BEAM Student Success Rates Sky Rocket!
June 7, 2024
BEAM Volunteer Recruitment – GED Social Studies Teacher
June 20, 2024

BEAM School’s Legacy Grows: Student Achieves Business Administration Scholarship!

By BEAM Staff

[Burmese Version Below]

 

What will your pathway to higher education be?

Believe it or not, but not everyone’s journey is quick. Some graduates from BEAM take another year before they get a scholarship.

This could be due to personal reasons, work commitments or students just being focused on getting that special scholarship that they have had their eye on.

Hnin Phyu Sin Mg Mg took some time researching before she struck gold with a scholarship to Walailak University in Thailand.

“After completing my GED, I searched for scholarship opportunities and became intrigued by Walailak University’s Undergraduate Excellence Scholarship,” she says. 

 

“I researched the scholarship criteria and assessed if I met them. When it comes to meeting the criteria and in the interview with the scholarship committee, invaluable insights I gained from BEAM’s Scholarship Information Sessions were tremendously beneficial.”

 

When Hnin Phyu Sin Mg Mg opened an email from the university, she could hardly believe it.

 

“I still remember the sheer joy I felt when I first got the email. I was jumping around the house to share the great news with my family,” she says.

 

Hnin Phyu Sin Mg Mg sends a clear message when she discusses what it is like to be on the other side, dreaming of finding a way to university.

 

“My journey to receiving this scholarship was filled with both challenges and moments of doubt. But I kept a strong hold onto my dreams and found ways to fulfill my goals,” she says.

 

“Finally, all my hard work paid off, and I’ll carry all the lessons I’ve learned to the next chapter of my life.”

 

At BEAM, we encourage and support our students to have a clear vision of their future goals, particularly when applying for scholarship applications. Hnin Phyu Sin Mg Mg is certainly no exception.

 

“After four years of studies at university, I firmly believe that I have the foundation to delve into various sectors of Business Models,” she says. “I will grab internship opportunities and undertake Training Courses regularly to broaden my skill set which will empower me to elevate my proficiency in strategic analysis, my chosen area of expertise.”

“I also aim to involve myself in mentoring aspiring youths to continue their education and consulting the best path for their career choices with the experience and knowledge I have gained throughout my education journey.”

 

“My future looks significantly brighter now, thanks to the scholarship I’ve been awarded. As the financial burden of tuition is lifted, I can fully focus on my education and personal growth journey, knowing that my path is no longer hindered by financial constraints,” Hnin Phyu Sin Mg Mg says.

 

There is one definite factor that Hnin Phyu Sin Mg Mg can contribute to her success, and that was her learning experiences with the BEAM CYLD program.

 

“My education journey stopped for several months and I was lost in the darkness before I finally got into the CYLD program,” she says. “BEAM has truly been my guiding light on this journey. Thanks to BEAM, I could afford to complete GED without any financial constraints. Moreover, invaluable support and advice from teachers have been like beacons, lighting the way through every twist and turn of my life journey.”

 

“If you’re thinking about diving into the GED program at BEAM, I say go for it! Don’t wait around. Grab this huge opportunity,” she says.

 

“You’re in for a ride filled with fantastic experiences that’ll not only boost your education but also make you smile along the way. Trust me, it’s worth every moment!”

 

 

 

Hnin Phyu Sin Mg Mg

Hnin Phyu Sin Mg Mg

သင့်ရဲ့ အဆင့်မြင့်ပညာရေး တက်ရောက်ဖို့လမ်းကဘယ်လိုရှိနေလဲ။

အမှန်ကတစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။တစ်ချို့ကမြန်မြန်ဆန်ဆန်တက်ရောက်ရတာရှိသလို ဘိမ်းမ် ကျောင်းသားကျောင်းသူထဲကတစ်ချို့ဆိုရင်လည်း တစ်နှစ်လောက်ခြားပြီးမှ တက်ရောက်ရတာလည်း ရှိပါတယ်။

အဲ့ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းတွေလည်း အမျိုးမျိုးရှိပါတယ်။ ဒါတွေကတော့ ကိုယ်ရေးကိုယ်တာကိစ္စကြောင့်ရယ် အလုပ်ကိစ္စကြောင့်ရယ် ဒါမှမဟုတ် သူတို့သဘောကျတဲ့ ပညာသင်ဆု တစ်မျိုးတည်းကိုပဲ လျှောက်ဖို့စိတ်နှစ်ထားတာလည်းဖြစ်နိုင်ပါတယ်။

