2018 Youth Leadership Conference Recap
November 28, 2018
What are the BEAM alumni doing? Nang Mway Phoung
December 12, 2018

Congratulations 200 hr Thai Literacy Program and NFE Graduates & Welcome New Students

BEAM’s NFE program for academic year 2018 has been successfully finished and NFE Graduation Ceremony was held at Lotus Pang SuanKaew hotel (organized by ONIE Chiang Mai department) with 42 students attended. 38 students have graduated 200hr Thai literacy program and received Thai language proficiency certificate and among NFE all levels (primary, lower secondary, upper secondary), 4 students have graduated.

 

BEAM’s NFE program (Higher Education Program) for academic year 2018-19 was opened on 12th November and it continues until 29th March 2019, everyMonday to Wednesday. After a selective admission process,30 students in 200 hr Thai literacy program and55 students (34 students in primary level, 12 students in Lower Secondary level, and 9 students in Upper Secondary level) have been registered to join this program.


နာရီ (၂၀၀) ထိုင်းဘာသာစကားနှင့် ကောစော်နောပရိုဂရမ်တို့၏ သင်တန်းဆင်းဂုဏ်ပြုပွဲနှင့် ကျောင်းသားသစ် ကြိုဆိုပွဲအခမ်းအနား

ဘီမ်းပညာရေးဖောင်ဒေးရှင်း၏ အခြေခံပညာရေးပရိုဂရမ်သည် ၂၀၁၈ ခုနှစ်၊ ပညာသင်နှစ် အပတ်စဉ် (၁) ကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလကုန်တွင် အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီးဖြစ်သည်။ နာရီ (၂၀၀) ထိုင်းစာတက်မြောက်ရေးပရိုဂရမ်မှ ကျောင်းသား/သူ (၃၈) ယောက်မှ  ထိုင်းဘာသာစကား ကျွမ်းကျင်မှု ဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များကို လက်ခံရရှိခဲ့သည်။ ထို့အပြင် ထိုင်းကျောင်းပြင်ပ ပညာရေးပရိုဂရမ် (ကောစော်နော)မှ  မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းဆင့်မှကျောင်းသား/ကျောင်းသူ ၄ ယောက် လည်း သက်ဆိုင်ရာအဆင့်အသီးသီးမှ အောင်မြင်ပြီးမြောက်ပြီး နောက်တဆင့်သို့ တက်ရောက်နိုင်ခဲ့ကြ သည်။ ကျောင်းဆင်းပွဲအခမ်းအနားနှင့် ပညာသင်နှစ် အပတ်စဉ် (၂) အတွက် ကျောင်းသားသစ် ကြိုဆိုပွဲကို ချင်းမိုင်မြို့ရှိ၊ Lotus Pang Suan Kaew Hotel တွင် ချင်းမိုင်မြို့၊ ထိုင်းကျောင်းပြင်ပ ပညာရေးဌာနမှ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ပြီး ဘီမ်းကျောင်းသား/ကျောင်းသူ စုစုပေါင်း (၄၂) ယောက်တက်ရောက်ခဲ့ကြသည်။ သင်တန်းဆင်း ကျောင်းသား/ကျောင်းသူအားလုံးကို ရည်မှန်းထားသည့် ပညာရေးပန်းတိုင်သို့ အရောက် လှမ်းနိုင်ပါစေကြောင်း ဘီမ်းပညာရေးဖောင်ဒေးရှင်းမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

သင်တန်းဆင်းသူများကို နှုတ်ဆက်ရသလို ကောစော်နောအစီအစဉ်၏ ကျောင်းသား/ကျောင်းသူ အသစ်များကို လက်ခံကြိုဆိုရသည့်အတွက် စိတ်လှုပ်ရှားခဲ့ရပါတယ်။ ကောစော်နောပရိုဂရမ်၏ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ အပတ်စဉ် (၂) အား ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်နေ့တွင် စတင်ဖွင့်လစ်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့အထိ အပတ်စဉ် တင်္နလာနေ့မှ ဗုဒ္ဒဟူးနေ့တိုင်း သင်ကြားပို့ချသွားမည် ဖြစ်သည်။ ယခု ပညာသင်နှစ် အပတ်စဉ် (၂) အတွက် နာရီ(၂၀၀) ထိုင်းစာတက်မြောက်ရေးပရိုဂရမ်တွင် ကျောင်းသူ/ကျောင်းသား (၃၀) ယောက်နှင့် ကောစော်နောပရိုဂရမ်၏ မူလတန်းအဆင့်တွင် (၃၄) ယောက်၊ အလယ်တန်းအဆင့်တွင် (၁၂) ယောက်၊ အထက်တန်းအဆင့်တွင် (၉) ယောက်၊ စုစုပေါင်း (၈၅) ယောက် ကို ရွေးချယ်လက်ခံခဲ့ပါသည်။ စာသင်ခန်းအတွင်းနှင့် ပြင်ပလောကမှာပါ ထက်မြက်သူများ ဖြစ်လာမည့် သင်တန်းသား/ကျောင်းသူများကို သင်ကြားပို့ချရမည့်အတွက် ဘီမ်းပညာရေးဖောင်ဒေးရှင်း၏ အခြေခံနှင့် အဆင့်မြင့်ပညာရေးပရိုဂရမ်အနေဖြင့် အလွန်ပင် စိတ်လှုပ်ရှားမိပါသည်။


 

Leave a Reply

Your email address will not be published. Required fields are marked *