေကားထစ်တစ်ခုသာ မရှိခဲ့ရင် ကျနော့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ကိုမရောက်ခင် ကျနော် လက်လျှော့အရှုံးပေးတာပဲဖြစ်ဖြစ်၊ မအောင်မြင်တာပဲဖြစ်ဖြစ် ကြုံတွေ့ခဲ့ရမှာပါ။ ဘီမ်းကျောင်းမှာ လက်ရှိတက်နကြေတဲ့ ကျနော့်ရဲ့ ညီငယ်/ညီမငယ်တွေကို အထူးမှာကြားချင်တာက ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကိုရောက်ဖို့ နောက်ဆုံးလှေကားထစ်ကို ဘာအခက်အခဲတွေပဲကြုံကြုံ၊ မရောက်ရောက်အောင် တက်လှမ်းကြဖို့ပါပဲ။ ဘီမ်းကျောင်းက လူတစ်ဦးတစ်ယောက်၊ အုပ်စုအဖွဲ့တစ်ခုအတွက်ပဲ မဟုတ်ဘဲ လူတိုင်းအတွက် တံတားတစ်စင်းပဲဖြစ်ပါတယ်။ ပြီးတော့ ဘီမ်းက လှေကားတစ်ထစ် ဒါမှမဟုတ် တံတားတစ်စင်းသာမကဘဲ သင့်ရဲ့ ရည်မှန်းချက်ကိုရောက်ဖို့ ကူညီဆုံးဖြတ်ပေးတဲ့ လှေကားထစ်တစ်ခုပါပဲ။ ဘီမ်းကျောင်းက သင့်ရဲ့ ဖြစ်နိုင်ခြေရှိတဲ့ စိတ်ကူးအိပ်မက်တွေကို တကယ့်အဖြစ်အပျက်အဖြစ် အကောင်အထည်ဖော်နိုင်အောင် ပညာရေးပံ့ပိုးမှုတွေကနေတဆင့် ကူညီပေးနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တယ်။ ပညာသင်နေစဉ်မှာပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်ထဲမှာပဲဖြစ်ဖြစ် ကျနော်တို့ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကသာ ကျွနု်ပ်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိဖို့အတွက် အဓိကပါပဲ။ အောင်မြင်မှုဆိုတာ ကျနော်တို့ရဲ့ ရုပ်ပိုင်းဆိုင်ရာပုံပန်းသဏ္ဍာန်၊ တိုင်းရင်းသားလူမျိုးစုနဲ့ လူမှုရေးဆိုင်ရာအနေအအထားအရ မဟုတ်ဘဲ ကျနော်တို့ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကနေပဲ လာတာပါ။ အခက်အခဲတွကြေားမှာ အဲ့ဒီစိတ်ဓာတ်ကြံ့ခိုင်မှုကို ခိုင်မြဲအောင်ထားနိုင်လေလေ၊ သင့်ဘဝမှာ အောင်မြင်မှုပိုမိုရလာလေလေပဲ။”

Leave a Reply

Your email address will not be published. Required fields are marked *