နှင်းဖြူစင်မောင်မောင် ဟာဆိုရင်တော့ ထိုင်းနိုင်ငံမှာရှိတဲ့ Walailak University ကပေးတဲ့ ပညာသင်ဆုကိုမလျှောက်ခင် သေချာအချိန်ယူပြီးရှာဖွေလေ့လာခဲ့ပါတယ်။

သူမက “ ကျွန်မ GED တက်ရောက်ပြီးတဲ့အချိန်မှာ ပညာသင်ဆု လျှောက်ဖို့အခွင့်အလမ်းတွေ ရှာခဲ့တယ်။ ရှာတွေ့တဲ့ အခွင့်အလမ်းတွေထဲကမှ ကျွန်မက Walailak University ကပေးတဲ့ Undergraduate Excellence Scholarship ကိုစိတ်၀င်စားခဲ့ပါတယ်။”

 

“အဲ့ဒါနဲ့ပဲ လျှောက်ဖို့ လိုအပ်တဲ့အချက်အလက်တွေ ပြည့်မှီ/ မပြည့်မှီ ဆန်းစစ်လေ့လာကြည့်ခဲ့ပါတယ်။ လိုအပ်တဲ့အရည်အချင်းဆန်းစစ်ဖို့နဲ့ ပညာသင်ဆုထောက်ပံ့ပေးမယ့်အဖွဲ့၀င်နဲ့ အမေးအ‌‌‌‌ဖြေကဏ္ဍ မှာဆိုရင် ဘိမ်းမ် ပညာသင်ဆုအချက်အလက်မျှ‌‌‌‌‌‌‌‌‌‌ေ၀ပေးတဲ့အစီအစဉ်ကနေမှတ်သားခဲ့တဲ့အရာတွေက

 အများကြီးအထောက်အကူဖြစ် စေခဲ့ပါတယ်။

 

သူမက “ကျောင်းကနေ ပို့လာတဲ့အီးမေးလ်ကိုတွေ့တဲ့အချိန်မှာ မယုံနိုင်လောက်အောင်ဖြစ်ခဲ့ရတယ်။ ကျွန်မအဲ့ဒီအချိန်တုန်းက ပျော်ခဲ့ရတဲ့ခံစားချက်ကိုအခုထိမမေ့သေးဘူး။ ပျော်လွန်းလို့ ခုန်ပေါက်ပြေးလွှားပြီးတော့ မိသားစု၀င်တွေကို သတင်းကောင်းပြန်ပြောပြခဲ့တာပါ”

 

သူမက တက္ကသိုလ် တက်ဖို့နည်းလမ်းရှာနေသူက ကြုံတွေ့ရတာတွေကိုဆွေးနွေးတဲ့အချိန်မှာကောင်း ကောင်းဖော်ပြပေးထားတယ်။

 

“ ကျွန်မဒီဆုကိုရဖို့ ကြားထဲမှာ အခက်အခဲတွေ ချီတုံချတုံဖြစ်ခဲ့တဲ့ အခိုက်အတန့်တွေအ များကြီးရှိခဲ့တယ်။ ဒါပေမယ့် ဖြစ်ချင်တဲ့ဆန္ဒကိုပဲ ရဲရဲဆုပ်ကိုင်ပြီးတော့ ရည်မှန်းချက်ပန်းတိုင် ရောက်မယ့်လမ်း ကိုတွေ့ခဲ့တာပါ”

“နောက်ံဆုံးမှာတော့ ကျွန်မကြိုးစားမှုရဲ့ ရလာဒ်ကို ခံစားရပါပြီ။ ဒီကနေရခဲ့တဲ့ သင်ခန်းစာ အတွေ့အကြုံတွေကိုလည်း နောက်ကြုံတွေ့ရမယ့်အရာတွေအတွက် မှတ်ထားပါမယ်။”

 

ဘိမ်းမ် မှာကကျောင်းသားတွေကို ရေရှည်မှာလုပ်ဆောင်မယ့်အရာတ္ပေကို သေချာစဉ်းစား ပုံဖော်တတ်အောင် ကူပေးတယ်၊ အဓိက ကတော့ ပညာသင်ဆု လျှောက်တဲ့အချိန်တွေမှာပေါ့။ အဲ့ဒီအထဲမှာ ကျွန်မလည်း အပါအ၀င်ပါပဲ။”

 

ကျွန်မကျောင်းပြီးတဲ့အချိန်ကျရင်တော့ စီးပွားရေးပိုင်းမှာ၀င်ရောက်လေ့လာဖို့ သိသင့်သိထိုက်တဲ့ အခြေခံသဘောတရားတွေကို ကောင်းကောင်းပိုင်နိုင်နေပြီ လို့ယုံကြည်တယ်။  အလုပ်သင်လုပ်မယ့်အချိန်မှာလည်း ပို့ချမယ့်သင်တန်းတွေကနေ ကျွန်မရဲ့လုပ်နိုင်စွမ်းကို မြှင့်ပြီးတော့

ကျွမ်းကျင်ရာအပိုင်းဖြစ်တဲ့ အဖွဲံအစည်းလည်ပတ်ပုံ စိစစ်နိုင်စွမ်း ကို ပိုကောင်းစေမှာပါ။


“ရည်မှန်းချက်ကြီးတဲ့ လူငယ်တွေကို ကျွန်မပညာသင်စဉ် တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံနဲ့ ယှဉ်ပြီးတော့ ပညာရေးပိုင်းနဲ့ပတ်သက်တာတွေကိုလမ်းညွှန်ပေးဖို့ နဲ့  ‌အသက်မွေး၀မ်းကြောင်းအလုပ်ရွေးတဲ့အချိန်

ဆွေးနွေးတိုင်ပင်ပေးတဲ့ကဏ္ဍကနေပါဖို့လည်းဆုံးဖြတ်ထားပါတယ်။

 

အခုဆို ပညာသင်ဆုကျေးဇူးနဲ့ ကျွန်မရဲ့ အနာဂါတ်ဟာတောက်ပနေပါပြီ။ ကျောင်းလခနဲ့ပတ်သက်တဲ့ငွေရေးကြေးရေးကိစ္စတွေ စိတ်ပူစရာမလိုတော့တာကိုသိတဲ့အတွက် ကျောင်းစာ နဲ့ တစ်ကိုယ်ရည်တိုးတက်မှု ဘက်ကိုပိုအားစိုက်နိုင်တယ်။

 

သူမအခုလိုမျိုး ကြိုးစားမှုရဲ့အောင်မြင်မှုအသီးအပွင့်ကိုခံစားရဖို့ ဘိမ်းမ် ကနေလေ့လာသင်ယူခဲ့ရတဲ့ အတွေ့အကြုံက အဓိက အချက်ဆိုတာအသေအချာပါပဲ။

 

“ကျွန်မရဲ့ ပညာရေးလမ်းကြောင်းက CYLD program မတက်ခင်အထိ ကြားထဲမှာ ကျောင်းထွက်ပြီး လမ်းပျောက်ခဲ့ရတာတွေရှိတယ်။ ဘိမ်းမ် ကတော့ ကျွန်မရဲ့ ပညာရေးလမ်းကြောင်းအတွက် မီးမောင်းထိုးပြခဲ့တာပါ။ အဲ့ဒီကျေးဇူးနဲ့ပဲ GED ကို ငွေ‌ကြေးအခက်အခဲမရှိဘဲ တက်ခဲ့ရတာပါ။ အဲ့ဒါအပြင် ဆရာ ဆရာမ တွေဆီကနေရခဲ့တဲ့ အကူအညီနဲ့ အကြံဉာဏ် တွေကလည်းတစ်ကယ်ကို အဖိုးတန်လှပြီးတော့ တက်လမ်းမှာကြုံရတဲ့ အလှည့်အပြောင်းတွေကို မီးမောင်းထိုးပြထားတာပါ။

 

“အခုစာကို ဖတ်နေတဲ့သူလည်း ဘိမ်းမ် ရဲ့ GED program ကိုလျှောက်ကြည့်ဖို့စဉ်းစားနေတယ် ဆိုရင် စောင့်မနေဘဲ အခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီး ရဲရဲကြီးသာလျှောက်လိုက်ပါ လို့ပြောချင်ပါတယ်။”

 

“တက်ရောက်နေစဉ်ကာလမှာတော့ အတွေ့အကြုံထူးအသစ်တွေနဲ့ ပညာရေးအတွက်တင်မဟုတ်ဘဲ အပြုံးပန်းလည်းဆင်နေရမှာပါ။ အချိန်ကုန်ရကျိူးနပ်စေမယ် လို့လည်းယုံကြည်ပါတယ်။” 

Comments are closed.