As outcome of the BEAM/JUMP! Youth Leadership Conference: “Raising Lanterns of Chiang Mai,” which was held on 5-6 November 2016 in Chiang Mai, three groups of youth including Myanmar youth, Thai youth, and Thai ethnic youth worked together to implement community impact projects. The three winning projects aimed to improve educational access for migrant and refugee youth, educate traffic rules among migrants, and prevent dangerous mosquito borne illnesses through training. All of the projects were completed successfully on 27th July, 30th July, and 5th August, 2017 respectively.The project members were true change-makers who actively worked together to make a difference in their communities. Congratulations on doing such a great job while completing all of the community impact projects.
As outcome of the BEAM/JUMP! Youth Leadership Conference: “Raising Lanterns of Chiang Mai,” which was held on 5-6 November 2016 in Chiang Mai, three groups of youth including Myanmar youth, Thai youth, and Thai ethnic youth worked together to implement community impact projects. The three winning projects aimed to improve educational access for migrant and refugee youth, educate traffic rules among migrants, and prevent dangerous mosquito borne illnesses through training. All of the projects were completed successfully on 27th July, 30th July, and 5th August, 2017 respectively.The project members were true change-makers who actively worked together to make a difference in their communities. Congratulations on doing such a great job while completing all of the community impact projects.
This year, we will be introducing several global citizenship and social entrepreneurship workshops prior to the conference to better prepare the participants to design their own projects, and to increase the likelihood that they will be successfully implemented. The workshop and conference will take place for four days (two weekends in late October and early November 2017). Approximately 50 youth will attend the workshop and conference as participants. The program will also provide a space for youth to openly discuss the serious issues facing the ASEAN Region and solutions they see to these issues.On Conference Day 1, the participants will identify common community challenges., With those challenges in mind, they will then focus on the most pressing issues and begin designing their Community Impact Projects on Conference Day 2.
This will be the 2ndprogramcontinuing the partnership between BEAM and the JUMP! Foundation. The JUMP! Foundation (“JUMP!”) is a non-profit experiential education organization established in 2006 in response to a need in youth education for programs that address issues of leadership and global citizenship. JUMP! acts as a collaborative platform for participants to come together to challenge themselves, inspire one another, and influence change in their surroundings. For further information about The JUMP! Foundation: please visit http://jumpfoundation.org
BEAM/JUMP! လူမှုအဖွဲ့အစည်း ဖွံ့ဖြိုးရေးစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ခြင်း
၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၅-၆ ရက်နေ့များ၌ ဘီမ်းပညာရေးဖောင်ဒေးရှင်းနှင့် JUMP! ဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပခဲ့သည့် လူငယ်ခေါင်းဆောင်မှုဆိုင်ရာ ၂ ရက်ကြာဆွေးနွေးပွဲ၏ ရလဒ်အဖြစ် မြန်မာရွှေ့ပြောင်းလူငယ်များ၊ ထိုင်းလူငယ်များနှင့် ထိုင်းနိုင်ငံဖွား တိုင်းရင်းသားလူငယ်များ အတူတကွပူးပေါင်းလျက် လူမှုအဖွဲ့အစည်း ဖွံ့ဖြိုးရေးစီမံကိန်း ၃ ခုကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ခဲ့ကြသည်။ အဆိုပါ စီမံကိန်း ၃ ခုမှာ ရွှေ့ပြောင်းလုပ်သား လူငယ်များအတွက် ပညာရေးဆိုင်ရာအခွင့်အလမ်းများ၊ ရွှေ့ပြောင်းလူငယ်များနှင့် ယာဉ်အန္တရာယ်နှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ ဥပဒေ၊ ခြင်အန္တရာယ်ကာကွယ်တားဆီးခြင်း စသည့်ကဏ္ဍများ၌ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ခဲ့ကြပြီး စီမံကိန်းအားလုံးကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့၊ ဇူလိုင်လ ၃၀ ရက်နေ့နှင့် သြဂုတ်လ ၅ ရက်နေ့များတွင် အသီးသီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်။ စီမံကိန်းအဖွဲ့ဝင်လူငယ်များသည် ၎င်းတို့၏ ကိုယ်ပိုင်လူ့အဖွဲ့အစည်းအတွက် တညီတညွတ်တည်း ပြောင်းလဲတိုးတက်မှုများကို ဖန်တီးလိုကြသည့် တက်ကြွသော အနာဂတ်ခေါင်းဆောင် လူငယ်များဖြစ်ကြသည်။
ယခုနှစ်တွင်လည်း အလားတူ လူငယ်ခေါင်းဆောင်မှုဆိုင်ရာဆွေးနွေးပွဲကို ကျင်းပသွားရန်စီစဉ်လျက်ရှိသည်။ ယခုတစ်ကြိမ်တွင် ကမ္ဘာ့နိုင်ငံသားဆိုင်ရာနှင့် လူမှုရေး၊ ယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ဦးစီးဦးဆောင် ဖြေရှင်းမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို လူငယ်ခေါင်းဆောင်မှုဆိုင်ရာ ဆွေးနွေးပွဲမတိုင်မီတွင် ကျင်းပရန် စီစဉ်ထားသည်။ လူငယ်များအား အဆိုပါ အလုပ်ရုံဆွေးနွေးပွဲမှ ၎င်းတို့၏ကိုယ်ပိုင်စီမံကိန်းကို ပိုမိုကောင်းမွန်စွာပြင်ဆင်နိုင်ရေးနှင့် အဆိုပါစီမံကိန်းကို အဖြစ်နိုင်ဆုံးအခြေအနေတစ်ခုအဖြစ် အောင်မြင်စွာလက်တွေ့အကောင်အထည်ဖော်ဆောင်နိုင်ရန် ပြင်ဆင်ပေးမည်ဖြစ်သည်။ အလုပ်ရုံဆွေးနွေးပွဲနှင့် လူငယ်ခေါင်းဆောင်မှုဆိုင်ရာဆွေးနွေးပွဲများကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလကုန်နှင့် နိုဝင်ဘာလဆန်း၌ ၄ ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး ခန့်မှန်းခြေ လူငယ်ဦးရေ ၅၀ ခန့်ဖြင့် ဆွေးနွေးပွဲကျင်းပမည်ဖြစ်သည်။ လူငယ်များအနေဖြင့် ဆွေးနွေးပွဲအတွင်း ၎င်းတို့နေထိုင်နေသည့် ဒေသအတွင်း လတ်တလောကြုံတွေ့နေရသော အခက်အခဲပြဿနာများ၊ အရေးတကြီး ချက်ချင်းအကောင်အထည်ဖော်ဆောင်ရန် လိုအပ်သည့်အကြောင်းအရာများကို ပွင့်လင်းစွာဆွေးနွေးရန်အခွင့်အရေး ရရှိမည်ဖြစ်သည်။
ယခု ၂၀၁၇ ခုနှစ်အတွင်း ကျင်းပမည့်ဆွေးနွေးပွဲသည် ဘီမ်းပညာရေးဖောင်ဒေးရှင်းနှင့် JUMP! ဖောင်ဒေးရှင်းတို့၏ ဒုတိယအကြိမ်မြောက် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ JUMP! ဖောင်ဒေးရှင်းကို ကမ္ဘာ့အနှံ့ လူငယ်ခေါင်းဆောင်မှုဆိုင်ရာ အကြောင်းအရာ လိုအပ်ချက်များကို ဦးတည်အဖြေရှာပံ့ပိုးပေးနိုင်သည့် ပညာရေးဆိုင်ရာ ပရိုဂရမ်များဖြင့် တုန့်ပြန်နိုင်ရန် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုအဖြစ် ၂၀၀၆ ခုနှစ်အတွင်း ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။ JUMP! ဖောင်ဒေးရှင်းအနေဖြင့် လူငယ်များအား စိန်ခေါ်မှုများအတွက် တစ်ဦးကိုတစ်ဦး အားပေးလှုံ့ဆော်မှုပေးရန်နှင့် ၎င်းတို့၏ လူမှုပတ်ဝန်းကျင်အတွက် ပြောင်းလဲမှုများကို ဖော်ဆောင်နိုင်ရန် အတူတကွပူးပေါင်းပါဝင်ခွင့်ကို ဖန်တီးပေးနိုင်မည့် အခြေအနေ တစ်ရပ်ကို ဦးတည်ဖော်ဆောင်ရာတွင် အဓိကပံ့ပိုးကူညီပေးလျက်ရှိသည်။ JUMP! ဖောင်ဒေးရှင်းနှင့်ပတ်သက်၍ အချက်အလက်များ ထပ်မံသိရှိလိုပါက http://jumpfoundation.org သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။