Consultation Training for Legal Employment in Thailand
July 21, 2017
BEAM/JUMP! Community Impact Project Implementation
August 1, 2017

What are the BEAM alumni doing? Nang Lin Kham

Nang Lin Kham, originally from Shan State, Myanmar, is a graduate of the Faculty of Social Science at Chiang Mai University. Immediately after her graduation, she began to work at BEAM as an assistant Legal Assistance Program Officer. She expresses her passion for working with BEAM: “BEAM has given me a lot of chances; I want to hand those chances to the other young people. The other reason is that I personally belief in the power of education in human development, which is the start of other types of development. And BEAM is working to develop the capacity of humans, which will lead to the development of the society as a whole.”

Lin Kham’s expectation of working with BEAM is to be part of a team that promotes education rights for all and turns those rights into practice so that a greater number of children will have access to quality education.

She adds: “By working at BEAM, I believe that the most effective revenge is to improve myself. I would rather prove it by action, not just through words. Don’t allow the discrimination to weaken you, but keep on improving yourself to be stronger than those discriminating actions and words. BEAM is providing the space for you to improve yourself. Since BEAM is able to help me achieve my goals, BEAM can also help you achieve your goals. Since then, I have learned that BEAM never stops improving; the numbers of BEAM students in university and BEAM alumni working in the community prove that BEAM has grown so fast. Also BEAM adapts with the needs of the society, able to accept new methods and change for long term solution to problems.”

ဘီမ်းကျောင်းသူ/ကျောင်းသားဟောင်းများ၏ လက်ရှိလုပ်ဆောင်ချက်များ – နန်းလင်ခမ်း

နန်းလင်ခမ်းသည် မြန်မာနိုင်ငံအရှေ့ပိုင်း၊ ရှမ်းပြည်နယ်မှ ရွှေ့ပြောင်းလာသူတစ်ဦးဖြစ်ပြီး ဘီမ်းပညာရေးဖောင်ဒေးရှင်း၏ ဂျီအီးဒီပရိုဂရမ်တွင် တက်ရောက်ခဲ့ပြီးနောက် ယခုအခါ ချင်းမိုင်တက္ကသိုလ်၊ လူမှုရေးသိပ္ပံဌာနမှ ဘွဲ့ရရှိခဲ့ပြီဖြစ်သည်။ ဘွဲ့ရပြီးသည်နှင့်တပြိုက်နက် ဘီမ်းပညာရေးဖောင်ဒေးရှင်း၌ Legal Assistance ပရိုဂရမ်လက်ထောက်အဖြစ် စတင်လုပ်ကိုင်လျက်ရှိသည်။ ဘီမ်း၌အလုပ်လုပ်ကိုင်ရခြင်းနှင့် ပတ်သက်ပြီး နန်းလင်ခမ်းမှ ယခုလိုပြောကြားပါသည်: “ဘီမ်းမှာ ကျမအတွက် အခွင့်အလမ်းတွေအများကြီးရတဲ့အပြင် အခြားလူငယ်တွေအတွက် ကျမ ထိုအခွင့်အလမ်းတွေကို ဆုပ်ကိုင်ထားချင်ပါတယ်။ အခြားရည်ရွယ်ချက်တစ်ခုကတော့ အလုံးစုံဖွံ့ဖြိုးရေးအတွက် ပထမဆုံးဖွံ့ဖြိုးရေးလုပ်ဖို့လိုတဲ့ ပညာရေးဖွံ့ဖြိုးမှုရဲ့ အရေးကြီးမှုဟာ လူသားဖွံ့ဖြိုးမှုအတွက် အဓိကကျတယ်လို့ ကျမအနေနဲ့ ပုဂ္ဂိုလ်ရေးအရ ယုံကြည်ချက်ရှိလို့ ဘီမ်းနဲ့ လက်တွဲခဲ့တာဖြစ်တယ်။ ဘီမ်းပညာရေးဖောင်ဒေးရှင်းကလည်း လူမှုအသိုင်းအဝန်းတစ်ခုလုံးဖွံ့ဖြိုးရေးကိုဦးတည်တဲ့ လူသားဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့အတွက် ကျမဘွဲ့ရပြီးရင် ဘီမ်းမှာအလုပ်လုပ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်”

ဆက်လက်ပြီး ဘီမ်း၏ပရိုဂရမ်များနှင့် လက်ရှိတက်ရောက်လျက်ရှိသော ကျောင်းသားလူငယ်များနှင့်ပတ်သက်၍ ယခုလိုထပ်လောင်းပြောဆိုခဲ့ပါသည်: “ဘီမ်းမှာ လက်ရှိအလုပ်လုပ်နေတဲ့အတွေ့အကြုံအရ မိမိကိုယ်ကို အကောင်းဆုံးတိုးတက်အောင် လုပ်ဆောင်ခြင်းက အကောင်းဆုံးတုန့်ပြန်အကျိုးပြုမှုတစ်ခုဖြစ်တယ်လို့ ကျမယုံကြည်ပါတယ်။ ဒါက ကျမ အပြောနဲ့မဟုတ်ဘဲ အလုပ်နဲ့ သက်သေပြလိုပါတယ်။ ကျမကိုယ်ကျမ တိုးတက်အောင်လုပ်ဆောင်တဲ့အခါမှာ ကျမကို အားလျော့သွားစေမယ့် အကြောင်းအရာမှန်သမျှကို လစ်လျူရှုပြီး အဲ့ဒီလို အားလျော့သွားစေမယ့်အရာတွေထက် ပိုမိုကြံ့ခိုင်အားကောင်းလာအောင် ကျမကိုယ်ကျမ တည်ဆောက်ပြုပြင်သွားမှာ ဖြစ်ပါတယ်။ ဘီမ်းပညာရေးဖောင်ဒေးရှင်းကလည်း သင့်ကိုယ်သင် တိုးတက်အောင်လုပ်ဖို့ အခွင့်အလမ်းတွေပေးလျက်ရှိပါတယ်။ ဘီမ်းက ကျမရဲ့ စိတ်ကူးအိပ်မက် ရည်မှန်းချက်တွေကို အောင်မြင်အောင် ကူညီပေးနိုင်သလိုပဲ သင့်အတွက်လည်းပဲ ကူညီပေးလျက်ရှိပါတယ်။ အဲ့ဒီကတည်းက ဘီမ်းက ကျောင်းသူ/ကျောင်းသား များစွာကို အဆင့်မြင့်ပညာရေး၊ အသက်မွေးဝမ်းကြောင်းပညာရေးတို့ကို ပံ့ပိုးဖြည့်ဆည်းပေးခြင်းဖြင့် နိုင်ငံတကာ တက္ကသိုလ်များ၊ ဘီမ်းကျောင်းသူ/ကျောင်းသားဟောင်းများက မိမိတို့၏ ရပ်ရွာဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများကို လက်တွေ့အကောင်အထည်ဖော်ဆောင်နေတာကို ကြည့်ခြင်းအားဖြင့် ဘီမ်းရဲ့ အောင်မြင်ကြီးထွားမှုကို သက်သေပြနေပါတယ်။ ဘီမ်းအနေဖြင့် လူမှုအဖွဲ့အစည်းများရဲ့ လိုအပ်ချက်များကို အစဉ်အမြဲ စောင့်ကြည့်ချိတ်ဆက် ပံ့ပိုးပေးပြီး လိုအပ်ချက်များအတွက် ရေရှည်ဖြေရှင်းနိုင်မှုနည်းလမ်းအသစ်များကို လက်ခံကာ အကောင်းဆုံးတုန့်ပြန် ဆောင်ရွက်နေတဲ့နေရာတစ်ခုပါပဲ။”

Leave a Reply

Your email address will not be published. Required fields are marked *