By BEAM Staff
Like many Myanmar Youth, Su Wati Nwe didn’t have many options for securing her education. However, she wants young people who were in her position to know that there is hope.
“In 2022, I was so lost and didn’t know how to continue my education during the crisis. Fortunately, I found out about the CYLD program from BEAM. It had the biggest impact on me. Because of BEAM, I was not only able to continue my education journey with its financial support, but also gained important skills that I needed to work on throughout my life,” Su Wati Nwe says.
“Thank you BEAM for giving me a chance to meet good friends and talented teachers who were always there for me. Even after the CYLD course finished, Teachers always encouraged us to apply for scholarships and they helped us with every single thing that we needed to apply. I received an excellent recommendation letter, a unique and useful interview training, and strong motivation whenever I needed it.”
The BEAM staff enjoyed watching Su Wati Nwe’s confidence grow as she participated in school leadership opportunities and CYLD programs. All it took was her determination, a clear goal and strong examination results.
“I always thought scholarships were only for outstanding students who always get the first prize in class. I didn’t even dream of myself as a scholarship awardee. But Thanks to the CYLD program from BEAM, I got a chance to listen to several webinars about different types of scholarships in detail such as need based scholarship for financially needy students, and merit-based scholarship for outstanding students, Su Wati Nwe says. “Because of that, my vision became so clear and I decided to go for it. I researched carefully about the university scholarships every day and I found a Thammasat International Students Recruitment Scholarship post on Facebook.”
“I couldn’t sleep well the night before the scholarship announcement. I was so excited and nervous. The moment when I knew that I got the scholarship, I was all shaking, happy, and I even danced for my big achievement haha. My mom hugged me. I know she was the happiest person for me,” she says.
“That day I realized that as long as you try your best, you will get what you want, no matter what. It just takes time. You have to be patient. I’ve been trying for this moment even since I finished high school, GED. I applied for several scholarships and got rejected. Well, here this moment comes.”
Su Wati Nwe found herself accepting a scholarship from Thammasat University and will be studying Civil Engineering and Real Estate Development. Not only are her tuition fees paid but she also gets a stipend to help with daily costs.
Now, instead of feeling lost and frustrated about her future, Su Wati Nwe is looking forward to achieving her lifetime dream. This student has big plans to help make her community a better place with a keen focus on community safety. BEAM teachers could not be more proud of her vision and successes.
“Upon graduation, I would like to further my knowledge and competency gained from my undergraduate study to the next level. I want to pursue a master degree specializing in structural engineering. With my civil engineering degree my ultimate goal is to specialize in designing cost effective sustainable buildings and infrastructure that can withstand natural disasters like earthquakes,” she says.
“Also, I would like to take part in enhancing existing buildings’ safety. I plan to collaborate with the Myanmar Earthquake Committee and there I see myself organizing workshops, training sessions, and public awareness campaigns to educate our society about earthquake risks and safety tips….”
“I am really thankful to BEAM for several things. But the best thing about BEAM would be the chance to meet our student community and our talented and kind teachers. Thank you so much teacher Rachel, teacher David, teacher Phyu Phyu, teacher Brittany, teacher Jenny and ama Hsu for everything you have done for me throughout the school year,” Su Wati Nwe says.
“I appreciate all of your help both in and out of the classroom. I am grateful that you have made a big difference in my education.”
In fact, Su Wati Nwe has some advice for students who gain a scholarship to the CYLD program at BEAM. “Do not doublethink it. Go for it. I can guarantee you that it will be beyond your expectation. Also, if you are lucky enough to get into BEAM, do not ever think about dropping out, opportunity comes but once!”
If you are a member of the Myanmar youth community, feel free to browse more Success Stories on the BEAM website.
Burmese Translation!
မြန်မာလူငယ်အများစုလိုပါပဲ၊ စု၀တီနွယ် မှာလည်း သူမရဲ့ပညာရေးတက်လမ်းအတွက် ရွေးချယ်စရာလမ်းများများစားစား မရှိခဲ့ဘူး။ ဒါပေမယ့်လည်း သူမလိုမျိူးအခြေအနေကြုံတွေ့နေရတဲ့ လူငယ်တွေကို မျှော်လင့်ချက် ထာလို့ရသေးတယ် ဆိုတာ သိစေချင်ပါတယ် တဲ့။
၂၀၂၂ ခုနှစ် ကပ်ဆိုက်တဲ့ကာလမှာတော့ ကျွန်တော်လမ်းတွေပျောက်ပြီး ပညာရေးအတွက် ဘယ်လိုရှေ့ဆက်ရမှန်းမသိဖြစ်ခဲ့တယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာပဲ BEAM ရဲ့ CYLD program အကြောင်းသိခဲ့တယ်။ BEAM ကြောင့် ငွေကြေးအခက်အခဲမရှိဘဲပညာသင်နိုင်ခဲ့တာတင်မဟုတ်ဘဲ ရှေ့ဆက်လိုအပ်မယ့် သိသင့်သိထိုက်တဲ့ စွမ်းရည်တွေလည်း သင်ယူခဲ့ရတယ်။
“BEAM ကျေးဇူးကြောင့် ကျွန်တော့်အနားမှာ အမြဲတမ်းရှိနေပေးခဲ့တဲ့ သူငယ်ချင်းကောင်း၊ ဆရာကောင်းတွေနဲ့ ဆုံခဲ့ရတယ်။ သင်တန်းပြီးသွားတာတောင် ဆရာတွေက ပညာသင်ဆုလျှောက်ဖို့ အားပေးရုံတင်မက ပြင်ဆင်တဲ့အချိန်မှာလိုအပ်တာတွေကိုလည်း သေချာ လိုက်ကြပ်မတ်ပေးခဲ့တယ်။ နောက်ပြီးတော့ လိုအပ်တဲ့ ထောက်ခံစာ၊ အင်တာဗျူးကောင်းကောင်းတဖြေတတ်ဖို့သင်တန်းတွေ နဲ့ စိတ်ခွန်အား တွေလည်း လိုအပ်သလောက် ဖြည့်ဆည်းပေးခဲ့ကြတယ်။
BEAM ၀န်ထမ်းတွေကလည်း သူမ ခေါင်းဆောင် မှုစွမ်းရည်တိုးတက်စေတဲ့ အခွင့်အလမ်း နဲ့ CYLD program တက်ရင်း ယုံကြည်ချက်တွေတိုးလာတာကို ကြည့်ရင်း ပီတိဖြာနေခဲ့တယ်။ အဲ့ဒီလို အခြေအနေရောက်ဖို့ သူမမှာ ရှိဖို့လိုအပ်တဲ့အရာတွေကတော့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ရယ်၊ တိကျပြတ်သားတဲ့ ပန်းတိုင်ရယ်၊ စာမေးပွဲအမှတ်တွေကောင်းဖို့ပါပဲ။
သူမက “အစတုန်းကတော့ ပညာသင်ဆုကို စာတော်တဲ့သူတွေ၊ အတန်းထဲမှာ အမြဲပထမရတဲ့ သူတွေကပဲ ရမယ်လို့ထင်တာ၊ ကိုယ့်ကိုကိုယ် ရမယ် လို့ အိမ်မက်တောင်မမက်ခဲ့ဖူးဘူး။ ဒါပေမယ့် CYLD program ကျေးဇူးကြောင့် ပညာသင်ဆုတွေနဲ့ပတ်သက်တဲ့ဆွေးနွေးပွဲတွေ တက်ခွင့်၊ နားထောင်ခွင့်ရခဲ့တယ်။ အဲ့ဒါနဲ့ပဲ ကျွန်တော်ဖြစ်ချင်တာတွေကို သေချာရှင်းရှင်းလင်းလင်း သိလာပြီးတော့ လျှောက်ဖို့ဆုံးဖြတ်လိုက်တာပါ။ အဲ့ဒါနဲ့ တက္ကသိုလ်တွေကထောက်ပံ့ပေးမယ့် ပညာသင်ဆုတွေကို လိုက်ရှာရင်း Thammasat International Students Recruitment Scholarship အကြောင်း ကို Facebook ကနေတွေ့ခဲ့တယ်။
“ကျောင်းကနေ ပညာသင်ဆုရတဲ့ ကျောင်းသားစာရင်းမကြေငြာခင်ညဆို ပျော်တာရော စိတ်လှုပ်ရှားတာရောကြောင့် ကျွန်တော်အိပ်လို့တောင်မပျော်နိုင်ခဲ့ဘူး။ ရကြောင်း လည်းသိရော လူကတုန်ရီနေပြီး ပျော်လွန်းလို့ က နေခဲ့တာ။ အမေဆိုလည်း ပျော်လွန်းလို့ ကျွန်တော့်ကိုဖက်ထားတာ”
“အဲ့ဒီနေ့မှာပဲ ကျွန်တော်က ကိုယ်ကြိုးစားနေသရွေ့ မဖြစ်နိင်တာမရှိဘူး ဆိုတာကိုနားလည်လိုက်တယ်။ စိတ်ရှည်ရှည်ထားပြီး အချိန်ပေးဖို့တော့ လိုတာပေါ့။ ကျွန်တော်ဆို GED ပြီးကတည်းက ပညာသင်ဆုတွေတစ်ခုပြီးတစ်ခု လျှောက်လာတာ တစ်ခုမှမရခဲ့ဘူး။ အခုတော့ အချိန်ကျ ပြီပေါ့။
သူမ Thammasat တက္ကသိုလ်ကပေးနဲ့ ပညာသင်ဆုနဲ့ Civil Engineering and Real Estate Development ဘာသာကိုလေ့လာမှာဖြစ်ပါတယ်။ ပညာသင်ဆုထဲမှာ ကျောင်းလခတင်မဟုတ်ဘဲ အထွေထွေအသုံးစရိတ်အတွက် ထောက်ပံ့ကြေးပါ ရပါတယ်။
အခုတော့ ဘာလုပ်ရမှန်းမသိဖြစ်ပြီး အနာဂါတ်ကိုတွေးပူနေမယ့်အစား သူမဖြစ်ချင်တဲ့ ရည်မှန်းချက် ကိုအကောင်အထည်ဖော်ဖို့ကိုပဲ ကြိုးစားနေပါတယ်။ သူမနေခဲ့တဲ့ နေရပ်ပတ်၀န်းကျင်ကို တိုးတက်ကောင်းမွန်ပြီး ဘေးကင်းလုံခြုံအောင် တစ်ဖက်တစ်လမ်းကနေ ကူညီပေးချင်တဲ့ ရည်မှန်းချက်ကြောင့် BEAM က ဆရာတွေက သူမအတွက် ဂုဏ်ယူလို့မဆုံးဖြစ်နေပါတယ်။
“ဘွဲ့ရပြီးရင်တော့ ဒီ Undergraduate အတန်းကနေ သင်ယူခဲ့ရတဲ့ ဗဟုသုတတွေ လုပ်နိုင်စွမ်းတွေမြှင့်ဖို့ structural engineering ဘာသာနဲ့ ဘွဲ့လွန်အတန်းဆက်တက်ချင်ပါတယ်။ civil engineering ဘွဲ့နဲ့ကိုတော့ အကုန်ကျသက်သက်သာသာနဲ့ ရေရှည်သုံးလို့ရမယ့် အဆောက်အဦတွေကို ဒီဇိုင်းဆွဲတဲ့အပိုင်းမှာ အဓိကထား လုပ်မှာပါ။ ဉပမာ သဘာ၀ဘေးအန္တရယ်ဖြစ်တဲ့ ငလျင်လှုပ်တဲ့ ဒဏ်ခံနိုင်မယ့် အဆောက်အဦမျိူးပေါ့။”
“ပြီးတော့ လက်ရှိအဆောက်အဦတွေကို ပိုကောင်းအောင် မွမ်းမံတဲ့အပိုင်းမှာလည်း ပါ၀င်ချင်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ Myanmar Earthquake Committee နဲ့ပူးပေါင်းပြီး ဆွေးနွေးပွဲတွေ၊ သင်တန်းတွေ၊ အသိပညာပေးစည်းရုံးပွဲတွေ ဦးစီးလုပ်ပြီး ငလျင်နဲ့ဆိုင်တဲ့ ဘေးအန္တရာယ်တွေ၊ သတိပြုရမယ့်အချက်တွေကို မျှေ၀တာတွေလုပ်ဆောင်နေမယ် လို့မြင်မိတယ်။”
အစစအရာရာအတွက် BEAM ကိုကျေးဇူးတင်နေတာပါ။ အဓိက ကတော့ ဒီကနေ သူငယ်ချင်းကောင်းတွေ ဆရာကောင်းတွေနဲ့ တွေ့ဆုံစေခဲ့လို့ပါ။ ကျောင်းတက်နေစဉ်ကာလအတွင်း ကူညီပေးခဲ့တဲ့ ဆရာမ Rachel၊ ဆရာ David၊ ဆရာမ ဖြူဖြူ၊ ဆရာမ Brittnay၊ ဆရာမ Jenny နဲ့ မဆုတို့ကိုလည်းကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ ပြီးတော့ ကျွန်တော့ရဲ့ ပညာရေးကို အခုလိုပြောင်းလဲတိုးတက်မှုတွေဖြစ်လာအောင် စာသင်ခန်းအတွင်းရော အပြင်မှာပါ ကူညီပေးခဲ့တဲ့သူတွေ အားလုံးကိုကျေးဇူးတင်ပါတယ်။
“BEAM ရဲ့ CYLD program မှာ ကျောင်းတက်ခွင့်ရတဲ့သူတွေကို အများကြီးမတွေးဘဲ တက်လိုက်ဖို့ အကြံပေးချင်ပါတယ်။ မျှော်မှန်းထားတာထက်ပိုကောင်းတာတွေပဲ လေ့လာရမယ်ဆိုတာ အာမခံတယ်။ နောက်ပြီးတော့ ကံကောင်းလို့ BEAM ရဲ့ CYLD program ကိုတက်ရောက်ခွင့်ရတာဖြစ်လို့ လက်လျှော့လိုက်ဖို့ကိုလည်းမတွေးပါနဲ့။ အခွင့်အရေးကောင်းဆိုတာ တစ်ခါပဲရတတ်လို့ပါ။”
အခုစာကိုဖတ်နေတဲ့သူသာ မြန်မာလူငယ်တစ်ယောက်ဖြစ်တယ်ဆိုရင် အခုလိုမျိုး ပညာရေးဆိုင်ရာ အခွင့်အလမ်းတွေအကြောင်း ပြန်လည်မျှေ၀ပေးထားတာတွေကို BEAM website မှာသွားရောက်ဖတ်ရှုသင့်ပါတယ်။