Migrant Worker Design Seminar at Chiang Mai University
May 9, 2018
International Women’s Day
May 9, 2018

BEAM Staff Retreat: Reflection and Renewal

From April 24-27, BEAM employees from the Chiang Mai and Yangon offices met for the first ever BEAM Organizational Development Training & StaffRetreat. Our staff, like so many development officers around the world, often work overtime to provide access to education, legal advice, and support for our students. Without our hardworking team and dedicated volunteers, we would not be able to provide quality education and services to marginalized communities in Thailand and Myanmar.

During the retreat, staff members had the opportunity to get to know one another, share ideas, and reflect on their work experience. Volunteers facilitated teambuilding activities, a SWOT analysis, and skill sharing within the group. Staff discussed their strengths and weaknesses and how we can learn and help one another going forward. Our workforce in Chiang Mai and Yangon are now united as one strong, thoughtful, and motivated team.

Thank you Partners Asia for supporting this well-deserved retreat for BEAM staff members. We are so grateful for the opportunity to connect, reflect, and develop our organizational framework. And thank you to our amazing BEAM team! Let’s use our passion for education to continue helping more people and migrant communities throughout the region.

ဘီမ္းပညာေရးေဖာင္ေဒးရွင္း၏ အဖြဲ႔အစည္းဆိုင္ရာ ဖြံ႔ၿဖိဳးတိုးတက္မႈသင္တန္း ၂၀၁၈ ခုႏွစ္၊ ဧၿပီလ ၂၄-၂၇ ရက္အတြင္း ဘီမ္းပညာေရးေဖာင္ေဒးရွင္း၏ ထိုင္းႏိုင္ငံရံုးခ်ဳပ္ႏွင့္ ျမန္မာႏိုင္ငံရံုးခြဲတို႔မွ ဝန္ထမ္းမ်ားစုေပါင္း၍ အဖြဲ႔အစည္းဆိုင္ရာ ဖြံ႔ၿဖိဳးတိုးတက္မႈသင္တန္းႏွင့္ ဝန္ထမ္းမ်ား၏ စိတ္ပိုင္း၊ ရုပ္ပိုင္းဆိုင္ရာ ျပန္လည္လန္းဆန္းတက္ၾကြမႈအစီအစဥ္ကို ထိုင္းႏိုင္ငံေတာင္ပိုင္း၊ ဖူးကတ္ၿမိဳ႕တြင္ က်င္းပျပဳလုပ္ခဲ့သည္။ ကၽြႏ္ုပ္တို႔၏ ဘီမ္းဝန္ထမ္းမ်ားသည္ ကမၻာတဝွမ္းရွိ ဖြ႔ံၿဖိဳးေရးဝန္ထမ္းမ်ားကဲ့သို႔ အခြင့္အလမ္းနည္းပါးသူမ်ားႏွင့္ ေရႊ႕ေျပာင္းလုပ္သားမ်ားအတြက္ အဆင့္ျမင့္ပညာေရးဆိုင္ရာႏွင့္ အသက္ေမြးဝမ္းေၾကာင္းပညာေရးဆိုင္ရာ အခြင့္အလမ္းမ်ား၊ ဥပေဒေရးရာအႀကံျပဳမႈမ်ားကို လုပ္ေဆာင္ေပးရာတြင္ အစဥ္အၿမဲလိုလိုပင္ အခ်ိန္ပိုလုပ္ေဆာင္ရျခင္း၊ စေန-တနဂၤေႏြမ်ားတြင္ပါ လိုအပ္လွ်င္ လိုအပ္သလို လုပ္ေဆာင္လ်က္ရွိၾကသည္။ အဆိုပါ လံု႔လဝီရိယရွိစြာျဖင့္ အလုပ္ႀကိဳးစားသည့္ ဝန္ထမ္းမ်ားႏွင့္ ေစတနာထားလ်က္ကူညီေနသည့္ ေစတနာ့ဝန္ထမ္းဆရာမ်ား၏ အကူအညီမပါဘဲ ထိုင္းႏိုင္ငံႏွင့္ ျမန္မာႏိုင္ငံအတြင္းရွိ အဖက္ဖက္မွ အခြင့္အလမ္းနည္းပါးလ်က္ရွိသူမ်ားအတြက္ အရည္အေသြးျပည့္ဝသည့္ ပညာေရးဝန္ေဆာင္မႈမ်ားကို ကူညီေဆာင္ရြက္ေပးႏိုင္လိမ့္မည္မဟုတ္ပါ။

သင္တန္းအစီအစဥ္အတြင္း ဝန္ထမ္းအဖြ႔ဲဝင္မ်ားသည္ တစ္ဦးႏွင့္တစ္ဦး ယခင္ကထက္ အျပန္အလွန္ ပိုမိုနားလည္ ေလးစားမႈရွိျခင္း၊ ၎တို႔၏ သက္ဆိုင္ရာ လုပ္ငန္းအေတြ႔အႀကံဳကို မွ်ေဝျခင္းႏွင့္ လုပ္ေဆာင္ၿပီးခဲ့သမွ်ကို ျပန္လည္သံုးသပ္ ေဝဖန္ဆန္းစစ္ႏိုင္သည့္ အခြင့္အလမ္းကို ရရွိခဲ့ၾကသည္။ ဝန္ထမ္းအဖြဲ႔ဝင္တစ္ဦးခ်င္းစီမွ အဖဲြ႔လိုက္လုပ္ေဆာင္မႈ အစီအစဥ္မ်ား၊ ဘီမ္းပညာေရးေဖာင္ေဒးရွင္း၏ အားသာခ်က္၊ အားနည္းခ်က္၊ အခြင့္အလမ္းႏွင့္ စိန္ေခၚမႈမ်ားကို ခြဲျခမ္းစိတ္ျဖာသံုးသပ္ျခင္း၊ အဖြဲ႔လိုက္ ကၽြမ္းက်င္တတ္ေျမာက္မႈ ပညာရပ္မ်ားကို မွ်ေဝလက္ဆင့္ကမ္းေပးျခင္း လုပ္ေဆာင္ခ်က္မ်ား ပါဝင္ခဲ့သည္။ ဝန္ထမ္းမ်ားမွ ေဖာင္ေဒးရွင္း၏ လုပ္ငန္းေဆာင္တာမ်ား ေရွ႕ဆက္ေအာင္ျမင္စြာေဆာင္ရြက္ႏိုင္ရန္အတြက္ အားသာခ်က္မ်ားကိုအသံုးခ်၍ အားနည္းခ်က္မ်ားကို အတတ္ႏိုင္ဆံုးေလွ်ာ့ခ်ကာ မည္သို႔ သင္ယူေလ့လာၿပီး ဝန္ထမ္းတစ္ဦးႏွင့္တစ္ဦး၊ ပရိုဂရမ္တစ္ခုႏွင့္တစ္ခု ပူးေပါင္းေဆာင္ရြက္ႏိုင္မႈကို အေလးထားေဆာင္ရြက္သြားရန္ ေဆြးေႏြးခဲ့ၾကသည္။ ထိုင္းႏိုင္ငံရံုးခ်ဳပ္ႏွင့္ ရန္ကုန္ရံုးခြဲတို႔မွ ဝန္ထမ္းမ်ားအေနျဖင့္ ယခုအခါတြင္အားေကာင္း၍ အေျခအေနအရပ္ရပ္ကို ဆင္ျခင္ေတြးေခၚေဝဖန္သံုးသပ္ကိုင္တြယ္ႏိုင္ေသာ လန္းဆန္းတက္ၾကြသည့္ ဝန္ထမ္းအင္အားစုတစ္ရပ္ ျဖစ္လာၿပီျဖစ္သည္။

ဘီမ္းပညာေရးေဖာင္ေဒးရွင္းဝန္ထမ္းမ်ားအတြက္ ယခုကဲ့သို႔ ၎တို႔ႏွင့္ ထိုက္တန္သည့္ ဖံြ႔ၿဖိဳးေရးသင္တန္းႏွင့္ ျပန္လည္လန္းဆန္းတက္ၾကြမႈအစီအစဥ္အား ကူညီပံ့ပိုးေပးခဲ့သည့္ Partners Asia ေဖာင္ေဒးရွင္းအား အထူးပင္ေက်းဇူးတင္ရွိပါသည္။ ကၽြႏ္ုပ္တို႔၏ အဖြဲ႔အစည္းဆိုင္ရာ ဖြံၿဖိဳးတိုးတက္မႈအတြက္ ဝန္ထမ္းအခ်င္းခ်င္း ပူးေပါင္းေဆာင္ရြက္မႈ၊ ျပန္လည္သံုးသပ္ေဝဖန္မႈႏွင့္ ေရွ႕ဆက္ဖြံ႔ၿဖိဳးေရးအတြက္ အတူတကြ လုပ္ေဆာင္ရသည့္ အခြင့္အလမ္းအတြက္ ေက်းဇူးတင္ဝမ္းေျမာက္မိပါသည္။ ဘီမ္းအဖြဲ႔ဝင္မ်ားကိုလည္း အထူးပင္ေက်းဇူးတင္ရွိၿပီး အခြင့္အလမ္းနည္းပါးသူမ်ားႏွင့္ ေရႊ႕ေျပာင္းလူထုအဖြဲ႔အစည္းမ်ားအတြက္ ပညာေရးဆိုင္ရာအခြင့္အလမ္းမ်ားကို ယခုထက္ပိုမို ကူညီပံ့ပိုးေပးႏိုင္ရန္ ကၽြႏ္ုပ္တို႔၏ စိတ္အားထက္သန္မႈကို အသံုးျပဳလ်က္ ေရွ႕ဆက္လက္တြဲ လုပ္ေဆာင္သြားၾကပါစို႔။

ဘီမ်းပညာရေးဖောင်ဒေးရှင်း၏ အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုသင်တန်း ၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၄-၂၇ ရက်အတွင်း ဘီမ်းပညာရေးဖောင်ဒေးရှင်း၏ ထိုင်းနိုင်ငံရုံးချုပ်နှင့် မြန်မာနိုင်ငံရုံးခွဲတို့မှ ဝန်ထမ်းများစုပေါင်း၍ အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုသင်တန်းနှင့် ဝန်ထမ်းများ၏ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်လန်းဆန်းတက်ကြွမှုအစီအစဉ်ကို ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးကတ်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။ ကျွနု်ပ်တို့၏ ဘီမ်းဝန်ထမ်းများသည် ကမ္ဘာတဝှမ်းရှိ ဖွံ့ဖြိုးရေးဝန်ထမ်းများကဲ့သို့ အခွင့်အလမ်းနည်းပါးသူများနှင့် ရွှေ့ပြောင်းလုပ်သားများအတွက် အဆင့်မြင့်ပညာရေးဆိုင်ရာနှင့် အသက်မွေးဝမ်းကြောင်းပညာရေးဆိုင်ရာ အခွင့်အလမ်းများ၊ ဥပဒေရေးရာအကြံပြုမှုများကို လုပ်ဆောင်ပေးရာတွင် အစဉ်အမြဲလိုလိုပင် အချိန်ပိုလုပ်ဆောင်ရခြင်း၊ စနေ-တနင်္ဂေနွများတွင်ပါ လိုအပ်လျှင် လိုအပ်သလို လုပ်ဆောင်လျက်ရှိကြသည်။ အဆိုပါ လုံ့လဝီရိယရှိစွာဖြင့် အလုပ်ကြိုးစားသည့် ဝန်ထမ်းများနှင့် စေတနာထားလျက်ကူညီနေသည့် စေတနာ့ဝန်ထမ်းဆရာများ၏ အကူအညီမပါဘဲ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံအတွင်းရှိ အဖက်ဖက်မှ အခွင့်အလမ်းနည်းပါးလျက်ရှိသူများအတွက် အရည်အသွေးပြည့်ဝသည့် ပညာရေးဝန်ဆောင်မှုများကို ကူညီဆောင်ရွက်ပေးနိုင်လိမ့်မည်မဟုတ်ပါ။ သင်တန်းအစီအစဉ်အတွင်း ဝန်ထမ်းအဖွဲ့ဝင်များသည် တစ်ဦးနှင့်တစ်ဦး ယခင်ကထက် အပြန်အလှန် ပိုမိုနားလည် လေးစားမှုရှိခြင်း၊၎င်းတို့၏ သက်ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံကို မျှဝခြေင်းနှင့် လုပ်ဆောင်ပြီးခဲ့သမျှကို ပြန်လည်သုံးသပ် ဝေဖန်ဆန်းစစ်နိုင်သည့် အခွင့်အလမ်းကို ရရှိခဲ့ကြသည်။ ဝန်ထမ်းအဖွဲ့ဝင်တစ်ဦးချင်းစီမှ အဖွဲ့လိုက်လုပ်ဆောင်မှု အစီအစဉ်များ၊ ဘီမ်းပညာရေးဖောင်ဒေးရှင်း၏ အားသာချက်၊ အားနည်းချက်၊ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများကို ခွဲခြမ်းစိတ်ဖြာသုံးသပ်ခြင်း၊ အဖွဲ့လိုက် ကျွမ်းကျင်တတ်မြောက်မှု ပညာရပ်များကို မျှဝေလက်ဆင့်ကမ်းပေးခြင်း လုပ်ဆောင်ချက်များ ပါဝင်ခဲ့သည်။ ဝန်ထမ်းများမှ ဖောင်ဒေးရှင်း၏ လုပ်ငန်းဆောင်တာများ ရှေ့ဆက်အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် အားသာချက်များကိုအသုံးချ၍ အားနည်းချက်များကို အတတ်နိုင်ဆုံးလျှော့ချကာ မည်သို့ သင်ယူလေ့လာပြီး ဝန်ထမ်းတစ်ဦးနှင့်တစ်ဦး၊ ပရိုဂရမ်တစ်ခုနှင့်တစ်ခု ပူးပေါင်းဆောင်ရွက်နိုင်မှုကို အလေးထားဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြသည်။ ထိုင်းနိုင်ငံရုံးချုပ်နှင့် ရန်ကုန်ရုံးခွဲတို့မှ ဝန်ထမ်းများအနဖြေင့် ယခုအခါတွင်အားကောင်း၍ အခြေအနေအရပ်ရပ်ကို ဆင်ခြင်တွေးခေါ်ဝေဖန်သုံးသပ်ကိုင်တွယ်နိုင်သော လန်းဆန်းတက်ကြွသည့် ဝန်ထမ်းအင်အားစုတစ်ရပ် ဖြစ်လာပြီဖြစ်သည်။ ဘီမ်းပညာရေးဖောင်ဒေးရှင်းဝန်ထမ်းများအတွက် ယခုကဲ့သို့၎င်းတို့နှင့် ထိုက်တန်သည့် ဖွံ့ဖြိုးရေးသင်တန်းနှင့် ပြန်လည်လန်းဆန်းတက်ကြွမှုအစီအစဉ်အား ကူညီပံ့ပိုးပေးခဲ့သည့် Partners Asia ဖောင်ဒေးရှင်းအား အထူးပင်ကျေးဇူးတင်ရှိပါသည်။ ကျွနု်ပ်တို့၏ အဖွဲ့အစည်းဆိုင်ရာ ဖွံဖြိုးတိုးတက်မှုအတွက် ဝန်ထမ်းအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု၊ ပြန်လည်သုံးသပ်ဝေဖန်မှုနှင့် ရှေ့ဆက်ဖွံ့ဖြိုးရေးအတွက် အတူတကွ လုပ်ဆောင်ရသည့် အခွင့်အလမ်းအတွက် ကျေးဇူးတင်ဝမ်းမြောက်မိပါသည်။ ဘီမ်းအဖွဲ့ဝင်များကိုလည်း အထူးပင်ကျေးဇူးတင်ရှိပြီး အခွင့်အလမ်းနည်းပါးသူများနှင့် ရွှေ့ပြောင်းလူထုအဖွဲ့အစည်းများအတွက် ပညာရေးဆိုင်ရာအခွင့်အလမ်းများကို ယခုထက်ပိုမို ကူညီပံ့ပိုးပေးနိုင်ရန် ကျွနု်ပ်တို့၏ စိတ်အားထက်သန်မှုကို အသုံးပြုလျက် ရှေ့ဆက်လက်တွဲ လုပ်ဆောင်သွားကြပါစို့။

Leave a Reply

Your email address will not be published. Required fields are marked *