What are the BEAM alumni doing? Nang EiLawnt Ying
May 23, 2018
BEAM Foundation’s Open House (7 July 2018)
July 4, 2018

Recruitment for “Hair Dressing Training”

ချင်းမိုင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ နည်းပညာကောလိပ်နှင့် ပူးတွဲကျင်းပမည့် ဆံပင်ညှပ်သင်တန်း အတွက် သင်တန်းသားသစ် ခေါ်ယူခြင်း

BEAM ပညာရေးဖောင်ဒေးရှင်း နှင့် ချင်းမိုင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ နည်းပညာကောလိပ် (ဆာရာဖတ်ချန်း) တို့ ပူးတွဲ ကျင်းပမည့် ၂၂၅ နာရီကြာ “ဆံပင်ညှပ်သင်တန်း” ကို လာမည့် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့တွင် ချင်းမိုင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ နည်းပညာကောလိပ် ၌ စတင်ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။

အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့၊ မွန်းလွဲ ၁ နာရီ မှ ညနေ ၄ နာရီ အထိ တစ်နေ့လျှင် ၃ နာရီကြာ သင်ယူရမည် ဖြစ်ပြီး ဆံပင်ညှပ်ရာတွင် အသုံးပြုမည့် ကိရိယာ တန်ဆာပလာများကိုပါ ပေးအပ်သွားမည် ဖြစ်သည်။ စိတ်ပါဝင်စားသူများ အနေဖြင့် အောက်ဖော်ပြပါ လိုအပ်ချက်များနှင့် သင်တန်းအချက်အလက်အသေးစိတ်ကို ဖတ်ရှုပြီး သက်ဆိုင်ရာ တာဝန်ခံထံသို့ ဆက်သွယ် လျှောက်ထားနိုင်ပါသည်။

လိုအပ်ချက်များ

  • ဖြည့်စွက်ပြီး လျှောက်လွှာ ပုံစံ (လျှောက်လွှာကို BEAM ကျောင်းတွင် ရယူနိုင်ပါသည်။)
  • ၁ လက်မ ပတ်လည် လိုင်စင်ဓာတ်ပုံ (၃) ပုံ
  • လက်ရှိကိုင်ဆောင်ထားသော လက်မှတ် မိတ္တူ ၂ စုံ (ပတ်စ်ပို့၊ ပန်းရောင်ကဒ်၊ တောင်ပေါ်သားကဒ် စသည်)
  • အိမ်ထောင်စုစာရင်း – ထောရော ၃၈ သို့မဟုတ် ထောရော ၁၃ (TR-38/ TR-13) မိတ္တူ ၂ စုံ (ပန်းရောင်ကဒ်နှင့် တောင်ပေါ်သားကဒ် ကိုင်ဆောင်ထားသူများအတွက်သာ)
  • သင်တန်းကြေး – ၁,၅၀၀ ဘတ်။ (သင်တန်းလျှောက်ထားချိန်တွင် ပေးသွင်းရပါမည်။)
    (သင်တန်းကြေး ကျသင့်ငွေ၏ ၇၀% ကျော်ကို BEAM နှင့် Saraphetchan မှ ပူးတွဲကျခံပေးထားခြင်း ဖြစ်သည်။)

 

သင်တန်းချိန် အသေးစိတ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

သင်တန်းကာလ           –         ၂ ဇူလိုင် ၂၀၁၈ မှ အောက်တိုဘာ ၂၀၁၈ အထိ။ (၂၂၅ နာရီ)

သင်ယူရမည့် နေ့ရက်    –         အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့ အထိ။

သင်တန်းချိန်              –         မွန်းလွဲ ၁ နာရီ မှ ညနေ ၄ နာရီ အထိ။

လက်ခံမည့်ဦးရေ         –         ၂၀ ဦး။

စာရင်းပေးသွင်းမှုကို ၂၂ ဇွန် ၂၀၁၈ ထက် နောက်မကျစေပဲ ပေးသွင်းရပါမည်။ အသေးစိတ် သိရှိလိုပါက ဆရာသော်ဇင် (ဖုန်း – 087 727 5853), ဆရာမပန်ဆန်း (ဖုန်း – 083 766 5889) သို့ ဆက်သွယ်မေးမြန်းနိုင်ပြီး BEAM  ပညာရေးဖောင်ဒေးရှင်း (103, Intranurak, Viang Ping, Chang Klan, Muang Chiang Mai 50100) တွင် လာရောက် စာရင်းပေးသွင်းနိုင်ပါသည်။


Recruitment for “Hair Dressing Training” in Collaboration with Chiang Mai Polytechnic College

BEAM is now recruiting for “Hair Dressing Training (225 hours)” in collaboration with Chiang Mai Polytechnic College (Saraphetchan) that will be started on 2nd July 2018 at Chiang Mai Polytechnic College.

Training will last for 225 hours, every weekday from 1:00PM until 4:00PM. Hair dressing aided tools and materials will be provided. Any interested parties can apply by reading the following instructions and requirements.

Training requirements are as below:

  • Application Form (available at BEAM Education Foundation)
  • 1×1 inch license photograph 3 pcs.
  • Current legal document copy x 2 copies (Example: passport, pink card, hill tribe card)
  • Household Registration copy x 2 copies (TR-38, TR-13)
  • Training fees – 1,500 THB (To cash upon application submission)
    (70% of the entire training fees is provided by BEAM and Saraphetchan.)

The training detail is as below:

  • Training period: 2nd July 2018 until October 2018
  • Date: Every Weekdays
  • Time: 1:00PM to 4:00PM
  • Place: Chiang Mai Polytechnic College (Saraphetchan)
  • Training Size: 20 students

Application deadline is 22nd June 2018. For more information, please contact to Mr. Thaw Zin (Mobile: 087 727 5853) or Mrs. Pan San (Mobile: 083 766 5889). To fill the application, students need to present at BEAM themselves bringing along the requirements not later than 22nd June 2018. The address of BEAM Education Foundation is 103, Intranurak, Viang Ping, Chang Klan, Muang Chiang Mai 50100.

 

Leave a Reply

Your email address will not be published. Required fields are marked *