BEAM x Skillseed Cultural Exchange Program
January 8, 2019
ဖွံ့ဖြိုးရေးအစီအစဉ်နှင့် စေတနာ့ဝန်ထမ်း (၀န်ထမ်း) ခေါ်ယူခြင်း (ထိုင်းမှ လျှောက်သူများအတွက်)
January 31, 2019

ဖွံ့ဖြိုးရေးအစီအစဉ်နှင့် စေတနာ့ဝန်ထမ်း (၀န်ထမ်း) ခေါ်ယူခြင်း (မြန်မာပြည်တွင်းမှ လျှောက်သူများအတွက်)

မြန်မာနိုင်ငံအတွင်း ကျေးရွာအခြေပြု စီးပွားရေး၊ လူမှုရေးနှင့် အသိပညာဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်ရန် ဖွံ့ဖြိုးရေးအစီအစဉ်နှင့် စေတနာ့ဝန်ထမ်း (၀န်ထမ်း) ခေါ်ယူခြင်း

BEAM Education Foundation (BEAM) အား (၂၀၁၀) ခုနှစ်တွင် စတင်တည်ထောင်ခဲ့ကာ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် အခြေစိုက်ပါသည်။ BEAM သည် အမြတ်အစွန်းမကြည့်သော ပညာရေးဖောင်ဒေးရှင်း တစ်ခုအဖြစ် မှတ်ပုံတင်ရပ်တည်လျက်ရှိပြီး မြန်မာနိုင်ငံသားအများစုဖြစ်သော အခွင့် အရေးနည်းပါးသူများ၊ ရွှေ့ပြောင်းလုပ်ကိုင်ကြသူများနှင့် ထိုင်းနိုင်ငံအတွင်း ဒုက္ခသည်များအဖြစ်ရောက်ရှိနေခဲ့ကြသော လူငယ် များတို့၏ ပညာရေးဆိုင်ရာလိုအပ်ချက်များအတွက် အဓိကရပ်တည် လုပ်ဆောင်ပေးလျက်ရှိပါသည်။

BEAM Education Foundation မှ မြန်မာနိုင်ငံအတွင်း စီးပွားရေး၊ လူမှုရေးနှင့် အသိပညာဖွံ့ဖြိုး တိုးတက်ရေးအားတစ်စိတ်တစ်ပိုင်းမှကူညီလုပ်ဆောင်ပေးနိုင်ရန်အတွက် Village Corps   စီမံကိန်းအား (၂၀၁၇) တွင်  စတင်အကောင်အထည်ဖေါ်ခဲ့သည်။  Village Corps စီမံကိန်းလုပ်ဆောင်မှုများ၏ အဓိကရည်ရွယ်ချက်မှာ နည်းပညာဖွံ့ဖြိုးမှုများဖန်တီးရန်၊ အလုပ်အကိုင်အခွင့်အလမ်းများပေါ်ပေါက် လာစေရန်၊ အသိပညာနှင့်ကျွမ်းကျင်မှုများဝေမျှခြင်းအားဖြင့် စွမ်းရည်မြင့်မားလာစေရေးတွန်းအားပေး လှုံ့ဆော်သည့်သင်တန်းများပို့ချရန် တို့ဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်းရှိ ဒေသ (၃) ခု၌ ဦးဆောင်ပါဝင်လုပ်ကိုင်သူ စေတနာ့ဝန်ထမ်း (၅) ဦး အားဖြင့် ဒေသတွင်းအကျိုးပြုသည့်လုပ်ငန်းများအား အောင်မြင်စွာလုပ်ဆောင်လျက်ရှိပါသည်။ ၂၀၁၉-၂၀၂၀ ခုနှစ်အတွက် အလားတူ Village Corps   စီမံကိန်းအားထပ်မံခေါ်ယူပံ့ပိုးပေးမည်ဖြစ်ပါသဖြင့် အောက်ပါအရည်အချင်းနှင့်ပြည်စုံသောသူများ လျှောက်ထားနိုင်ပါသည်။

လျှောက်ထားသူသည်

၁။ BEAM Education Foundation မှ ဖွင့်လှစ်ခဲ့သော အသက်မွေးဝမ်းကျောင်းသင်တန်း (Vocational Training) (သို့မဟုတ်)  ချိတ်ဆက်ထားသောသင်တန်းများမှ သင်တန်းတစ်ခုခုတွင် တက်ရောက်ဖူး သူများဖြစ်ရမည်။

၂။ လူမှုအကျိုးစီးပွားနှင့် Team work ကိုစိတ်ဝင်စားသူများ၊

၃။ မိမိကျွမ်းကျင်သော၊ စိတ်ဝင်စားသောဘာသာရပ်များကို အခြေခံပြီး ဒေသဖွံ့ဖြိုးရေးလိုအပ်ချက် များကိုလုပ်ဆောင်လိုစိတ်ရှိသောသူများ၊

၎။ မိမိပတ်ဝန်းကျင်ဒေသအကြောင်း ခြုံငုံသုံးသပ်နိုင်စွမ်းရှိသူများ၊

၅။ မိမိပြုလုပ်မည့်လုပ်ငန်းအားရေရှည်ရပ်တည်ရန်ရည်ရွယ်ကြံဆထားသူများ၊

လျှောက်လွှာရယူရန်

လျှောက်လွှာကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ (27-2-2019) 18:00 အတွင်း နောက်ဆုံးထား၍ BEAM Myanmar ရုံးခန်းသို့ လူကိုယ်တိုင် လာရောက်၍ဖြစ်စေ၊ စီမံကိန်းတာဝန်ခံ ကိုကျော်ကျော်သက်၏ အီးမေးလ်လိပ်စာ [email protected] သို့ လိပ်မူ၍ ဖြစ်စေ လျှောက်ထားနိုင်ပါသည်။

 

BEAM မြန်မာရုံးခန်း

အခန်း (၁၃)၊ တိုက် (၃)၊ (၄) လွှာ၊

(၄) ရပ်ကွက်၊ မြို့ပြအိမ်ရာဝင်း (မြောက်ပိုင်းခရိုင်)၊

(၈) မိုင်လမ်းဆုံ၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့၊ ၁၁၀၆၁

ဖုန်း – ၀၉ ၄၂၇၂၆ ၃၄၅၁

Website:www.beamedu.org, Email: [email protected]

Leave a Reply

Your email address will not be published. Required fields are marked *