BEAM Foundation’s Open House (7 July 2018)
July 4, 2018
BEAM OPEN HOUSE
July 19, 2018

Seminar on Continuous Education Access for Migrant and Out of School Children and Youth

Almost 50 representatives from the Myanmar Ministry of Education, the Thai Office of Non-Formal Education (ONIE), and a variety of Community Based Organizations from Northern and Southern Thailand came together for the Seminar on Continuous Education Access for Migrant and Out-of-School Children and Youth, held on July 15th and 16th, 2018 at Amora Hotel in Chiang Mai.

The Seminar was convened by the Migrant Education Integration Initiative (MEII) and BEAM Education Foundation, a coalition of 18 organizations representing over 80 migrant learning centers (MLC) and other schools that has been advocating for increased support and access for migrant students since 2013. The purpose was to bring together key stakeholders and brainstorm potential pathways for creating comprehensive and continuous access for the two countries’ migrant and out of school children and youth (OOSCY).

In the first of three keynote speeches, Dr. Khine Mye, Secretary of National Education Planning Committee (NEPC), spoke to the importance of three main needs in the education sector: 1) accessibility, 2) education quality, and 3) equity. He also mentioned that there is some development and implementation being done on this in the initial stages by multiple organizations in both Thailand and Myanmar. However, there is still no education equivalency system between the two countries, and so another review of the education policy on both sides is required before further actions can be taken. Additionally, education quality assurance and accreditation sectors need to be focused on the process and making of an education equivalency system between the two countries. He concludes the speech by highlighting the importance of great collaboration among respective institutes, migrant learning centers, teachers, students, and the community for enhancing educational transition or development.

Next, the Director of Mae Tao Clinic Dr. Cynthia Maung’s keynote speech noted the importance of collaboration in improving and developing inclusive education pathways for migrants, out of school children and youths, including addressing continuous education. She also mentioned that the education curriculum for migrant students should also be relevant to the migrant children and youth based on their region. Her hope is to boost the collaboration of stakeholders working in educational development, migration, violence, and preserving natural resources. In concluding, she encouraged community-based organizations and migrant learning centers in different regions to work hard together for the out of school children under age 15 in their respective areas.

The last keynote speaker, Ms. Natkrita Puengsuk, the Director of Office of Non-formal and Informal Education (ONIE), Bangkok discussed the work of their departments with respect to issue of education access for migrant out of school children and youth in Thailand. ONIE will continue to support education access for migrant children, are ready for collaborating on an education equivalency system at the national level, and will continue to provide recommendations for migrant learning centers in the Thai-Myanmar border area on accessing targeted group populations.

Over two days, participants heard presentations and panel discussions about the topic and engaged in discussions about the future.The education ministers gave keynote speeches discussing the work of their ministries with respect to this issue, followed by speeches from representatives of MEII and the Education Quality Assurance Board, a related body that works to ensure consistent quality among MEIIs member schools.

The rest of the day was devoted to presentations and discussions. Some speakers highlighted the striking situation of OOSCY in Thailand, which especially affects migrant children. MEII discussed the extent of the problem of OOSCY, citing a World Education and Save the Children report that found that 60% of migrant children are unable to attend school. Others discussed the complicated bureaucratic hurdles that migrants and stateless students face, the lack of comprehensive data and information, and the difficult situation on the ground with which MLCs have to contend.

On the second day of the seminar, the attendees broke into discussion groups to brainstorm recommendations for what can be done in the future. Thai authorities from Chiang Mai province stated their commitment to implementing Thailand’s Education for All policy at the local level. Other groups recognized the importance of developing links between the Thai and Myanmar education systems in order to ensure transferability and recognition of prior learning for migrant students who might move between the two countries, as well as including MLCs in a broad network of mutually recognized institutions.

The seminar was an important step in the journey towards a comprehensive set of pathways that can ensure access to education for Out-of-School Children and Youth in both countries.


ေရႊ႕ေျပာင္းကေလးမ်ား၊ ေက်ာင္းျပင္ပေရာက္ ကေလးမ်ားႏွင့္ လူငယ္မ်ားအတြက္ စဥ္ဆက္မျပတ္ ပညာေရးအခြင့္အလမ္းဆိုင္ရာ ေဆြးေႏြးပြဲ

၂၀၁၈ ခုႏွစ္၊ ဇူလိုင္လ ၁၅-၁၆ ရက္ေန႔မ်ားတြင္ ေရႊ႕ေျပာင္းကေလးမ်ား၊ ေက်ာင္းျပင္ပေရာက္ ကေလးမ်ားႏွင့္ လူငယ္မ်ားအတြက္ စဥ္ဆက္မျပတ္ ပညာေရးအခြင့္အလမ္းဆိုင္ရာ ေဆြးေႏြးပြဲတစ္ရပ္ကို ခ်င္းမိုင္ၿမိဳ႕ရွိ Amora ဟိုတယ္တြင္ က်င္းပျပဳလုပ္ခဲ့သည္။ အဆိုပါ ေဆြးေႏြးပြဲသို႔ ျမန္မာႏိုင္ငံ ပညာေရးဝန္ႀကီးဌာန၊ ထိုင္း ေက်ာင္းျပင္ပ ပညာေရးဌာနႏွင့္ ထိုင္းႏိုင္ငံ ေျမာက္ပိုင္းႏွင့္ ေတာင္ပိုင္းတို႔မွ လူထုအေျချပဳေ႐ႊ႕ေျပာင္းေက်ာင္းမ်ားမွ ကိုယ္စားလွယ္ ၅၀ ဦးခန္႔ ပူးေပါင္းပါဝင္ ေဆြးေႏြးခဲ့ၾကသည္။

ဤေဆြးေႏြးပြဲကို ဘီမ္းပညာေရးေဖာင္ေဒးရွင္းႏွင့္ MEII ကြန္ရက္တို႔မွ ႀကီးမွဴးက်င္းပခဲ့ျခင္းျဖစ္ၿပီး ေ႐ႊ႕ေျပာင္းကေလးငယ္မ်ား၏ ပညာေရးအခြင့္အလမ္းဆိုင္ရာ ပံ့ပိုးမႈမ်ားရရွိရန္အတြက္ ၂၀၁၃ ခုႏွစ္ကတည္းက တစိုက္မတ္မတ္ လုပ္ေဆာင္လ်က္ရွိၾကေသာ နယ္စပ္ေဒသ လူထုအေျချပဳေ႐ႊ႕ေျပာင္းေက်ာင္းေပါင္း ၈၀ ေက်ာ္ကို ကိုယ္စားျပဳသည့္ ေ႐ႊ႕ေျပာင္းပညာေရးအဖြဲ႔အစည္း ၁၈ ဖြဲ႔တို႔မွ ပူးေပါင္းပါဝင္ေဆြးေႏြးခဲ့ၾကသည္။ ေဆြးေႏြးပြဲ၏ အဓိကရည္႐ြယ္ခ်က္မွာ သက္ဆိုင္ရာအဖြဲ႔အစည္းမ်ားမွ ထိုင္း-ျမန္မာ ႏွစ္ႏိုင္ငံအတြင္းရွိ ေ႐ႊ႕ေျပာင္းကေလးမ်ား၊ ေက်ာင္းျပင္ပေရာက္ကေလးမ်ားႏွင့္ လူငယ္မ်ားအတြက္ အားလံုးပါဝင္ႏိုင္မည့္ စဥ္ဆက္မျပတ္ ပညာေရးဆိုင္ရာ အခြင့္အလမ္းတစ္ရပ္ဖန္တီးရန္အတြက္ အလားအလာရွိသည့္ နည္းလမ္းမ်ားကို စုေပါင္းေဆြးေႏြးအေျဖရွာၾကရန္ျဖစ္သည္။

ေဆြးေႏြးပြဲ ၂ ရက္အတြင္း အဖြဲ႔အစည္းအသီးသီးမွ ၎တို႔လက္ရွိလုပ္ေဆာင္ေနသည့္ ပညာေရးဆိုင္ရာ လုပ္ငန္းမ်ားအေၾကာင္းရွင္းလင္းတင္ျပျခင္း၊ ေရႊ႕ေျပာင္းကေလးမ်ား၊ ေက်ာင္းျပင္ပေရာက္ကေလးမ်ားႏွင့္ လူငယ္မ်ားအတြက္ စဥ္ဆက္မျပတ္ပညာေရးဆိုင္ရာ အခြင့္အလမ္းမ်ားအတြက္ နည္းလမ္းမ်ား ေဖာ္ေဆာင္ရာတြင္ ႀကံဳေတြ႔ရေသာ လက္ရွိအေျခအေနမ်ား၊ စိန္ေခၚမႈမ်ားကုိ မည္သို႔ရင္ဆိုင္ေျဖရွင္းႏိုင္မည့္နည္းလမ္းမ်ားကို ေဆြးေႏြးခဲ့ၾကသည္။ ႏွစ္ႏိုင္ငံပညာေရးဝန္ႀကီးဌာနမ်ားမွ ကိုယ္စားလွယ္မ်ားက အဆိုပါအေၾကာင္းအရာႏွင့္စပ္လ်ဥ္းသည့္ ၎တို႔၏ ေဆာင္႐ြက္ေနမႈမ်ားကို တင္ျပေဆြးေႏြးခဲ့ၾကၿပီး MEII ကြန္ရက္အဖြဲ႔၊ ပညာေရးစံႏႈန္းထိန္းညႇိေရးဘုတ္အဖြဲ႕ (EQAB)တို႔မွ MEII ကြန္ရက္အတြင္းရွိ လူထုအေျချပဳေ႐ႊ႕ေျပာင္းေက်ာင္းမ်ား၏ ပညာေရးစံႏႈန္းထိန္းညႇိေရးအတြက္ လက္ရွိေဆာင္႐ြက္ေနမႈမ်ားကို တင္ျပေဆြးေႏြးခဲ့ၾကသည္။

ေဆြးေႏြးပြဲအဖြင့္အမွာစကား ေျပာၾကားရာတြင္ ျမန္မာႏိုင္ငံ အမ်ဳိးသားပညာေရးမူဝါဒ ေရးဆြဲေရးေကာ္မတီ၏ အတြင္းေရးမွဴး ေဒါက္တာခိုင္ၿမဲက ပညာေရးက႑အတြက္ အေရးႀကီးသည့္ အခ်က္ (၃) ခ်က္ျဖစ္သည့္ ပညာသင္မႈအခြင့္အလမ္း၊ ပညာေရးဆိုင္ရာအရည္အေသြးစံသတ္မွတ္မႈႏွင့္ တန္းတူညီမွ်ေသာ ပညာသင္ခြင့္ အခြင့္အလမ္းမ်ားအေၾကာင္း ထည့္သြင္းေျပာၾကားခဲ့သည္။ ထိုင္း-ျမန္မာ ႏွစ္ႏိုင္ငံပညာေရးဌာနအသီးသီးမွ ေဖာ္ျပပါကေလးလူငယ္မ်ားအတြက္ စဥ္ဆက္မျပတ္ပညာေရးဆိုင္ရာ အခြင့္အလမ္းအတြက္ ကိုယ္စီကိုယ္စီ ေဆာင္႐ြက္ေနမႈမ်ားေတြ႔ရေသာ္လည္း ႏွစ္ႏိုင္ငံ ပညာေရးစံနစ္ အျပန္အလွန္ခ်ိတ္ဆက္မႈက႑တြင္ ပညာေရးမူဝါဒမ်ား ဆန္းစစ္ရန္လိုအပ္လာသည့္အျပင္ ပညာေရးဆိုင္ရာ အရည္အေသြးစံသတ္မွတ္မႈႏွင့္ အသိအမွတ္ျပဳခံရမႈအပိုင္းမ်ားကိုလည္း အားျဖည့္ေဆာင္႐ြက္ရန္ လိုအပ္ေၾကာင္းႏွင့္ အတူတကြလက္တြဲေဆာင္႐ြက္သြားၾကဖို႔ တိုက္တြန္းေျပာၾကားသြားခဲ့သည္။

ဆက္လက္ၿပီး ထိုင္းႏိုင္ငံ၊ မဲေဆာက္ၿမိဳ႕အေျခစိုက္ မယ္ေတာ္ေဆးခန္းတည္ေထာင္သူ ေဒါက္တာ စင္သီယာေမာင္က ေရႊ႕ေျပာင္းကေလးမ်ား၊ ေက်ာင္းျပင္ပေရာက္ကေလးမ်ားႏွင့္ လူငယ္မ်ားအပါအဝင္ အားလံုးအက်ဳံးဝင္ပညာေရးျဖစ္ေအာင္ ေဆာင္႐ြက္သည့္အခါမွာ စဥ္ဆက္မျပတ္ ပညာေရးအခြင့္အလမ္းမ်ားရရွိေအာင္၊ သင္႐ိုးညႊန္းတမ္းေရးဆြဲရာတြင္လည္း ကိုယ္ေနထိုင္ရာ ေနရပ္ေဒသႏွင့္ လိုက္ေလ်ာညီေထြျဖစ္ေအာင္ ေရးဆြဲၾကရန္၊ ပညာေရးက႑အျပင္ ေ႐ႊ႕ေျပာင္းေနထိုင္မႈ၊ အၾကမ္းဖက္ခံရမႈ၊ အျခားေသာ ပဋိပကၡမ်ား၊ သဘာဝပတ္ဝန္းက်င္ပ်က္စီးဆံုး႐ံႈးမႈကိစၥရပ္ေတြ ေဆာင္႐ြက္သည့္အခါမွာ အားလံုးပူးေပါင္းေဆာင္႐ြက္ၾကရန္ႏွင့္ ၁၅ ႏွစ္ေအာက္ကေလး အေျမာက္အျမား ေက်ာင္းျပင္ပေရာက္ရွိေနမႈအေပၚ သက္ဆိုင္ရာေဒသအသီးသီးမွ လူထုအေျချပဳေက်ာင္းမ်ား၊ ဆရာ/မမ်ားမွ အတတ္ႏိုင္ဆံုး ႀကိဳးစားေဆာင္႐ြက္သြားၾကရန္ တိုက္တြန္းေျပာၾကားသြားခဲ့ပါသည္။

ထို႔ျပင္ ဘန္ေကာက္ၿမိဳ႕ရွိ ထိုင္းေက်ာင္းျပင္ပညာေရးဌာနမွ ညႊန္ၾကားေရးမွဴးက ေ႐ႊ႕ေျပာင္းကေလးမ်ားႏွင့္ လူငယ္မ်ားအတြက္ ထိုင္းႏိုင္ငံအတြင္း ရရွိႏိုင္သည့္ ပညာေရးအခြင့္အလမ္းမ်ားအေၾကာင္း ရွင္းလင္းတင္ျပခဲ့သည္။ ျမန္မာေ႐ႊ႕ေျပာင္းကေလးမ်ားႏွင့္ လူငယ္မ်ားအတြက္ ပညာေရးဆိုင္ရာအခြင့္အလမ္းမ်ားကို ဆက္လက္ကူညီပံ့ပိုးေပးသြားမည့္အေၾကာင္း၊ ထိုင္း-ျမန္မာ ႏွစ္ႏိုင္ငံ ပညာေရးစံနစ္ ခ်ိတ္ဆက္ေဆာင္႐ြက္မႈမ်ားကို လက္တြဲေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ ပညာေရးစံသတ္မွတ္တူညီေရးက႑တြင္ ႏိုင္ငံေတာ္အဆင့္ေဆာင္႐ြက္ရန္ အစီအစဥ္ရွိၿပီး ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္႐ြက္မႈအတြက္ အဆင္သင့္ရွိေၾကာင္း ထည့္သြင္းေျပာၾကားသြားခဲ့သည္။ ထို႔ေနာက္ MEII ကြန္ရက္အဖြဲ႔၊ ပညာေရးစံႏႈန္းထိန္းညႇိေရးဘုတ္အဖြဲ႕ (EQAB)တို႔မွ MEII ကြန္ရက္အတြင္းရွိ လူထုအေျချပဳေ႐ႊ႕ေျပာင္းေက်ာင္းမ်ား၏ ပညာေရးစံႏႈန္းထိန္းညႇိေရးအတြက္ လက္ရွိေဆာင္႐ြက္ေနမႈမ်ားကို တင္ျပေဆြးေႏြးခဲ့ၾကသည္။

ဆက္လက္ၿပီး ေဆြးေႏြးရာတြင္ ထိုင္းႏိုင္ငံအတြင္း ေက်ာင္းျပင္ပေရာက္ကေလးမ်ား၏ အထူးသျဖင့္ ေ႐ႊ႕ေျပာင္းကေလးမ်ားအား တိုက္႐ိုက္သက္ေရာက္မႈရွိသည့္ လက္တေလာ ရင္ဆိုင္ႀကံဳေတြ႔ေနရသည့္ အခက္အခဲမ်ားကို ေထာက္ျပေဆြးေႏြးမႈမ်ား ပါဝင္ခဲ့သည္။ World Education ႏွင့္ Save the Children အဖြဲ႔တို႔၏ အစီရင္ခံစာကိုးကားခ်က္အရ ေ႐ႊ႕ေျပာင္းကေလး ၆၀% သည္ မည္သည့္ေက်ာင္းမ်ားတြင္မွ တက္ေရာက္ႏိုင္ျခင္းမရွိသည္ကို ေတြ႔ရွိရေၾကာင္း MEII ကြန္ရက္အဖြဲ႔မွ တင္ျပခဲ့သည္။ ထို႔ျပင္ ေ႐ႊ႕ေျပာင္းကေလးမ်ား၊ ေက်ာင္းျပင္ပေရာက္ကေလးမ်ားႏွင့္ လူငယ္မ်ား ႀကံဳေတြ႔ရသည့္ ပညာေရးအတန္းအဆင့္ ခ်ိန္ညႇိျခင္းဆိုင္ရာ အခက္အခဲမ်ား၊ သတင္းအခ်က္အလက္မလံုေလာက္ျခင္း၊ ေ႐ႊ႕ေျပာင္းေက်ာင္းမ်ား၏ ခက္ခဲေသာ အေျခအေနမ်ားအေၾကာင္းလည္း တင္ျပခဲ့ၾကသည္။

ေဆြးေႏြးပြဲဒုတိယေန႔တြင္ အဖြဲ႔မ်ားခြဲလ်က္ ေရႊ႕ေျပာင္းကေလးမ်ား၊ ေက်ာင္းျပင္ပေရာက္ကေလးမ်ားႏွင့္ လူငယ္မ်ားအတြက္ စဥ္ဆက္မျပတ္ပညာေရးဆိုင္ရာ အခြင့္အလမ္းမ်ားအတြက္ နည္းလမ္းမ်ားကို အတူတကြ ပူးေပါင္းရွာေဖြအႀကံျပဳၾကၿပီး အနာဂတ္တြင္ မည္သို႔ပူးေပါင္းေဆာင္႐ြက္မည့္အေျခအေနမ်ားကို ေဆြးေႏြးၾကသည္။ ထိုင္းပညာေရးဌာနမွ ကိုယ္စားလွယ္မ်ားက ထိုင္းႏိုင္ငံ၏ အားလံုးပါဝင္ႏိုင္မည့္ ‘အားလံုးအတြက္ပညာေရး’ မူဝါဒကို ေဒသတြင္း အမွန္တကယ္ အေကာင္ေပၚလာရန္ အင္တိုက္အားတိုက္ လုပ္ေဆာင္လ်က္ရွိေၾကာင္းကို တင္ျပသြားခဲ့သည္။ အျခားအဖြဲ႔မ်ားမွ ထိုင္း-ျမန္မာ ႏွစ္ႏိုင္ငံပညာေရးစနစ္အၾကား ခ်ိတ္ဆက္မႈ၏အေရးႀကီးပံုႏွင့္ ေ႐ႊ႕ေျပာင္းကေလးမ်ား၏ ႏွစ္ႏိုင္ငံကူးေျပာင္းမႈအတြင္း ၎တို႔ယခင္ ေလ့လာသင္ယူထားမႈကို စနစ္တက် ပညာေရးမွတ္တမ္း လႊဲေျပာင္းမႈႏွင့္ အသိအမွတ္ျပဳခံရမႈအတြက္ ေသခ်ာေစရန္ ေထာက္ျပေဆြးေႏြးခဲ့ၾကသည္။

ဤေဆြးေႏြးပြဲသည္ ထိုင္း-ျမန္မာ ႏွစ္ႏိုင္ငံအတြင္း ေရႊ႕ေျပာင္းကေလးမ်ား၊ ေက်ာင္းျပင္ပေရာက္ကေလးမ်ားႏွင့္ လူငယ္မ်ားအတြက္ စဥ္ဆက္မျပတ္ပညာေရးဆိုင္ရာ အခြင့္အလမ္းမ်ားအတြက္ အားလံုးပါဝင္ႏိုင္သည့္ နည္းလမ္းမ်ားကို ေဖာ္ထုတ္အေကာင္အထည္ေဖာ္ရာတြင္ အေရးႀကီးသည့္ ေျခလွမ္းတစ္ရပ္ကို စတင္ႏိုင္ခဲ့သည္။


ရွှေ့ပြောင်းကလေးများ၊ ကျောင်းပြင်ပရောက် ကလေးများနှင့် လူငယ်များအတွက် စဉ်ဆက်မပြတ် ပညာရေးအခွင့်အလမ်းဆိုင်ရာ ဆွေးနွေးပွဲ

၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၅-၁၆ ရက်နေ့များတွင် ရွှေ့ပြောင်းကလေးများ၊ ကျောင်းပြင်ပရောက် ကလေးများနှင့် လူငယ်များအတွက် စဉ်ဆက်မပြတ် ပညာရေးအခွင့်အလမ်းဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ကို ချင်းမိုင်မြို့ရှိ Amora ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန၊ ထိုင်း ကျောင်းပြင်ပ ပညာရေးဌာနနှင့် ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် တောင်ပိုင်းတို့မှ လူထုအခြပြေုရွှေ့ပြောင်းကျောင်းများမှ ကိုယ်စားလှယ် ၅၀ ဦးခန့် ပူးပေါင်းပါဝင် ဆွေးနွေးခဲ့ကြသည်။

ဤဆွေးနွေးပွဲကို ဘီမ်းပညာရေးဖောင်ဒေးရှင်းနှင့် MEII ကွန်ရက်တို့မှ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ပြီး ရွှေ့ပြောင်းကလေးငယ်များ၏ ပညာရေးအခွင့်အလမ်းဆိုင်ရာ ပံ့ပိုးမှုများရရှိရန်အတွက် ၂၀၁၃ ခုနှစ်ကတည်းက တစိုက်မတ်မတ် လုပ်ဆောင်လျက်ရှိကြသော နယ်စပ်ဒေသ လူထုအခြပြေုရွှေ့ပြောင်းကျောင်းပေါင်း ၈၀ ကျော်ကို ကိုယ်စားပြုသည့် ရွှေ့ပြောင်းပညာရေးအဖွဲ့အစည်း ၁၈ ဖွဲ့တို့မှ ပူးပေါင်းပါဝင်ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲ၏ အဓိကရည်ရွယ်ချက်မှာ သက်ဆိုင်ရာအဖွဲ့အစည်းများမှ ထိုင်း-မြန်မာ နှစ်နိုင်ငံအတွင်းရှိ ရွှေ့ပြောင်းကလေးများ၊ ကျောင်းပြင်ပရောက်ကလေးများနှင့် လူငယ်များအတွက် အားလုံးပါဝင်နိုင်မည့် စဉ်ဆက်မပြတ် ပညာရေးဆိုင်ရာ အခွင့်အလမ်းတစ်ရပ်ဖန်တီးရန်အတွက် အလားအလာရှိသည့် နည်းလမ်းများကို စုပေါင်းဆွေးနွေးအဖြေရှာကြရန်ဖြစ်သည်။

ဆွေးနွေးပွဲ ၂ ရက်အတွင်း အဖွဲ့အစည်းအသီးသီးမှ၎င်းတို့လက်ရှိလုပ်ဆောင်နေသည့် ပညာရေးဆိုင်ရာ လုပ်ငန်းများအကြောင်းရှင်းလင်းတင်ပြခြင်း၊ ရွှေ့ပြောင်းကလေးများ၊ ကျောင်းပြင်ပရောက်ကလေးများနှင့် လူငယ်များအတွက် စဉ်ဆက်မပြတ်ပညာရေးဆိုင်ရာ အခွင့်အလမ်းများအတွက် နည်းလမ်းများ ဖော်ဆောင်ရာတွင် ကြုံတွေ့ရသော လက်ရှိအခြေအနေများ၊ စိန်ခေါ်မှုများကို မည်သို့ရင်ဆိုင်ဖြေရှင်းနိုင်မည့်နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။ နှစ်နိုင်ငံပညာရေးဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များက အဆိုပါအကြောင်းအရာနှင့်စပ်လျဉ်းသည့်၎င်းတို့၏ ဆောင်ရွက်နေမှုများကို တင်ပြဆွေးနွေးခဲ့ကြပြီး MEII ကွန်ရက်အဖွဲ့၊ ပညာရေးစံနှုန်းထိန်းညှိရေးဘုတ်အဖွဲ့ (EQAB)တို့မှ MEII ကွန်ရက်အတွင်းရှိ လူထုအခြပြေုရွှေ့ပြောင်းကျောင်းများ၏ ပညာရေးစံနှုန်းထိန်းညှိရေးအတွက် လက်ရှိဆောင်ရွက်နေမှုများကို တင်ပြဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲအဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ အမျိုးသားပညာရေးမူဝါဒ ရေးဆွဲရေးကော်မတီ၏ အတွင်းရေးမှူး ဒေါက်တာခိုင်မြဲက ပညာရေးကဏ္ဍအတွက် အရေးကြီးသည့် အချက် (၃) ချက်ဖြစ်သည့် ပညာသင်မှုအခွင့်အလမ်း၊ ပညာရေးဆိုင်ရာအရည်အသွေးစံသတ်မှတ်မှုနှင့် တန်းတူညီမျှသော ပညာသင်ခွင့် အခွင့်အလမ်းများအကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ထိုင်း-မြန်မာ နှစ်နိုင်ငံပညာရေးဌာနအသီးသီးမှ ဖော်ပြပါကလေးလူငယ်များအတွက် စဉ်ဆက်မပြတ်ပညာရေးဆိုင်ရာ အခွင့်အလမ်းအတွက် ကိုယ်စီကိုယ်စီ ဆောင်ရွက်နေမှုများတွေ့ရသော်လည်း နှစ်နိုင်ငံ ပညာရေးစံနစ် အပြန်အလှန်ချိတ်ဆက်မှုကဏ္ဍတွင် ပညာရေးမူဝါဒများ ဆန်းစစ်ရန်လိုအပ်လာသည့်အပြင် ပညာရေးဆိုင်ရာ အရည်အသွေးစံသတ်မှတ်မှုနှင့် အသိအမှတ်ပြုခံရမှုအပိုင်းများကိုလည်း အားဖြည့်ဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် အတူတကွလက်တွဲဆောင်ရွက်သွားကြဖို့ တိုက်တွန်းပြောကြားသွားခဲ့သည်။

ဆက်လက်ပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မြို့အခြေစိုက် မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာ စင်သီယာမောင်က ရွှေ့ပြောင်းကလေးများ၊ ကျောင်းပြင်ပရောက်ကလေးများနှင့် လူငယ်များအပါအဝင် အားလုံးအကျုံးဝင်ပညာရေးဖြစ်အောင် ဆောင်ရွက်သည့်အခါမှာ စဉ်ဆက်မပြတ် ပညာရေးအခွင့်အလမ်းများရရှိအောင်၊ သင်ရိုးညွှန်းတမ်းရေးဆွဲရာတွင်လည်း ကိုယ်နေထိုင်ရာ နေရပ်ဒေသနှင့် လိုက်လျောညီထွဖြေစ်အောင် ရေးဆွဲကြရန်၊ ပညာရေးကဏ္ဍအပြင် ရွှေ့ပြောင်းနေထိုင်မှု၊ အကြမ်းဖက်ခံရမှု၊ အခြားသော ပဋိပက္ခများ၊ သဘာဝပတ်ဝန်းကျင်ပျက်စီးဆုံးရှုံးမှုကိစ္စရပ်တွေ ဆောင်ရွက်သည့်အခါမှာ အားလုံးပူးပေါင်းဆောင်ရွက်ကြရန်နှင့် ၁၅ နှစ်အောက်ကလေး အမြောက်အမြား ကျောင်းပြင်ပရောက်ရှိနေမှုအပေါ် သက်ဆိုင်ရာဒေသအသီးသီးမှ လူထုအခြပြေုကျောင်းများ၊ ဆရာ/မများမှ အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသွားခဲ့ပါသည်။

ထို့ပြင် ဘန်ကောက်မြို့ရှိ ထိုင်းကျောင်းပြင်ပညာရေးဌာနမှ ညွှန်ကြားရေးမှူးက ရွှေ့ပြောင်းကလေးများနှင့် လူငယ်များအတွက် ထိုင်းနိုင်ငံအတွင်း ရရှိနိုင်သည့် ပညာရေးအခွင့်အလမ်းများအကြောင်း ရှင်းလင်းတင်ပြခဲ့သည်။ မြန်မာရွှေ့ပြောင်းကလေးများနှင့် လူငယ်များအတွက် ပညာရေးဆိုင်ရာအခွင့်အလမ်းများကို ဆက်လက်ကူညီပံ့ပိုးပေးသွားမည့်အကြောင်း၊ ထိုင်း-မြန်မာ နှစ်နိုင်ငံ ပညာရေးစံနစ် ချိတ်ဆက်ဆောင်ရွက်မှုများကို လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပညာရေးစံသတ်မှတ်တူညီရေးကဏ္ဍတွင် နိုင်ငံတော်အဆင့်ဆောင်ရွက်ရန် အစီအစဉ်ရှိပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအတွက် အဆင်သင့်ရှိကြောင်း ထည့်သွင်းပြောကြားသွားခဲ့သည်။ ထို့နောက် MEII ကွန်ရက်အဖွဲ့၊ ပညာရေးစံနှုန်းထိန်းညှိရေးဘုတ်အဖွဲ့ (EQAB)တို့မှ MEII ကွန်ရက်အတွင်းရှိ လူထုအခြပြေုရွှေ့ပြောင်းကျောင်းများ၏ ပညာရေးစံနှုန်းထိန်းညှိရေးအတွက် လက်ရှိဆောင်ရွက်နေမှုများကို တင်ပြဆွေးနွေးခဲ့ကြသည်။

ဆက်လက်ပြီး ဆွေးနွေးရာတွင် ထိုင်းနိုင်ငံအတွင်း ကျောင်းပြင်ပရောက်ကလေးများ၏ အထူးသဖြင့် ရွှေ့ပြောင်းကလေးများအား တိုက်ရိုက်သက်ရောက်မှုရှိသည့် လက်တလော ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို ထောက်ပြဆွေးနွေးမှုများ ပါဝင်ခဲ့သည်။ World Education နှင့် Save the Children အဖွဲ့တို့၏ အစီရင်ခံစာကိုးကားချက်အရ ရွှေ့ပြောင်းကလေး ၆၀% သည် မည်သည့်ကျောင်းများတွင်မှ တက်ရောက်နိုင်ခြင်းမရှိသည်ကို တွေ့ရှိရကြောင်း MEII ကွန်ရက်အဖွဲ့မှ တင်ပြခဲ့သည်။ ထို့ပြင် ရွှေ့ပြောင်းကလေးများ၊ ကျောင်းပြင်ပရောက်ကလေးများနှင့် လူငယ်များ ကြုံတွေ့ရသည့် ပညာရေးအတန်းအဆင့် ချိန်ညှိခြင်းဆိုင်ရာ အခက်အခဲများ၊ သတင်းအချက်အလက်မလုံလောက်ခြင်း၊ ရွှေ့ပြောင်းကျောင်းများ၏ ခက်ခဲသော အခြေအနေများအကြောင်းလည်း တင်ပြခဲ့ကြသည်။

ဆွေးနွေးပွဲဒုတိယနေ့တွင် အဖွဲ့များခွဲလျက် ရွှေ့ပြောင်းကလေးများ၊ ကျောင်းပြင်ပရောက်ကလေးများနှင့် လူငယ်များအတွက် စဉ်ဆက်မပြတ်ပညာရေးဆိုင်ရာ အခွင့်အလမ်းများအတွက် နည်းလမ်းများကို အတူတကွ ပူးပေါင်းရှာဖွေအကြံပြုကြပြီး အနာဂတ်တွင် မည်သို့ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးကြသည်။ ထိုင်းပညာရေးဌာနမှ ကိုယ်စားလှယ်များက ထိုင်းနိုင်ငံ၏ အားလုံးပါဝင်နိုင်မည့် ‘အားလုံးအတွက်ပညာရေး’ မူဝါဒကို ဒေသတွင်း အမှန်တကယ် အကောင်ပေါ်လာရန် အင်တိုက်အားတိုက် လုပ်ဆောင်လျက်ရှိကြောင်းကို တင်ပြသွားခဲ့သည်။ အခြားအဖွဲ့များမှ ထိုင်း-မြန်မာ နှစ်နိုင်ငံပညာရေးစနစ်အကြား ချိတ်ဆက်မှု၏အရေးကြီးပုံနှင့် ရွှေ့ပြောင်းကလေးများ၏ နှစ်နိုင်ငံကူးပြောင်းမှုအတွင်း၎င်းတို့ယခင် လေ့လာသင်ယူထားမှုကို စနစ်တကျ ပညာရေးမှတ်တမ်း လွှဲပြောင်းမှုနှင့် အသိအမှတ်ပြုခံရမှုအတွက် သေချာစေရန် ထောက်ပြဆွေးနွေးခဲ့ကြသည်။

ဤဆွေးနွေးပွဲသည် ထိုင်း-မြန်မာ နှစ်နိုင်ငံအတွင်း ရွှေ့ပြောင်းကလေးများ၊ ကျောင်းပြင်ပရောက်ကလေးများနှင့် လူငယ်များအတွက် စဉ်ဆက်မပြတ်ပညာရေးဆိုင်ရာ အခွင့်အလမ်းများအတွက် အားလုံးပါဝင်နိုင်သည့် နည်းလမ်းများကို ဖော်ထုတ်အကောင်အထည်ဖော်ရာတွင် အရေးကြီးသည့် ခြေလှမ်းတစ်ရပ်ကို စတင်နိုင်ခဲ့သည်။


Leave a Reply

Your email address will not be published. Required fields are marked *