BEAM’s Bridging Programs for Higher Education Opening (2016-2017)
April 24, 2018
BEAM Staff Retreat: Reflection and Renewal
May 9, 2018

Migrant Worker Design Seminar at Chiang Mai University

?

On March 24, 2018, several BEAM staff members and volunteers attended Chiang Mai SMART City’s Migrant Worker Design Seminar at Chiang Mai University’s School of Public Policy.

This year, Chiang Mai plans to initiate a Smart City program, where it will attempt to transform the population of Chiang Mai into a digital society under the nation’s Thailand 4.0 economic model. Despite having smartphones, Myanmar migrant workers face barriers that prevent them from accessing important information on Thai Government websites, adequate healthcare, and education opportunities. Smart City programs and policies represent an opportunity for Chiang Mai to include migrant workers into a new innovation-driven society.

During the seminar, Chiang Mai Smart City (CMSC) staff members, academic professionals, and stakeholders from BEAM, MAP Foundation, Baan Dek, and KWAT (Kachin Women’s Association Thailand) met to identify Paint Points and Gain Points (recommendations) on migrant worker problems in the city. Points were made after reflecting on personal experiences and through roundtable discussion.Three discussion teams were created: a SMART Governance Team (regarding immigration services), SMART Living Team (well-being and health), and SMART People Team (education). At the end of the seminar, design policy recommendations were given to the CMSC staff members.

One of the major benefits of the seminar was reestablishing a network of likeminded organizations throughout Chiang Mai. So many of our partners are doing great work to achieve the same goal of helping migrants, refugees, youth, and marginalized people in our community. Moving forward, we hope to connect and improve our communication with organizations who have the same mission as BEAM.

Thank you CMSC staff members, CMU’s School of Public Policy, and Caleb Ling for organizing this seminar and inviting BEAM to participate.

ေရႊ႕ေျပာင္းအလုပ္သမားဆိုင္ရာ ေဆြးေႏြးပြဲ၊ ခ်င္းမိုင္တကၠသိုလ္ ၂၀၁၈ ခုႏွစ္၊ မတ္လ ၂၄ ရက္ေန႔တြင္ ဘီမ္းပညာေရးေဖာင္ေဒးရွင္းမွ ဝန္ထမ္းမ်ားႏွင့္ ေစတနာ့ဝန္ထမ္းဆရာ တခ်ဳိ႕သည္ ခ်င္းမိုင္တကၠသိုလ္ရွိ Public Policy ဌာနတြင္ က်င္းပျပဳလုပ္သည့္ ခ်င္းမိုင္စမတ္စီးတီး ပရိုဂရမ္၏ ေရႊ႕ေျပာင္းအလုပ္သမားဆိုင္ရာ ေဆြးေႏြးပြဲသို႔ တက္ေရာက္ခဲ့ၾကသည္။

ယခုႏွစ္တြင္ ခ်င္းမိုင္ၿမိဳ႕၊ အုပ္ခ်ဳပ္ေရးအဖြဲ႔မွ ခ်င္းမိုင္လူထုအတြက္ Thailand 4.0 စီးပြားေရးမူဝါဒအရ ဒစ္ဂ်စ္တယ္အေျချပဳ လူ႔အဖြဲ႔အစည္းတစ္ရပ္ ေပၚထြန္းလာေစရန္ အသြင္တစ္ရပ္ကူးေျပာင္းမႈအတြက္ ႀကိဳးပမ္းရန္ စီစဥ္လ်က္ရွိသည္။ စမတ္ဖုန္းမ်ားရွိေနလင့္ကစား ခ်င္းမိုင္ၿမိဳ႕ရွိ ေရႊ႕ေျပာင္းအလုပ္သမားမ်ားအေနျဖင့္ ထိုင္းအစိုးရ၏ဝဘ္ဆိုဒ္မ်ား၊ ျပည့္စံုကုံလံုသည့္ က်န္းမာေရးေစာင့္ေရွာက္မႈႏွင့္ ပညာေရးဆိုင္ရာအခြင့္အလမ္းမ်ားဆိုင္ရာ သတင္းအခ်က္အလက္မ်ားကို ရယူရာတြင္ အခက္အခဲမ်ားရွိလ်က္ရွိသည္။ စမတ္စီးတီးပရိုဂရမ္ႏွင့္ မူဝါဒမ်ားအေနျဖင့္ ခ်င္းမိုင္ၿမိဳ႕အတြက္ ယခုကဲ့သို႔ေသာ အသစ္တီထြင္ဆန္းသစ္မည့္ လူမႈအဖြဲ႔အစည္းတြင္ ေရႊ႕ေျပာင္းအလုပ္သမားမ်ားအတြက္လည္း အခြင့္အလမ္းရရွိေစရန္ ကိုယ္စားျပဳမည္ျဖစ္သည္။

ေဆြးေႏြးပြဲအတြင္း ခ်င္းမိုင္စမတ္စီးတီးအဖြဲ႔ဝင္မ်ား (CMSC)၊ ပညာေရးဆိုင္ရာကၽြမ္းက်င္သူမ်ား၊ ဘီမ္းအဖြဲ႔ဝင္မ်ား၊ MAP ေဖာင္ေဒးရွင္း၊ Baan Dek ႏွင့္ KWAT (ကခ်င္အမ်ဳိးသမီးအဖြဲ႔၊ ထိုင္းႏိုင္ငံ) တို႔မွ ခ်င္းမိုင္ၿမိဳ႕အတြင္း ေရႊ႕ေျပာင္းအလုပ္သမားမ်ား လက္ရွိႀကံဳေတြ႔ေနရသည့္ အခက္အခဲမ်ားႏွင့္ အဆိုပါအခက္အခဲမ်ားကို ပူးေပါင္းေျဖရွင္းႏိုင္မည့္ အႀကံျပဳခ်က္မ်ားကို အတူတကြ ေဆြးေႏြးေဖာ္ထုတ္ခဲ့ၾကသည္။ အဆိုပါ အႀကံျပဳခ်က္မ်ားကို ေဆြးေႏြးပြဲတက္ေရာက္သူမ်ား၏ ပုဂိဳၢလ္ေရးဆိုင္ရာ အေတြ႔အႀကံဳႏွင့္ အဖြဲ႔လိုက္ေဆြးေႏြးမႈမ်ား ေဖာ္ထုတ္ခဲ့ၾကျခင္းျဖစ္သည္။ ေဆြးေႏြးမႈအဖြဲ႔ ၃ ဖြဲ႔ျဖင့္ စမတ္ အုပ္ခ်ဳပ္မႈအဖြဲ႔ (လူဝင္မႈႀကီးၾကပ္ေရးဝန္ေဆာင္မႈမ်ား)၊ စမတ္ လူမႈဘဝေနထိုင္မႈအဖြဲ႔ (ခ်မ္းသာသုချပည့္ဝစြာျဖင့္ က်န္းမာစြာေနထိုင္ႏိုင္ေရး)ႏွင့္ စမတ္လူထုအဖြဲ႔ (ပညာေရး) ဆိုင္ရာ ကိစၥရပ္မ်ားကို ေဆြးေႏြးခဲ့ၾကသည္။ ေဆြးေႏြးပြဲအၿပီးတြင္ အႀကံျပဳခ်က္မ်ားကို CMSC ဝန္ထမ္းအဖြဲ႔ဝင္မ်ားသို႔ တင္သြင္းခဲ့ၾကၿပီး CMSC အဖြဲ႔မွ သက္ဆိုင္ရာအဖြဲ႔အစည္းအသီးသီးသို႔ လိုအပ္သလို အႀကံျပဳ၍ အေကာင္အထည္ေဖာ္ေဆာင္မႈတြင္ ပူးေပါင္းပါဝင္ေဆာင္ရြက္သြားမည္ျဖစ္သည္။

ဤေဆြးေႏြးပြဲမွ အဓိကအက်ဳိးရလဒ္အေနျဖင့္ ခ်င္းမိုင္ၿမိဳ႕ရွိ ေရႊ႕ေျပာင္းအလုပ္သမားဆိုင္ရာ အဖြဲ႔အစည္းမ်ားအခ်င္းခ်င္း ကြန္ယက္ဖြဲ႔စည္းႏိုင္ျခင္းႏွင့္ အျပန္အလွန္ ကူညီမႈဆိုင္ရာ ကနဦးသေဘာတူညီမႈမ်ား ရရွိခဲ့ျခင္းပင္ျဖစ္သည္။ ကၽြႏ္ုပ္တို႔၏ လူ႔အဖြဲ႔အစည္းအတြင္း အမ်ဳိးမ်ဳိးေသာ အဖြဲ႔အစည္းမ်ားမွ ေရႊ႕ေျပာင္းအလုပ္သမားမ်ား၊ ဒုကၡသည္မ်ား၊ လူငယ္မ်ားႏွင့္ အခြင့္အလမ္းနည္းပါးသူမ်ားအတြက္ က်ရာအခန္းက႑အသီးသီးမွ အစြမ္းကုန္ ကူညီပံ့ပိုးလ်က္ရွိသည္။ ေရွ႕ဆက္လက္၍ ဘီမ္းပညာေရးေဖာင္ေဒးရွင္းႏွင့္ ရည္မွန္းခ်က္တာဝန္အလားတူသည့္ အဖြဲ႔အစည္းမ်ားအခ်င္းခ်င္း၏ ပူးေပါင္းခ်ိတ္ဆက္ေဆာင္ရြက္မႈကို ျမွင့္တင္ၿပီး ေရႊ႕ေျပာင္းလူထုပညာေရး လုပ္ငန္းမ်ားအတြက္ တိုးျမွင့္လက္တြဲေဆာင္ရြက္သြားမည္ျဖစ္သည္။

စမတ္စီးတီးဝန္ထမ္းအဖဲြ႔ဝင္မ်ား၊ ခ်င္းမိုင္တကၠသိုလ္၏ Public Policy ဌာနႏွင့္ ဤေဆြးေႏြးပြဲျဖစ္ေျမာက္ေအာင္ ဦးေဆာင္စည္းရံုးခဲ့သည့္ Mr. Caleb Ling တို႔အား ဘီမ္းအဖြဲ႔သားမ်ားကို တက္ေရာက္ရန္ ဖိတ္ၾကားခဲ့သည့္အတြက္ ဘီမ္းပညာေရးေဖာင္ေဒးရွင္းမွ အထူးပင္ ေက်းဇူးတင္ရွိပါသည္။

ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ ဆွေးနွေးပွဲ၊ ချင်းမိုင်တက္ကသိုလ်

၂၀၁၈ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့တွင် ဘီမ်းပညာရေးဖောင်ဒေးရှင်းမှ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းဆရာ တချို့သည် ချင်းမိုင်တက္ကသိုလ်ရှိ Public Policy ဌာနတွင် ကျင်းပပြုလုပ်သည့် ချင်းမိုင်စမတ်စီးတီး ပရိုဂရမ်၏ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည်။

ယခုနှစ်တွင် ချင်းမိုင်မြို့၊ အုပ်ချုပ်ရေးအဖွဲ့မှ ချင်းမိုင်လူထုအတွက် Thailand 4.0 စီးပွားရေးမူဝါဒအရ ဒစ်ဂျစ်တယ်အခြပြေု လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွန်းလာစေရန် အသွင်တစ်ရပ်ကူးပြောင်းမှုအတွက် ကြိုးပမ်းရန် စီစဉ်လျက်ရှိသည်။ စမတ်ဖုန်းများရှိနေလင့်ကစား ချင်းမိုင်မြို့ရှိ ရွှေ့ပြောင်းအလုပ်သမားများအနဖြေင့် ထိုင်းအစိုးရ၏ဝဘ်ဆိုဒ်များ၊ ပြည့်စုံကုံလုံသည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးဆိုင်ရာအခွင့်အလမ်းများဆိုင်ရာ သတင်းအချက်အလက်များကို ရယူရာတွင် အခက်အခဲများရှိလျက်ရှိသည်။ စမတ်စီးတီးပရိုဂရမ်နှင့် မူဝါဒများအနဖြေင့် ချင်းမိုင်မြို့အတွက် ယခုကဲ့သို့သော အသစ်တီထွင်ဆန်းသစ်မည့် လူမှုအဖွဲ့အစည်းတွင် ရွှေ့ပြောင်းအလုပ်သမားများအတွက်လည်း အခွင့်အလမ်းရရှိစေရန် ကိုယ်စားပြုမည်ဖြစ်သည်။

ဆွေးနွေးပွဲအတွင်း ချင်းမိုင်စမတ်စီးတီးအဖွဲ့ဝင်များ (CMSC)၊ ပညာရေးဆိုင်ရာကျွမ်းကျင်သူများ၊ ဘီမ်းအဖွဲ့ဝင်များ၊ MAP ဖောင်ဒေးရှင်း၊ Baan Dek နှင့် KWAT (ကချင်အမျိုးသမီးအဖွဲ့၊ ထိုင်းနိုင်ငံ) တို့မှ ချင်းမိုင်မြို့အတွင်း ရွှေ့ပြောင်းအလုပ်သမားများ လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများနှင့် အဆိုပါအခက်အခဲများကို ပူးပေါင်းဖြေရှင်းနိုင်မည့် အကြံပြုချက်များကို အတူတကွ ဆွေးနွေးဖော်ထုတ်ခဲ့ကြသည်။ အဆိုပါ အကြံပြုချက်များကို ဆွေးနွေးပွဲတက်ရောက်သူများ၏ ပုဂို္ဂလ်ရေးဆိုင်ရာ အတွေ့အကြုံနှင့် အဖွဲ့လိုက်ဆွေးနွေးမှုများ ဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။ ဆွေးနွေးမှုအဖွဲ့ ၃ ဖွဲ့ဖြင့် စမတ် အုပ်ချုပ်မှုအဖွဲ့ (လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုများ)၊ စမတ် လူမှုဘဝနေထိုင်မှုအဖွဲ့ (ချမ်းသာသုခပြည့်ဝစွာဖြင့် ကျန်းမာစွာနေထိုင်နိုင်ရေး)နှင့် စမတ်လူထုအဖွဲ့ (ပညာရေး) ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲအပြီးတွင် အကြံပြုချက်များကို CMSC ဝန်ထမ်းအဖွဲ့ဝင်များသို့ တင်သွင်းခဲ့ကြပြီး CMSC အဖွဲ့မှ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးသို့ လိုအပ်သလို အကြံပြု၍ အကောင်အထည်ဖော်ဆောင်မှုတွင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဖြစ်သည်။

ဤဆွေးနွေးပွဲမှ အဓိကအကျိုးရလဒ်အနဖြေင့် ချင်းမိုင်မြို့ရှိ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အဖွဲ့အစည်းများအချင်းချင်း ကွန်ယက်ဖွဲ့စည်းနိုင်ခြင်းနှင့် အပြန်အလှန် ကူညီမှုဆိုင်ရာ ကနဦးသဘောတူညီမှုများ ရရှိခဲ့ခြင်းပင်ဖြစ်သည်။ ကျွနု်ပ်တို့၏ လူ့အဖွဲ့အစည်းအတွင်း အမျိုးမျိုးသော အဖွဲ့အစည်းများမှ ရွှေ့ပြောင်းအလုပ်သမားများ၊ ဒုက္ခသည်များ၊ လူငယ်များနှင့် အခွင့်အလမ်းနည်းပါးသူများအတွက် ကျရာအခန်းကဏ္ဍအသီးသီးမှ အစွမ်းကုန် ကူညီပံ့ပိုးလျက်ရှိသည်။ ရှေ့ဆက်လက်၍ ဘီမ်းပညာရေးဖောင်ဒေးရှင်းနှင့် ရည်မှန်းချက်တာဝန်အလားတူသည့် အဖွဲ့အစည်းများအချင်းချင်း၏ ပူးပေါင်းချိတ်ဆက်ဆောင်ရွက်မှုကို မြှင့်တင်ပြီး ရွှေ့ပြောင်းလူထုပညာရေး လုပ်ငန်းများအတွက် တိုးမြှင့်လက်တွဲဆောင်ရွက်သွားမည်ဖြစ်သည်။

စမတ်စီးတီးဝန်ထမ်းအဖွဲ့ဝင်များ၊ ချင်းမိုင်တက္ကသိုလ်၏ Public Policy ဌာနနှင့် ဤဆွေးနွေးပွဲဖြစ်မြောက်အောင် ဦးဆောင်စည်းရုံးခဲ့သည့် Mr. Caleb Ling တို့အား ဘီမ်းအဖွဲ့သားများကို တက်ရောက်ရန် ဖိတ်ကြားခဲ့သည့်အတွက် ဘီမ်းပညာရေးဖောင်ဒေးရှင်းမှ အထူးပင် ကျေးဇူးတင်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *