BEAM’s Second Batch Student s Gra duated
April 24, 2018
Youth Conference, BEAM/JUMP Leadership Conference: The Rising Lanterns of Chiang Mai
April 24, 2018

BEAM/JUMP! Youth Conference was successfully held in Chiang Mai

On 5-6 Nov, 2016, BEAM/JUMP! Youth Conference: Rising Lanterns of Chiang Mai was successfully held at Funruk Resort in Chiang Mai, Thailand in collaboration between BEAM Education Foundation and JUMP! Foundation. It was a two-day weekend conference with 87 youths including: Myanmar youth, Thai youth and Thai ethnic youth participants living in Chiang Mai, Thailand.

On 5-6 Nov, 2016, BEAM/JUMP! Youth Conference: Rising Lanterns of Chiang Mai was successfully held at Funruk Resort in Chiang Mai, Thailand in collaboration between BEAM Education Foundation and JUMP! Foundation. It was a two-day weekend conference with 87 youths including: Myanmar youth, Thai youth and Thai ethnic youth participants living in Chiang Mai, Thailand.

The participants had the opportunity to learn about design thinking and project creation. They identified problems in their communities and came up with tangible solutions as their social impact projects. There were a total of 14 projects presented at the conference that addressed the most current and compelling issues in Thailand and Thai-Myanmar border area; such as, education opportunities, traffic rules among migrants, dangers of mosquito born illnesses, pollution and environment, waste separation, health, community clean-up and environmental sustainability among others.

The three winning youth teams developed projects centered on the issue of educational access to migrant and refugees youths, educating traffic rules among migrant youths and prevention of dangerous mosquito born illness. It was an inspirational weekend full of new ideas, solutions and collaborations.The participants were the true change-makers who actively worked together to make a difference in their communities.

We believe that the conference empowered youth to be strong community leaders and inspired them to cultivate personal, community and global development. Youths learned to build their confidence, and become more connected to their local and global community by voicing their ideas on how to tackle problems facing their own villages, communities and neighborhoods.

JUMP! Foundation Limited (“JUMP”) is a non-profit experiential education organization established in 2006 in response to a need in youth education for programs that address issues of leadership and global citizenship. JUMP! acts as a collaborative platform for participants to come together to challenge themselves, inspire one another, and affect change in their surroundings. For further information about JUMP! Foundation: please visit http://jumpfoundation.org

BEAM/JUMP! လူငယ်ခေါင်းဆောင်မှုဆိုင်ရာဆွေးနွေးပွဲ အောင်မြင်စွာပြီးဆုံးခြင်း

၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၅-၆ ရက်နေ့များ၌ ဘီမ်းပညာရေးဖောင်ဒေးရှင်းနှင့် JUMP! ဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် လူငယ်ခေါင်းဆောင်မှုဆိုင်ရာ ၂ ရက်ကြာ ဆွေးနွေးပွဲကို ချင်းမိုင်မြို့၊ ဟန်ဒုံးရှိ Funruk Resort တွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြသည်။ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွေ နေထိုင်ကြသော မြန်မာရွှေ့ပြောင်းလူငယ်များ၊ ထိုင်းလူငယ်များနှင့် ထိုင်းနိုင်ငံဖွား တိုင်းရင်းသားလူငယ်များ စုစုပေါင်း ၈၇ ယောက် တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတက်ရောက်ခဲ့သူ လူငယ်များအနေဖြင့် စဉ်းစားတွေးခေါ်မှုနှင့် လူထုအကျိုးပြုစီမံကိန်းများ ဖန်တီးနိုင်မှုဆိုင်ရာ အခွင့်အလမ်းများကို သင်ယူရရှိခဲ့ကြသည်။ ၎င်းတို့၏ လူမှုအဖွဲ့အစည်းအတွင်း လတ်တလော ကြုံတွေ့နေရသော ပြဿနာများကို ပူးပေါင်းဖော်ထုတ်ခဲ့ပြီး အဆိုပါပြဿနာများကို လက်တွေ့ကျကျ အဖြေရှာ၍ အကောင်အထည်ဖော်ဆောင်ဖြေရှင်းနိုင်ရန် ၎င်းတို့၏ လူထုအကျိုးပြုစီမံကိန်းများကို တင်ပြဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲအတွင်း ထိုင်းနိုင်ငံအတွင်းနှင့် ထိုင်း-မြန်မာ နယ်စပ်ဒေသတလျှောက် လူမှုအဖွဲ့အစည်းများအတွင်း လတ်တလောဖြစ်ပေါ်နေသော အလေးထားဆောင်ရွက်ရမည့် ကိစ္စရပ်များအတွက် ဦးတည်ဖြေရှင်းနိုင်မည့် စီမံကိန်း ၁၄ ခုကို လူငယ်အဖွဲ့တစ်ခုစီမှ တင်ပြဆွေးနွေးခဲ့ကြရာ ပညာရေးဆိုင်ရာအခွင့်အလမ်းများ၊ ရွှေ့ပြောင်းလူငယ်များနှင့် ယာဉ်အန္တရာယ်နှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ ဥပဒေ၊ ခြင်အန္တရာယ်၊ လေထုညစ်ညမ်းခြင်းနှင့် သဘာဝပတ်ဝန်းခြင်၊ အမှိုက်သရိုက်များ စနစ်တကျခွဲခြားစွန့်ပစ်ခြင်း၊ ကျန်းမာရေး၊ လူမှုပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစရှိသည့် အကြောင်းအရာများ ပါဝင်ခဲ့ကြသည်။

လူငယ်အဖွဲ့ ၁၄ ခုအတွင်းမှ အကောင်းဆုံးနှင့် လက်တွေ့အကျဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် စီမံကိန်း ၃ ခုကို ရွေးချယ်ခဲ့ပြီး အဆိုပါအဖွဲ့ ၃ ခုမှ ရွှေ့ပြောင်းလုပ်သားနှင့် ဒုက္ခသည်များအတွက် ပညာရေးအခွင့်အလမ်းဖန်တီးပေးခြင်း၊ ရွှေ့ပြောင်းလူငယ်များအတွက် ယာဉ်အန္တရာယ်နှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ ပညာပေးခြင်း၊ ခြင်အန္တရာယ်ကာကွယ်ထိန်းသိမ်းခြင်း စီမံကိန်း ၃ ခုကို အကောင်အထည်ဖော် ဆောင်ရွက်ကြမည်ဖြစ်သည်။ စိတ်ကူးစိတ်သန်းအသစ်များ၊ ဖြေရှင်းမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အတွေ့အကြုံများဖြင့် စိတ်အားတက်ကြွဖွယ်ရာ လူငယ်ဆွေးနွေးပွဲတရပ်ဖြစ်ခဲ့သည်။ ဆွေးနွေးပွဲတက်ရောက်သူ လူငယ်များအနေဖြင့် ၎င်းတို့၏ လူမှုအဖွဲ့အစည်းများအတွက် အပြောင်းအလဲများကို အမှန်တကယ် ယူဆောင်ပေးနိုင်သူများအဖြစ် တက်တက်ကြွကြွဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ဤလူငယ်ခေါင်းဆောင်မှုဆိုင်ရာ ဆွေးနွေးပွဲမှ အနာဂတ်လူငယ်ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာရေးနှင့် ၎င်းတို့၏ ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှု၊ လူမှုအဖွဲ့အစည်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးမှုကိစ္စရပ်များတွင် ကိုယ်တိုင်ကိုယ်ကျ လုပ်ပိုင်ခွင့်အာဏာတရပ် ဖန်တီးနိုင်ခွင့်ရှိသည်ဆိုသည့် အတွေ့အကြုံများ ရရှိခဲ့သည်ဟု ယုံကြည်သည်။ လူငယ်များအနေဖြင့် ၎င်းတို့၏ လူမှုအဖွဲ့အစည်းများအတွင်းနှင့် ပတ်ဝန်းကျင်ရှိ လတ်တလော ရင်ဆိုင်ကြုံတွေ့နေရသည့် ပြဿနာများကို မည်သည့် တုန့်ပြန်ဖြေရှင်းမည်ဆိုသည့် ၎င်းတို့၏ ကိုယ်ပိုင် အတွေ့အခေါ်၊ စိတ်ကူးစိတ်သန်းများ ဖော်ထုတ်ပြီး ၎င်းတို့၏ လုပ်နိုင်စွမ်းအပေါ် ယုံကြည်မှုတည်ဆောက်ခြင်းနှင့် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ လူမှုအဖွဲ့အစည်းများနှင့် ပိုမိုချိတ်ဆက်ကာ ပူးပေါင်းဆောင်ရွက်နိုင်မှု အခွင့်အလမ်းများကို လေ့လာသင်ယူနိုင်ခဲ့ကြသည်။

ဘီးမ်ပညာရေးဖောင်ဒေးရှင်းနှင့် ပူးပေါင်းဆောင်ရွက်သည့် JUMP! ဖောင်ဒေးရှင်းကို ကမ္ဘာ့အနှံ့ လူငယ်ခေါင်းဆောင်မှုဆိုင်ရာ အကြောင်းအရာ လိုအပ်ချက်များကို ဦးတည်အဖြေရှာပံ့ပိုးပေးနိုင်သည့် ပညာရေးဆိုင်ရာ ပရိုဂရမ်များဖြင့် တုန့်ပြန်နိုင်ရန် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုအဖြစ် ၂၀၀၆ ခုနှစ်အတွင်း ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။ JUMP! ဖောင်ဒေးရှင်းအနေဖြင့် လူငယ်များအား စိန်ခေါ်မှုများအတွက် တစ်ဦးကိုတစ်ဦး အားပေးလှုံ့ဆော်မှုပေးရန်နှင့် ၎င်းတို့၏ လူမှုပတ်ဝန်းကျင်အတွက် ပြောင်းလဲမှုများကို ဖော်ဆောင်နိုင်ရန် အတူတကွပူးပေါင်းပါဝင်ခွင့်ကို ဖန်တီးပေးနိုင်မည့် အခြေအနေ တစ်ရပ်ကို ဦးတည်ဖော်ဆောင်ရာတွင် အဓိကပံ့ပိုးကူညီပေးလျက်ရှိသည်။ JUMP! ဖောင်ဒေးရှင်းနှင့်ပတ်သက်၍ အချက်အလက်များ ထပ်မံသိရှိလိုပါက http://jumpfoundation.org သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *