Congratulations University Graduate
December 18, 2017
Alternative Education Conference
February 2, 2018

ထိုင်းဟင်းလျာချက်ပြုတ်နည်းသင်တန်း စတင်ဖွင့်လှစ်

BEAM ပညာရေးဖောင်ဒေးရှင်း နှင့် ချင်းမိုင်အသက်မွေးဝမ်းကျောင်းဆိုင်ရာ နည်းပညာကောလိပ်တို့ ပူးပေါင်း ဖွင့်လှစ်သည့် ထိုင်းဟင်းလျာ ချက်ပြုတ်နည်း သင်တန်းကို ပြီးခဲ့သည့် ၂၂ ဇန်န၀ါရီ ၂၀၁၇ က ချင်းမိုင်အသက်မွေးဝမ်းကျောင်းဆိုင်ရာ နည်းပညာကောလိပ် သင်တန်းဆောင်၌ စတင် သင်ကြားလျက် ရှိပါသည်။ အဆိုပါသင်တန်းသည် အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ဖွင့်လှစ်လျက် ရှိပြီး၊ အချိန်အားဖြင့် နံနက် ၉ နာရီ မှ မွန်းတည့် ၁၂ နာရီ အထိသင်ကြားကာ၊ တစ်နေ့ ၃ နာရီ နှုန်းဖြင့်

ထိုင်းဟင်းလျာချက်ပြုတ်နည်းသင်တန်း စတင်ဖွင့်လှစ်

BEAM ပညာရေးဖောင်ဒေးရှင်း နှင့် ချင်းမိုင်အသက်မွေးဝမ်းကျောင်းဆိုင်ရာ နည်းပညာကောလိပ်တို့ ပူးပေါင်း ဖွင့်လှစ်သည့် ထိုင်းဟင်းလျာ ချက်ပြုတ်နည်း သင်တန်းကို ပြီးခဲ့သည့် ၂၂ ဇန်န၀ါရီ ၂၀၁၇ က ချင်းမိုင်အသက်မွေးဝမ်းကျောင်းဆိုင်ရာ နည်းပညာကောလိပ် သင်တန်းဆောင်၌ စတင် သင်ကြားလျက် ရှိပါသည်။ အဆိုပါသင်တန်းသည် အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ဖွင့်လှစ်လျက် ရှိပြီး၊ အချိန်အားဖြင့် နံနက် ၉ နာရီ မှ မွန်းတည့် ၁၂ နာရီ အထိသင်ကြားကာ၊ တစ်နေ့ ၃ နာရီ နှုန်းဖြင့် ရက်ပေါင်း ၅၀ ကြာမြင့်မည် ဖြစ်ပါသည်။ ဟင်းလျာအမျိုးပေါင်း ၅၀ နှင့် မုန့်ပွဲ၊ အချိုပွဲများ ပြုလုပ်နည်းကိုပါ သင်ကြားမည့် အဆိုပါ သင်တန်းသည် အချိန်နာရီအားဖြင့် နာရီပေါင်း ၁၅၀ ကြာမြင့်မည် ဖြစ်ပြီး သင်တန်းသားဦးရေ ၂၀ ဦး တက်ရောက် သင်ကြားလျက် ရှိပါသည်။ BEAM ပညာရေးဖောင်ဒေးရှင်း၏ အသက်မွေးဝမ်းကြောင်းပညာရေး ပရိုဂရမ်မှ အခြေခံ အိုင်စီတီ သင်တန်း၊ စက်ချုပ်သင်တန်း၊ လက်မှုပညာသင်တန်းများကို နှစ်စဉ် ပို့ချလျက်ရှိပြီး အခြား အသက်မွေးဝမ်းကြောင်း သင်တန်းများကိုလည်း မိတ်ဖက်အဖွဲ့အစည်းများနှင့် သဘောတူလက်မှတ်ရေးထိုးပြီး ပူးပေါင်းကျင်းပလျက်ရှိရာ အဆိုပါ ထိုင်းဟင်းလျာ ချက်ပြုတ်နည်း သင်တန်းသည်လည်း တစ်ခုအပါအ၀င် ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *