BEAM Educational Foundation
Community Service Internship Program Spring Highlights
August 6, 2018
Congratulations GED Graduates (2017-18)
August 24, 2018

100-hour Tailoring Training Now Opened

The Basic Tailoring Training course under BEAM Education Foundation’s Vocational Program started on 31st July 2018. We have 15 students learning both skirt sewing and blouse sewing techniques. This 100-hour training will last for 3 months.

This is the third Tailoring Training during 2018: the first was the 75-hour Skirt Sewing Training (from January through March), and the second was the Blouse Sewing Training (from April through June).

Our Vocational Program has been active since the year BEAM Education Foundation was founded in 2010. As of 2017, the Program has reached 1,171 Vocational Students, plus 200 additional students estimated for 2018.

Other trainings operated by our Vocational Program include Basic ICT Literacy Training, Tailoring & Handmade Trainings, as well as additional Vocational Trainings in collaboration with Chiang Mai Polytechnic College.


<Zawgyi>

နာရီ ၁၀၀ စက္ခ်ဳပ္နည္းပညာသင္တန္း ဖြင့္လွစ္

ဘီးမ္ပညာေရးေဖာင္ေဒးရွင္း၏ အသက္ေမြး၀မ္းေက်ာင္း ပညာေရးပရိုဂရမ္မွ စဥ္ဆက္မျပတ္သင္ၾကားပုိ႔ခ်လ်က္ ရွိေသာ အေျခခံ စက္ခ်ဳပ္ပညာသင္တန္းကို ၃၁ ဇူလိုင္ ၂၀၁၈ က သင္တန္းသူ ၁၅ ဦးျဖင့္ စတင္ဖြင့္လွစ္ သင္ၾကားလ်က္ ရွိပါသည္။ သင္ရိုးအားျဖင့္ အေျခခံ စကတ္ခ်ဳပ္နည္းပညာႏွင့္ အကၤ် ီခ်ဳပ္နည္းပညာ ႏွစ္မ်ိဳးလံုး ပါ၀င္မည္ျဖစ္ျပီး ၾကာျမင့္ခ်ိန္အားျဖင့္ နာရီ ၁၀၀ (၃ လ ခန္႔) ၾကာျမင့္မည္ ျဖစ္ပါသည္။

၂၀၁၈ ခုႏွစ္အတြင္း တတိယအၾကိမ္ေျမာက္ ဖြင့္လွစ္သင္ၾကားေသာ သင္တန္းျဖစ္ျပီး ဇန္န၀ါရီမွ မတ္လကုန္အထိ စကတ္ခ်ဳပ္နည္း သင္တန္း (၇၅ နာရီ) ကို လည္းေကာင္း၊ ေမလမွ ဇြန္လကုန္အထိ အမ်ိဳးသမီးအကၤ် ီခ်ဳပ္နည္းသင္တန္း (၇၅ နာရီ) ကို လည္းေကာင္း ပုိ႔ခ်ျပီးစီးခဲ့ပါသည္။

အသက္ေမြး၀မ္းေက်ာင္းပညာေရး ပရိုဂရမ္ (Vocational Program) ကို ၂၀၁၀ ခုႏွစ္၊ ဘီးမ္ ပညာေရးေဖာင္ေဒးရွင္း စတင္တည္ေထာင္ခ်ိန္ကတည္းက စတင္ဖြင့္လွစ္ခဲ့ရာ၊ ၂၀၁၇ ခုႏွစ္အထိ သင္တန္းသားဦးေရ စုစုေပါင္း ၁,၁၇၁ ဦး ေမြးထုတ္ခဲ့ျပီး ၂၀၁၈ အတြက္မူ သင္တန္းသားဦးေရ ၂၀၀ ေက်ာ္ ေမြးထုတ္ရန္ လ်ာထားလ်က္ရွိပါသည္။

အဆိုပါ အသက္ေမြး၀မ္းေက်ာင္း ပညာေရးပရိုဂရမ္မွ ဖြင့္လွစ္လ်က္ ရွိေသာ သင္တန္းမ်ားမွာ အေျခခံ သတင္းအခ်က္အလက္ႏွင့္ နည္းပညာသင္တန္း (Basic ICT Literacy Training), အေျခခံ စက္ခ်ဳပ္သင္တန္းႏွင့္ လက္မွဳပညာသင္တန္းအမ်ိဳးမ်ိဳး (Tailoring and Handmade Trainings) သာမက ခ်င္းမိုင္အသက္ေမြး၀မ္းေက်ာင္း နည္းပညာေကာလိပ္ႏွင့္ ပူးေပါင္းက်င္းပလ်က္ရွိေသာ နာရီ ၁၅၀ ၾကာ အသက္ေမြး၀မ္းေက်ာင္းသင္တန္းမ်ား ျဖစ္ပါသည္။


<Unicode>

နာရီ ၁၀၀ စက်ချုပ်နည်းပညာသင်တန်း ဖွင့်လှစ်

ဘီးမ်ပညာရေးဖောင်ဒေးရှင်း၏ အသက်မွေးဝမ်းကျောင်း ပညာရေးပရိုဂရမ်မှ စဉ်ဆက်မပြတ်သင်ကြားပို့ချလျက် ရှိသော အခြေခံ စက်ချုပ်ပညာသင်တန်းကို ၃၁ ဇူလိုင် ၂၀၁၈ က သင်တန်းသူ ၁၅ ဦးဖြင့် စတင်ဖွင့်လှစ် သင်ကြားလျက် ရှိပါသည်။ သင်ရိုးအားဖြင့် အခြေခံ စကတ်ချုပ်နည်းပညာနှင့် အင်္ကျီချုပ်နည်းပညာ နှစ်မျိုးလုံး ပါဝင်မည်ဖြစ်ပြီး ကြာမြင့်ချိန်အားဖြင့် နာရီ ၁၀၀ (၃ လ ခန့်) ကြာမြင့်မည် ဖြစ်ပါသည်။

၂၀၁၈ ခုနှစ်အတွင်း တတိယအကြိမ်မြောက် ဖွင့်လှစ်သင်ကြားသော သင်တန်းဖြစ်ပြီး ဇန်နဝါရီမှ မတ်လကုန်အထိ စကတ်ချုပ်နည်း သင်တန်း (၇၅ နာရီ) ကို လည်းကောင်း၊ မေလမှ ဇွန်လကုန်အထိ အမျိုးသမီးအင်္ကျီချုပ်နည်းသင်တန်း (၇၅ နာရီ) ကို လည်းကောင်း ပို့ချပြီးစီးခဲ့ပါသည်။

အသက်မွေးဝမ်းကျောင်းပညာရေး ပရိုဂရမ် (Vocational Program) ကို ၂၀၁၀ ခုနှစ်၊ ဘီးမ် ပညာရေးဖောင်ဒေးရှင်း စတင်တည်ထောင်ချိန်ကတည်းက စတင်ဖွင့်လှစ်ခဲ့ရာ၊ ၂၀၁၇ ခုနှစ်အထိ သင်တန်းသားဦးရေ စုစုပေါင်း ၁,၁၇၁ ဦး မွေးထုတ်ခဲ့ပြီး ၂၀၁၈ အတွက်မူ သင်တန်းသားဦးရေ ၂၀၀ ကျော် မွေးထုတ်ရန် လျာထားလျက်ရှိပါသည်။

အဆိုပါ အသက်မွေးဝမ်းကျောင်း ပညာရေးပရိုဂရမ်မှ ဖွင့်လှစ်လျက် ရှိသော သင်တန်းများမှာ အခြေခံ သတင်းအချက်အလက်နှင့် နည်းပညာသင်တန်း (Basic ICT Literacy Training), အခြေခံ စက်ချုပ်သင်တန်းနှင့် လက်မှုပညာသင်တန်းအမျိုးမျိုး (Tailoring and Handmade Trainings) သာမက ချင်းမိုင်အသက်မွေးဝမ်းကျောင်း နည်းပညာကောလိပ်နှင့် ပူးပေါင်းကျင်းပလျက်ရှိသော နာရီ ၁၅၀ ကြာ အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖြစ်ပါသည်။


Leave a Reply

Your email address will not be published. Required fields are marked *