Congratulations University Graduates!
May 18, 2018
Recruitment for “Hair Dressing Training”
May 28, 2018
What are the BEAM alumni doing? Nang EiLawnt Ying
Lawnt Ying is originally from northern Shan State, Myanmar and is one of BEAM’s GED graduates. She successfully passed the GED exam in 2012. Immediately after she received her GED certificate, she continued her further education in a Bachelor of Arts in Social Science at Chiang Mai University. She graduated in 2016. Shortly after, she began to work at MAP Foundation in Chiang Mai. She has continued to work for MAP Foundation since 2016 as a Program Coordinator of Right fall All (RFA) Program. Approximately 7,500 people including women and children benefit from five different projects under Right for ALL (FRA) Program each year.
Lawnt Ying shares her experience working with MAP: “Before I started to work with MAP Foundation, I used to work with Shan Women’s Action Network (SWAN) and I had only ever worked in the Shan community. By working with MAP, I can gain more experiences such as working with different ethnic groups from Burma, learning about broader issues, and visiting new areas for projects. So, I decided to work full-time for MAP Foundation. I started working at MAP in 2016 up until now. My responsibilities include project management, work planning, financial management, and capacity building for our staff. I am a Program Coordinator, and there are five projects under Right for All (RFA) Program, which include Women’s Exchange Project, Crisis Support Project, Education and Identity Project, Migrant Youth and Empowerment, and Save School Project. Women’s Exchange Project has a mission to empower women; there are 12 areas where our program is working. The 12 areas include the migrant community along the Thai- Myanmar border, Chiang Mai, and Bangkok-Mahachai. In the Crisis Support Project, we assist emergency patients with translation and provide information when accidents occur around Chiang Mai. For Education and Identity, we support scholarships for migrant children who go to Thai School in Mae Sot and Chiang Mai.”
She adds: “I would like to say thanks to BEAM Education Foundation. BEAM helped me further my studies and successfully accomplish my dream. I greatly appreciate all of the support from BEAM. Moreover, “I would like to encourage my juniors who have joined BEAM to keep walking until they reach their destination. Do not worry about the future; just focus on the present and keep up the good work. With strong grit, we can achieve what we aim for.”
ဘီမ်းကျောင်းသူ/ကျောင်းသားဟောင်းများ၏ လက်ရှိလုပ်ဆောင်ချက်များ – နန်းအိလော့ယိင်း
