ICT Workshop
September 29, 2018
BEAM/JUMP! Youth Leadership Conference (2-4 Nov)
October 25, 2018

Signing ceremony of the Memorandum of Understanding (MoU) between CMIRC and BEAM

On 1 October a signing ceremony of the Memorandum of Understanding (MoU) between the Chiang Mai International Rotary Club (CMIRC) and the BEAM Education Foundation was held at BEAM.

The agreement highlights the role of cross-cultural exchange and international peace and understanding which both the Rotary Club and BEAM value. Participating Rotarians will conduct after-school activities for BEAM students that will introduce the acquisition of knowledge about different countries and cultures around the world, thus fostering cross-cultural exchange and international peace and understanding. The activities will be conducted in the English language, so as to enhance further spoken mastery of the language for future studies and endeavors.

BEAM will provide participating students and classroom in which club activities will be held.This MOU will take effect and remain in effect during the 2018-2019 School Year.

CMIRC is a group of women and men – from many nationalities – committed to the Rotary guiding principle of “Service Above Self”.  CMIRC is working to improve CHILD SAFETY, HEALTH AND EDUCATION in the communities they serve.  Their approach to various service projects use the Rotary Core Values of Integrity, Service, Fellowship, Diversity and Leadership as their compass.

Currently CMIRC’s ongoing service projects include:

  • BCMF – B.K. Kee Patient House
  • Children’s Water Safety and Drowning Prevention
  • The Mae Tao Clinic Child Protection & Education
  • Winter Clothing Appeal

<Zawgyi>

CMIRC နှင့် ဘီမ်းပညာရေးဖောင်ဒေးရှင်းတို့၏ နားလည်မှုစာချွန်လွှာ



ဘီမ်းပညာရေးဖောင်ဒေးရှင်းအနေဖြင့် လိုအပ်သည့် စာသင်ခန်းနေရာနှင့် သင်ထောက်ကူပစ္စည်းများကို ပံ့ပိုးပေးမည်ဖြစ်ပြီး ဤသဘောတူညီချက်ကို ၂၀၁၈-၁၉ ပညာသင်နှစ်အတွက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။




<Unicode>

CMIRC င့် ဘီမ်းပညာရေးဖောင်ဒေးရင်းတို့၏ နားလည်မုစာချွန်လွ

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ချင်းမိုင် နိုင်ငံတကာ ရိုထရီကလပ် (CMIRC) နှင့် ဘီမ်းပညာရေး ဖောင်ဒေးရှင်းတို့သည် ပညာရေး အခွင့်အလမ်းနည်းပါးသူများအပါအဝင် မြန်မာရွှေ့ပြောင်း ကျောင်းသူ/ကျောင်းသားများ၏ ပညာရေးဆိုင်ရာနှင့် အပြန်အလှန်ယဉ်ကျေးမှုဖလှယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြ သည်။

သဘောတူညီချက်သည် အပြန်အလှန်ယဉ်ကျေးမှုဖလှယ်ရေး၊ နိုင်ငံတကာငြိမ်းချမ်းရေးနှင့် CMIRC နှင့် ဘီမ်းပညာရေး ဖောင်ဒေးရှင်းတို့၏ တန်ဖိုးများကို အပြန်အလှန်နားလည်မှုရရှိရေးကို မီးမောင်းထိုးပြသည်။ CMIRC မှ ဘီမ်းကျောင်းသူ/ ကျောင်းသားများအတွက် စာသင်ချိန်ပြင်ပ လုပ်ဆောင်ချက်များအဖြစ် ကမ္ဘာတဝှမ်းရှိ မတူညီသော နိုင်ငံများနှင့် ယဉ်ကျေးမှုများအကြောင်း အတွေ့အကြုံ၊ ဗဟုသုတမျှဝေမှုကဏ္ဍများကို ဦးဆောင်သွားမည်ဖြစ်ပြီး အပြန်အလှန် ယဉ်ကျေးမှုဖလှယ်ရေး၊ နိုင်ငံတကာငြိမ်းချမ်းရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနိုင်ရေးအတွက် အပြန်အလှန် နားလည်မှု တည်ဆောက်ခြင်းဆိုင်ရာ လုပ်ဆောင်ချက်များကို ဦးဆောင်သွားမည်။ ဆွေးနွေးချက်များကို အင်္ဂလိပ်ဘာသာဖြင့် ပြုလုပ်သွားမည်ဖြစ်သည့်အတွက် ဘီမ်းကျောင်းသူ/ကျောင်းသားများအတွက် အင်္ဂလိပ်ဘာသာစကား အရည်အသွေး တိုးတက်လာမှုနှင့် အနာဂတ် ပညာရေး စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားသွားနိုင်ရန် ပြင်ဆင်ပေးပြီးသား ဖြစ်မည်။

ဘီမ်းပညာရေးဖောင်ဒေးရှင်းအနဖြေင့် လိုအပ်သည့် စာသင်ခန်းနေရာနှင့် သင်ထောက်ကူပစ္စည်းများကို ပံ့ပိုးပေးမည်ဖြစ်ပြီး ဤသဘောတူညီချက်ကို ၂၀၁၈-၁၉ ပညာသင်နှစ်အတွက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

CMIRC သည် လူမှုအကျိုးပြုလုပ်ငန်းများကို အဖက်ဖက်မှ ကူညီပံ့ပိုးဝန်ဆောင်မှုပေးနေသည့် နိုင်ငံတကာမှ အမျိုးသား၊ အမျိုးသမီးများပါဝင်သည့် “အများအကျိုးပြုရန်” ဟူသော ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်နေသည့် အစုအဖွဲ့ဖြစ်သည်။ CMIRC၏ ဝန်ဆောင်မှုများတွင် ကလေးများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများ ပါဝင်သည်။၎င်းတို့၏ အမျိုးမျိုးသော ဝန်ဆောင်မှုစီမံကိန်းများကို ချဉ်းကပ်ရာတွင် CMIRC၏ အဓိကတန်ဖိုးဖြစ်သည့် ဂုဏ်သိက္ခါ၊ ဝန်ဆောင်မှု၊ အဖွဲ့လိုက်ဆောင်ရွက်ခြင်း၊ မတူကွဲပြားခြားနားခြင်းနှင့် ဦးဆောင်မှုအပိုင်းများဖြင့် လုပ်ဆောင်သည်။

CMIRC၏ လက်ရှိ ဝန်ဆောင်မှုစီမံကိန်းများတွင် အောက်ပါတို့ ပါဝင်သည်-

  • BCMF – B.K. Kee ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုဂေဟာ
  • ကလေးများအတွက် ရေအန္တရာယ်နှင့် ရေနစ်ခြင်းမှ ကာကွယ်ရေး
  • မယ်တော်ဆေးခန်း ကလေးကာကွယ်ရေးနှင့် ပညာရေး
  • ဆောင်းရာသီတွင်း အနွေးထည်ဝန်ဆောင်မှု

Leave a Reply

Your email address will not be published. Required fields are marked *