NFE – Science Challenge
September 19, 2018
National River Restoration and Development Day
September 28, 2018
Congratulations CSIP Recipients (First semester 2018-19 academic year)
BEAM’s Community Service Internship Program (CSIP) accepted 4 university students for the first semester 2018-19 academic year. Congratulations on your acceptance and we look forward to hearing more about your internships!
Hsaiwonleng Loongjing @ Chen continues his internship service as an English teacher at SYP/SEED Learning Center and Thai Language teacher at BEAM. Chen shared his expectations from the internship with SYP/SEED:
“Through this program, I hope to share my knowledge and also gain skills in leadership and cross-cultural communication. I will learn how organizations can help communities, manage their programs, and collaborate with other organizations to achieve their goals.”
Naw Chit Su Chan @ Thel Thel currently interns as an assistant teacher at Starfish Country Home School Foundation (SCHSF). Thel Thel shared her expectations from the internship with SCHSF:
“I really love working with children. I enjoy sharing my knowledge and happiness with others, so I am especially excited to assist children with their studies, do activities with them, as well as work on their physical and mental development. I am sure that this internship will broaden my social skills, build team work, and improve my self-development in many other ways as well.”
Su Myat Win currently interns as a Burmese language teacher with BEAM’s Culture Home Abroad Transition (C.H.A.T) program. Su Myat Win shared her expectations from the internship with C.H.A.T:
“I am excited to be working with young students at BEAM. Being a teacher for children and youth is a new experience for me, but I am looking forward to sharing my experiences and teaching ethnic youth about Burmese language and culture.”
We Hkawng currently interns as an assistant for Higher Education Program. We Hkawng shared his expectations from the internship with BEAM:
“BEAM is where I was able to start my dream of getting accepted to university, so I am grateful for this chance to give back. I hope to use my IT knowledge to do technical work like digitizing exams and updating the BEAM website. I also want to gain experience teaching subjects like math and science.”
Thank you to our generous donors and our friends through GlobalGiving for supporting this program. Each student will be granted a scholarship in return for their volunteer service. They will be interning from August 2018 until the end of December 2018 for a minimum of 100 hours.
<Zawgyi>
“ဒီပရိုဂရမ်ကတဆင့် ကျနော့်ရဲ့ အတွေ့အကြုံဗဟုသုတွေကို မျှဝေနိုင်သည့်အပြင် လူငယ်အခြေပြု ဦးဆောင်မှု ဆိုင်ရာ ကျွမ်းကျင်မှုများနှင့် အပြန်အလှန်ယှဉ်ကျေးမှုဖလှယ်သည့် ဆက်သွယ်မှုကျွမ်းကျင်မှုများကိုလည်း ရရှိမည်ဟု မျှော်လင့်ပါတယ်။ အဖွဲ့အစည်းများအနေဖြင့် အကူအညီလိုအပ်နေသော လူမှုအဖွဲ့အစည်းများကို ဘယ်လိုကူညီနေ ကြသလဲ၊ ၎င်းတို့ရဲ့ ပရိုဂရမ်တွေကို ဘယ်လို့စီမံခန့်ခွဲသလဲနှင့် ၎င်းတို့၏ရည်ရွယ်ချက်တွေ ပြည့်မီအောင် အခြားမိတ်ဖက်အဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာတွေနဲ့ ဘယ်လိုချိတ်ဆက်ဆောင်ရွက်သလဲတို့ကို ကျနော်သင်ယူလေ့လာလိုပါတယ်။”
ဤပရိုဂရမ်စတင်ဖြစ်အောင် GlobalGiving မှတဆင့် ကူညီပံ့ပိုးပေးခဲ့သည့် ငွေကြေးထောက်ပံ့ပေးခဲ့သူများနှင့် ကျွန်ုပ်တို့၏ မိတ်ဆွေသူငယ်ချင်းများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ ဖော်ပြပါကျောင်းသူ/ကျောင်းသားများ အနေဖြင့် ၎င်းတို့၏ စေတနာ့ဝန်ထမ်းလုပ်အားပေး ဝန်ဆောင်မှုပေးခြင်းမှ ပညာသင်ဆုကို လက်ခံရရှိမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ သြဂုတ်လမှ ဒီဇင်ဘာလကုန်အထိ အနည်းဆုံး နာရီ ၁၀၀ ဆောင်ရွက်သွားမည်ဖြစ်သည်။
<Unicode>
CSIP လူထုအကျိုးပြု အလုပ်သင်ဝန်ဆောင်မှု ပရိုဂရမ် (၂၀၁၈-၁၉ ခုနှစ်)
၂၀၁၈-၁၉ ပညာသင်နှစ် ပထမအသုတ်အဖြစ် ဘီမ်းပညာရေးဖောင်ဒေးရှင်း၏ CSIP လူထုအကျိုးပြုအလုပ်သင် ဝန်ဆောင်မှု ပရိုဂရမ်သို့ ကျောင်းသူ/ကျောင်းသား ၄ ဦးပူးပေါင်းပါဝင်မည်ဖြစ်သည်။ အဆိုပါကျောင်းသူ/ ကျောင်းသားများမှာ စိုင်းဝန်လန်လွန်းဂျင်း (ချမ်း)၊ နော်ချစ်စုချမ်း (သဲသဲ)၊ ဝေခေါင်နှင့် ဆုမြတ်ဝင်းတို့ ဖြစ်သည်။ CSIP အလုပ်သင်ဝန်ဆောင်မှု ပညာသင်ဆုရရှိသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပြီး လူထုအကျိုးပြု အဖွဲ့အစည်းများနှင့် စီမံကိန်းများအတွင်း ထိရောက်အောင်မြင်စွာ လုပ်အားပေးဝန်ဆောင်မှုကို ဆောင်ရွက်သွားနိုင်မည်ဟု မျှော်လင့်ပါသည်။
ချမ်းသည် SYP/SEED သင်ယူမှုစင်တာ၏စီမံကိန်းများတွင် အလုပ်သင်အင်္ဂလိပ်ဘာသာရပ်ပြဆရာအဖြစ် ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ပြီး ဘီမ်းပညာရေးဖောင်ဒေးရှင်းတွင်လည်း အခြေခံထိုင်းဘာသာစကားသင်တန်း ဆရာအဖြစ် လုပ်ကိုင်သွားမည်။ SYP/SEED စီမံကိန်းများနှင့် အလုပ်သင်အဖြစ် လုပ်ကိုင်ရသည့် အတွေ့အကြုံနှင့် မျှော်လင့်ချက်ကို ချမ်းက ယခုလိုမျှဝေသည်-
“ဒီပရိုဂရမ်ကတဆင့် ကျနော့်ရဲ့ အတွေ့အကြုံဗဟုသုတွေကို မျှဝေနိုင်သည့်အပြင် လူငယ်အခြပြေု ဦးဆောင်မှု ဆိုင်ရာ ကျွမ်းကျင်မှုများနှင့် အပြန်အလှန်ယှဉ်ကျေးမှုဖလှယ်သည့် ဆက်သွယ်မှုကျွမ်းကျင်မှုများကိုလည်း ရရှိမည်ဟု မျှော်လင့်ပါတယ်။ အဖွဲ့အစည်းများအနဖြေင့် အကူအညီလိုအပ်နေသော လူမှုအဖွဲ့အစည်းများကို ဘယ်လိုကူညီနေ ကြသလဲ၊၎င်းတို့ရဲ့ ပရိုဂရမ်တွေကို ဘယ်လို့စီမံခန့်ခွဲသလဲနှင့်၎င်းတို့၏ရည်ရွယ်ချက်တွေ ပြည့်မီအောင် အခြားမိတ်ဖက်အဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာတွေနဲ့ ဘယ်လိုချိတ်ဆက်ဆောင်ရွက်သလဲတို့ကို ကျနော်သင်ယူလေ့လာလိုပါတယ်။”
သဲသဲသည် Starfish Country Home School Foundation (SCHSF) တွင် လက်ထောက်မူလတန်းပြဆရာမ အဖြစ် ဆောင်ရွက်မည်ဖြစ်သည်။ SCHSF တွင် လုပ်ဆောင်ရမည့် မျှော်မှန်းချက်နှင့်ပတ်သက်ပြီး သဲသဲက မျှဝေသည် မှာ-
“ကျမ ကလေးတွေနဲ့ အလုပ်လုပ်ရတာကို ပျော်ရွှင်နှစ်သက်ပါတယ်။ ကျမရဲ့ အတွေ့အကြုံဗဟုသုတတွေကို အခြားသူတွေနဲ့ မျှဝေရတာကို ပျော်ရွှင်ပြီး အထူးသဖြင့် ကလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သူတို့ရဲ့ သင်ယူလေ့လာမှုနဲ့ လုပ်ဆောင်ချက်တွေမှာ ကူညီပံ့ပိုးရမှာကို အရမ်းစိတ်လှုပ်ရှားမိပါတယ်။ ဤအလုပ်သင်ပရိုဂရမ်ကနေ ကျမရဲ့လူမှုဆက်ဆံရေးပိုင်းမှာ အတွေ့အကြုံ ဗဟုသုတ တိုးပွားလာပြီး၊ အဖွဲ့လိုက်စုစည်းလုပ်ဆောင်ရခြင်းနှင့် ကျမရဲ့ ကိုယ်ပိုင်ဖွံ့ဖြိုးရေးအတွက် နည်းလမ်းပေါင်းစုံနဲ့ ဖွံ့ဖြိုးတိုးတက်လာမယ်လို့ ယူကြည်ပါတယ်။”
ဆုမြတ်ဝင်းသည် ဘီမ်းပညာရေးဖောင်ဒေးရှင်း၏ Culture Home Abroad Transition (C.H.A.T) ပရိုဂရမ် လက်အောက်ရှိ အခြေခံမြန်မာဘာသာစကားသင်တန်းတွင် အလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်လျက်ရှိသည်။ C.H.A.T ပရိုဂရမ်နှင့် အလုပ်သင် ဆောင်ရွက်ရခြင်းမှ မျှော်လင့်ချက်များကို ယခုလိုမျှဝေပါသည်-
“ဘီမ်းရဲ့ စီမံကိန်းတွေက လူငယ်လေးတွေနဲ့ အလုပ်လုပ်ရတာ အရမ်းစိတ်လှုပ်ရှားစရာကောင်းပါတယ်။ ကလေးတွေနဲ့ လူငယ်လေးတွေရဲ့ ဘာသာစကားသင်ကြားပို့ချသည့် ဆရာမအနေနဲ့ အလုပ်လုပ်ရမှာ ကျမအတွက် အတွေ့အကြုံသစ်တစ်ခုဖြစ်ပေမယ့် ကျမရဲ့ အတွေ့အကြုံတွေကို အတတ်နိုင်ဆုံး မျှဝေသွားပြီး ဘာသာစကားအပြင် ယဉ်ကျေးမှုဖလှယ်သည့် လုပ်ဆောင်ချက်များကိုပါ ထည့်သွင်းလုပ်ဆောင်သွားဖို့ စီစဉ်ထားပါတယ်။”
ဝေခေါင်သည် ဘီမ်းပညာရေးဖောင်ဒေးရှင်း၏ အဆင့်မြင့်ပညာရေးပရိုဂရမ်တွင် ကူညီပံ့ပိုးသူတစ်ယောက်အဖြစ် ဆောင်ရွက်သွားမည်ဖြစ်သည်။ ဝေခေါင်က ဘီမ်းပညာရေးဖောင်ဒေးရှင်းနှင့် အလုပ်သင်အဖြစ် လုပ်ကိုင်ရမည့် မျှော်မှန်းချက်ကို ယခုလို မျှဝေပါသည်-
“ဘီမ်းကျောင်းဆိုတာ ကျနော့်ရဲ့ တက္ကသိုလ်ပညာရေးအိပ်မက် အစပဲဖြစ်ပါတယ်၊ အဲ့ဒါကြောင့် ဘီမ်းမှာ အလုပ်သင်အဖြစ် တစ်ခုခုပြန်လည်ပံ့ပိုးပေးရင်း ကျေးဇူးဆပ်ရမယ်ဆိုတော့ အင်မတန်ကျေးဇူးတင် ဝမ်းမြောက်မိပါတယ်။ ကျနော်ရဲ့ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုတွေကို အသုံးပြုပြီး အွန်လိုင်းဒစ်ဂျစ်တယ်စာမေးပွဲ ပြင်ဆင်တည်ဆောက်ခြင်းနဲ့ ဘီမ်းဝဘ်ဆိုဒ်အတွက် လိုအပ်တာတွေကို ကူညီပံ့ပိုးပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဂျီအီးဒီကျောင်းသားတွေကို သင်္ချာနဲ့ သိပ္ပံသင်ပေးရင်းနဲ့လည်း သင်ကြားရေးအတွေ့အကြုံတွေ ရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”
ဤပရိုဂရမ်စတင်ဖြစ်အောင် GlobalGiving မှတဆင့် ကူညီပံ့ပိုးပေးခဲ့သည့် ငွေကြေးထောက်ပံ့ပေးခဲ့သူများနှင့် ကျွနု်ပ်တို့၏ မိတ်ဆွေသူငယ်ချင်းများကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ ဖော်ပြပါကျောင်းသူ/ကျောင်းသားများ အနဖြေင့်၎င်းတို့၏ စေတနာ့ဝန်ထမ်းလုပ်အားပေး ဝန်ဆောင်မှုပေးခြင်းမှ ပညာသင်ဆုကို လက်ခံရရှိမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ သြဂုတ်လမှ ဒီဇင်ဘာလကုန်အထိ အနည်းဆုံး နာရီ ၁၀၀ ဆောင်ရွက်သွားမည်ဖြစ်သည်။
Leave a Reply
Your email address will not be published. Required fields are marked *