Seminar and University Campus Tour
February 8, 2017
Wai Kru Ceremony @ Teacher Appreciation Day in Thailand
June 7, 2017

စာပေဟောပြောပွဲ – “လဲကျရင်ပြန်ထနိုင်ရမယ်”

၂၀၁၇ ခုနှစ်၊ မေလ (၃၀) ရက်နေ့၊ ညနေ ၆ နာရီအချိန်တွင် ဘီမ်းပညာရေးဖောင်ဒေးရှင်း၌ စာပေဟောပြောပွဲတစ်ခု ကျင်းပခဲ့ပါသည်။ ဟောပြောသည့်ဆရာမှာ စာရေးဆရာ ဦးဌေးဝင်းဖြစ်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ

စာပေဟောပြောပွဲ – “လဲကျရင်ပြန်ထနိုင်ရမယ်”


၂၀၁၇ ခုနှစ်၊ မေလ (၃၀) ရက်နေ့၊ ညနေ ၆ နာရီအချိန်တွင် ဘီမ်းပညာရေးဖောင်ဒေးရှင်း၌ စာပေဟောပြောပွဲတစ်ခု ကျင်းပခဲ့ပါသည်။ ဟောပြောသည့်ဆရာမှာ စာရေးဆရာ ဦးဌေးဝင်းဖြစ်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ ချင်းမိုင်မြို့သို့ ရောက်ရှိစဉ် ကျောင်းသားလူငယ်များအတွက် စိတ်ဓါတ်ခွန်အား တိုးပွားစေဖို့ ရည်ရွယ်ဟောပြောပေးခဲ့ခြင်းဖြစ်ပါသည်။ “လဲကျရင် ပြန်ထနိုင်ရမယ်” ခေါင်းစဉ်ဖြင့် တစ်နာရီခွဲနီးပါး ဟောပြောခဲ့ရာ ကျောင်းသူ/ကျောင်းသားများ၊ ဆရာ/မများ အတွက် အထူးစိတ်ဝင်စားစရာနှင့် ဗဟုသုတများရရှိခဲ့ပါသည်။ လဲကျတဲ့အခါ ပြန်ထနိုင်ဖို့ ယုံကြည်ရာဆိုတာကို အဓိပ္ပါယ်ဖွင့်ပေးခဲ့ပြီး ကျောင်းသားတွေရဲ့ယုံကြည်ရာရည်မှန်းချက်ကိုမေးခွန်းထုတ်ပြီး အပြန်အလှန် ပြောဆိုနိုင်အောင် နားထောင်နေသည့် ကျောင်းသားတဦးချင်းထံ မေးခွန်းတွေမေးရင်းပါ ဟောပြောခဲ့လေသည်။ လဲကျပြီး ပြန်ထလာနိုင် သည့် လူငယ်လေးတစ်ယောက်အကြောင်းလည်း ထင်ရှားအောင် နမူနာပြောပြအပြီး ထိုလူငယ်လေးမှာ ဘီမ်းပညာရေးဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဆရာကျော်ကျော်မင်းထွဋ်ဖြစ်နေတာကို စိတ်ဝင်စားဖွယ် ပြောပြသွားခဲ့ သည်။ အကြိမ်တစ်ရာရှုံးနိမ့်ပါစေ တစ်ရာ့တစ်ကြိမ်မြောက်မှာ အောင်မြင်ရမယ်ဆိုသည့်စိတ်ကိုမွေးဖို့ ဆရာဖြတ်သန်းခဲ့ရသည့် မြန်မာပြည်အမှောင်တွင်းကာလ အခြေအနေများကို ယနေ့လူငယ်များကို လက်ဆင့်ကမ်းဟောပြောအပြီး လေးဖြူရဲ့ ယုံကြည်ရာ သီချင်းကို ကျောင်းသားအချို့က ဂစ်တာတီးကာ ဆရာနှင့်အတူ ကျောင်းသား/သူများ၊ ဆရာ/ဆရာမများ အားတက်သရော စုပေါင်းသီဆိုကြရင် ဟောပြောပွဲလေးကို အဆုံးသတ်ခဲ့ပါသည်။ နောင်အခါများမှာလည်း အလျဉ်း သင့်ပါက ဆရာ့အတွေ့အကြုံများကို မျိုးဆက်သစ်လူငယ်များသို့ လာရောက်ဟောပြောပေးဖို့ ဘီမ်းမိသားစုမှ တောင်းဆိုလိုက်ပါသေးသည်။ “လူဆိုတာအမြဲ ယုံကြည်ရာတစ်ခုအတွက် အသက်ကိုတောင် စတေးကြတာပဲ မင်းရဲ့ဘဝမှာ ဘာကိုယုံကြည်လဲ ယုံကြည်ရာတစ်ခုအတွက် အဆုံးတိုင် လျှောက်လှမ်းပါ

ဆရာဦးဌေးဝင်း၏ ကိုယ်ရေးအကျဉ်း


ဆရာဦးဌေးဝင်းအား အဖဦးအောင်ချမ်းညိုနှင့် အမိဒေါ်ဝေယဉ်ဦးတို့မှ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် မွေးဖွားခဲ့ပြီး ယခုအခါ အသက် ၅၃ နှစ်ရှိပြီဖြစ်သည်။ ဦးဌေးဝင်းသည် ရန်ကုန်တက္ကသိုလ်မှ မြန်မာစာအထူးပြုဘာသာရပ်ဖြင့် ဘီအေ၊ အမ်အေဘွဲ့များ သင်ယူဆည်းပူးရရှိခဲ့ပြီး၊ ဒဂုံတက္ကသိုလ်၊ မြန်မာစာဌာတွင် ၁၉၉၅-၉၆ ခုနှစ်များတွင် လည်းကောင်း၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တွင် ၁၉၉၆-၉၇ မှ ၂၀၀၀ ပြည့်နှစ်အထိလည်းကောင်း တာဝန်ထမ်း ဆောင်ခဲ့သည်။ ဆရာဦးဌေးဝင်းသည် ယခင်က ဧရာဝတီမဂ္ဂဇင်း၊ မဇ္ဇျိမမဂ္ဂဇင်းတို့၌ ကဗျာ၊ ဆောင်းပါးများကို “ဘစောတင်” ကလောင်နာမည်ဖြင့် ရေးသားခဲ့သည်။ “ဘုန်းကြီးကျောင်းသားဘဝမှသည် ပါမောက္ခဆီသို့” စာအုပ်နှင့် “အဓိပ္ပါယ်ရှိသောရှင်သန်ခြင်းနှင့် အခြားသောဘဝပုံရိပ်များ” အမည်ရသည့် စာအုပ်များကို ရေးသားထုတ်ဝေခဲ့သည်။ ယခုအခါ ဆရာဦးဌေးဝင်းသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် နေထိုင်ပြီး စာရေးခြင်း၊ စာပေဟောပြောပွဲများတွင် လိုက်လံဟောပြောခြင်းနှင့် ထိုင်းလူမျိုးများအား မြန်မာစာ/မြန်မာစကား သင်ကြားပို့ချခြင်းများကို လက်ရှိ လုပ်ကိုင်လျက်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *