By BEAM staff
[Burmese translation below]
Khong Dau Chamloit originally from Myitkyina, Kachin State embraced his scholarship with BEAM with enthusiasm and completed his GED and CYLD (Community Youth Leadership Development) course with excellent examination results.
However, it was receiving a scholarship from Parami University that has further set Dau on course for his bright future.
“I was overjoyed and thrilled because my long-awaited dream had finally come true…My heart was filled with gratitude and excitement for the new journey ahead,” says Dau.
Although Dau’s experiences were not always smooth sailing. “I encountered various struggles, including selecting the right university and program, writing essays, and preparing for interviews. Despite these challenges, I persevered because obtaining the scholarship was important to me,” says Dau.
Although Dau’s teachers at BEAM recognize Dau’s self-discipline, mature work ethic and strong critical thinking skills, Dau is also thankful for his experiences at BEAM.
“BEAM played a crucial role in my academic journey by providing resources and support to obtain my GED diploma, which opened doors to further education,” he says. “I highly recommend studying for the GED with BEAM. It offers a supportive learning environment free of charge, which is invaluable for students facing financial constraints. Dedication and hard work are essential too…. The best aspect of BEAM was not only helping me obtain my GED diploma but also introducing me to supportive friends who share similar aspirations like Saw Sein Than and Rejoice.”
BEAM prides itself on creating community and deep connections for Myanmar youth who are isolated and or marginalized. We love to see students design the best future for themselves and their communities.
Dau has decided on completing a Politics, Philosophy and Economics degree in order to support the development of his community.
“My choice of Parami was influenced by practical considerations such as passport issues and the convenience of studying online. Additionally, Parami offered a program that resonated with my interests and allowed me to study from the comfort of my home.”
“Upon completing my bachelor’s degree, I aim to pursue a master’s degree while engaging in work with NGOs or academic/political organizations to contribute to my community,” he says.
Incidentally, Dau is also a passionate film maker. If you would like to see his work please click the link below.
https://www.facebook.com/share/v/Y2Lz836X385RV4Ys/?mibextid=oFDknk
[Burmese translation]
ကချင်ပြည်နယ်၊ မြစ်ကြီးနားဇာတိဖြစ်တဲ့ Khong Dau Chamloit ကတော့ BEAM ကပေးတဲ့ CYLD program တက်ခွင့်ကို စိတ်အားထက်ထက်သန်သန်နဲ့တက်ရောက်ခဲ့ပြီး စာမေးပွဲတွေကိုလည်း ရမှတ်ကောင်းကောင်းနဲ့ အောင်ခဲ့တယ်။
ဒါပေမယ့် Parami တက္ကသိုလ်ကနေထပ်ချီးမြှင့်ပေးတဲ့ ပညာသင်ဆုကတော့ သူ့ရဲ့အနာဂါတ်ကို ပိုတောက်ပစေခဲ့ပါတယ်။
သူက “နှစ်လရှည်ကြာစောင့်မျှော်ခဲ့ရတဲ့ အိမ်မက်က နောက်ဆုံးတော့ တစ်ကယ်ဖြစ်လာခဲ့ပြီမလို့ အရမ်းပျော်ခဲ့ရတယ်။ စိတ်ထဲမှာလည်း ရှေ့ ဆက်ကြုံတွေ့ရမယ့် အရာတွေအတွက် ကျေးဇူးတင်မဆုံးဖြစ်ပြီး ၀မ်းသာပီတိလည်း ဖြစ်မိပါတယ်။
“သူတက္ကသိုလ်တက်တက်ဖို့ စလုပ်ချိန်မှာ ဖြတ်သန်းလာခဲ့ရတာတွေက အကုန်လုံး အဆင်ပြေ ချောမွေ့နေခဲ့တာ မဟုတ်ပါဘူး။ ကျောင်းရွေးတဲ့အချိန်၊ essay တွေပြင်တဲ့အချိန် နဲ့ အင်တာဗျူးဖြေဖို့ ပြင်ဆင်တဲ့အချိန်တွေမှာ အခက်အခဲတွေအများကြီး ကြုံခဲ့ရတယ်။ အဆင်မပြေပေမယ့်လဲ ပညာသင်ဆုရဖို့ကအရေးကြီးတာကြောင့် သည်းခံကြိုးစားခဲ့တယ်။”
ဆရာတွေက Dau ရဲ့ ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်မှု၊ လုပ်ငန်းခွင်ကျင့်၀တ်နဲ့ပတ်သက်ပြီး ရင့်ကျက်မှု နဲ့ ကောင်းစွာေ၀ဖန်ပိုင်းခြားစဉ်းစားတတ်မှု တွေကို အသိအမှတ်ပြုသလို သူကလည်း BEAM မှာတက်ရင်းရခဲ့တဲ့ အတွ့အကြုံတွေအတွက် ကျေးဇူးတင်နေပါတယ်။
“BEAM က ကျွန်တော့ရဲ့ ပညာရေးတက်လမ်းအတွက် GED Diploma ရဖို့ လိုအပ်တာတွေကို ဖြည့်ဆည်းပေးတဲ့ အဓိကအရေးကြီးတဲ့ ကဏ္ဍကနေပါ၀င်ခဲ့တာပါ။ ပြီးတော့ BEAM ကငွေရေးကြေးရေးအခက်အခဲရှိတဲ့ ကျောင်းသားတွေကို စိူးရိမ်စိတ်ကင်းကင်းနဲ့ ကောင်းကောင်းပညာဆက်သင်နိုင်ဖို့ လုပ်ဆောင်ပေးတာ ဖြစ်တဲ့အတွက် BEAM မှာ GED တက်ဖို့ တိုက်တွန်းချင်ပါတယ်။ မဆုတ်မနစ်ကြိုးစားဖို့ တော့လိုတာပေါ့။ BEAM ကကျွန်တော့ကို GED diploma ရဖို့ ကူညီပေးခဲ့ရုံမက စောစိန်သန်း နဲ့ Rejoice တို့လို ရည်မှန်းချက်တူတဲ့ သူငယ်ချင်းတွေနဲ့လည်း ဆုံခွင့်ပေးခဲ့ပါတယ်။”
BEAM သည် အခွင့်အရေးအပေးမခံရသော အပယ်ခံမြန်မာလူငယ်များအတွက် အဆက်အသွယ်လုပ်ပေးပြီး အသိုက်အ၀န်းတစ်ခုဖြစ်အောင် ဖန်တီးပေးနဲ့အတွက် ၀မ်းမြောက်၀မ်းသာ ဖြစ်ရပါတယ်။ ကျောင်းသားတွေက သူတို့အတွက်၊ သူတိုပတ်၀န်းကျင်အတွက် ကိုယ်တိုင် အတောက်ပဆုံးအနာဂါတ်တွေ ဖန်တီးနေတာကိုလည်းမြင်ချင်ပါတယ်။
Dau က သူ့ရဲ့ရပ်ရွာဖွံဖြိုးတိုးတက်မှုအတွက် Politics, Philosophy and Economics degree ဘွဲ့ကိုယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။
“Parami တက္ကသိုလ် ကိုရွေးချယ်လိုက်ရတဲ့အကြောင်းရင်းက နိုင်ငံကူးလက်မှတ် လုပ်ဖို့အဆင်မပြေတာရယ်၊ online ကနေပဲ လွယ်လွယ်ကူကူ တက်လို့ရတာရယ်ကြောင့်ပဲဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော် စိတ်၀င်စားတဲ့ ဘာသာရပ်လည်းဖြစ်ပြီး အိမ်မှာလည်း သက်တောင့်သက်သာ တက်လို့ရတာကြောင့်လည်းပါ ပါတယ်။”
“ဘွဲ့ရပြီးတဲ့ အချန်ကျရင်တော့ ရပ်ရွာအကျိူးအတွက် NGO ဒါမှမဟုတ် ပညာရေး/နိုင်ငံရေးပိုင်း နဲ့ဆိုင်တဲ့ အပိုင်းမှာလုပ်တဲ့ ရုံးမှာ အလုပ်လုပ်ရင်း ဘွဲ့လွန်အတန်းဆက်တက်ဖို့ မှန်းထားပါတယ်။
ဒါနဲ့ Dau ကရုပ်ရှင်အပိုင်းတိုလေးတွေရိုက်ရတာလည်း ၀ါသနာပါ ပါတယ်။ ကြည့်ဖို့စိတ်၀င်စားတယ်ဆိုရင် အောက်ကလင့်ခ်ကိုနှိပ်ပြီး သူရိုက်ထားတဲ့ ဗွီဒီယို ကိုကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/share/v/Y2Lz836X385RV4Ys/?mibextid=oFDknk