လော့ယိင်းသည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မှ ရွှေ့ပြောင်းလာသူတစ်ဦးဖြစ်ပြီး ဘီမ်းပညာရေးဖောင်ဒေးရှင်း၏ ဂျီအီးဒီ ပရိုဂရမ်တွင် တက်ရောက်ခဲ့ပြီးနောက် ၂၀၁၂ ခုနှစ်တွင် ဂျီအီးဒီစာမေးပွဲ အောင်မြင်ခဲ့သည်။ ဂျီအီးဒီစာမေးပွဲ အောင်မြင်ပြီး သည်နှင့်တပြိုင်နက် ချင်းမိုင်တက္ကသိုလ်၊ လူမှုရေးသိပ္ပံဌာနဘွဲ့ကြိုသင်တန်းကို ဆက်လက်တက်ရောက်ခဲ့ပြီး ၂၀၁၆ ခုနှစ် တွင် ဘွဲ့ရရှိခဲ့ပြီဖြစ်သည်။ ဘွဲ့ရပြီးနောက် ချင်းမိုင်မြို့အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားများအတွက် အဖက်ဖက်မှ ကူညီပံ့ပိုးပေးလျက်ရှိသော MAP ဖောင်ဒေးရှင်းတွင် Right for All ပရိုဂရမ်တာဝန်ခံအဖြစ် စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ယခုထက်တိုင် ဆက်လက်လုပ်ကိုင်လျက်ရှိသည်။ နှစ်စဉ် အမျိုးသမီးများနှင့် ကလေးများ အပါအဝင် လူဦးရေ ၇၅၀၀ အထိ Right for ALL (RFA) ပရိုဂရမ်အောက်ရှိ စီမံကိန်း ၅ ခုမှ ပံ့ပိုးမှုများ ရရှိလျက်ရှိသည်။
MAP ဖောင်ဒေးရှင်း၌ အလုပ်လုပ်ကိုင်ရသည့် အတွေ့အကြုံနှင့်ပတ်သက်ပြီး လော့ယိင်းက ယခုလိုမျှဝေပါသည်:
“MAP ဖောင်ဒေးရှင်းမှာ မလုပ်ခင်က “ရှမ်းအမျိုးသမီးများလှုပ်ရှားမှုကွန်ယက် (SWAN) အဖွဲ့အတွက် အလုပ်လုပ်ခဲ့တယ်။ MAP ဖောင်ဒေးရှင်းမှာ အလုပ်လုပ်ခွင့်ရတဲ့အတွက် မြန်မာနိုင်ငံနေရာအနှံ့အပြားမှ လာရောက်အလုပ်လုပ်ကြတဲ့ မတူညီတဲ့ တိုင်းရင်းသားများနဲ့ လုပ်ခွင့်ရတဲ့အတွေ့အကြုံ၊ နယ်စပ်ဒေသဆိုင်ရာ ကိစ္စရပ်များနဲ့ အခြားသော ရွှေ့ပြောင်းလူထုဆိုင်ရာ ကဏ္ဍများနဲ့ပတ်သက်ပြီး အတွေ့အကြုံအသစ်တွေရရှိပါတယ်။ MAP ဖောင်ဒေးရှင်းမှာ ၂၀၁၆ ခုနှစ်ကတည်းကစပြီး ယခုအထိဆက်လက်လုပ်ကိုင်လျက်ရှိပါတယ်။ MAP မှာ ကျမရဲ့ အဓိကတာဝန်တွေကတော့ စီမံကိန်းစီမံခန့်ခွဲရေး၊ စီမံကိန်းရေးဆွဲရေး၊ ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲရေးနှင့် ဝန်ထမ်းများအတွက် စွမ်းရည်မြှင့် သင်တန်းများ ပေးရပါတယ်။ ကျမ တာဝန်ယူရတဲ့ Right for All (RFA) ပရိုဂရမ်အောက်မှာ စီမံကိန်း ၅ ခုရှိပြီး Women’s Exchange စီမံကိန်း၊ Crisis Support စီမံကိန်း၊ Education and Identity စီမံကိန်း၊ Migrant Youth and Empowerment စီမံကိန်းနှင့် Save School စီမံကိန်းတို့ ပါဝင်ပါတယ်။ Women’s Exchange စီမံကိန်းသည် အမျိုးသမီးများအတွက် စွမ်းရည်မြှင့်သင်တန်းပေးခြင်း စီမံကိန်းဖြစ်ပြီး နယ်မြေ ၁၂ ခုမှာ လုပ်ဆောင်ပါတယ်။ နယ်မြေ ၁၂ ခုအတွင်းမှာ ထိုင်း-မြန်မာနယ်စပ်ဒေသ၊ ချင်းမိုင်နှင့် ဘန်ကောက်-မဟာချိုင်တလျှောက်ရှိ ရွှေ့ပြောင်းလူထုအခြပြေု အဖွဲ့အစည်းများပါဝင်တယ်။ Crisis Support စီမံကိန်း ကတော့ ချင်းမိုင်ဒေသ တဝိုက်ဖြစ်ပွားသည့် အရေးပေါ်အခြေအနေများတွင် အရေးပေါ်လူနာများအတွက် စကားပြန် ဝန်ဆောင်မှု ပံ့ပိုးပေးခြင်းနှင့် ယာဉ်မတော်တဆဖြစ်ရပ်များတွင် လိုအပ်သော သတင်းအချက်အလက် အကူအညီ ပေးခြင်းတို့ ပါဝင်သည်။ Education and Identity စီမံကိန်းအတွင်း ချင်းမိုင်နှင့် မဲဆောက်ဒေသများရှိ ထိုင်းကျောင်းများသို့ တက်ရောက်သည့် ရွှေ့ပြောင်းကလေးငယ်များအတွက် ပညာသင်ထောက်ပံ့ကြေးများ ပံ့ပို့ပေးပါတယ်။”
ဆက်လက်ပြီး “ကျမကို အဆင့်မြင့်ပညာသင်ခွင့် အခွင့်အလမ်းအတွက် ကူညီပေးခဲ့တဲ့အပြင် ကျမရဲ့ ရည်မှန်းချက် အိပ်မက်တွေကို အမှန်တကယ် အကောင်အထည်ဖော်ဆောင်ပေးခဲ့တဲ့ ဘီမ်းပညာရေးဖောင်ဒေးရှင်းကို အထူးပဲ ကျေးဇူးတင်ပါတယ်။” ထို့ပြင် ဘီမ်း၏ပရိုဂရမ်များတွင် လက်ရှိတက်ရောက်လျက်ရှိသော ကျောင်းသားလူငယ်များနှင့် ပတ်သက်၍ ယခုလို ထပ်လောင်းပြောဆိုခဲ့ပါသည်: “လူငယ်တွေအနေနဲ့ သူတို့ရည်မှန်းထားတဲ့ ရည်ရွယ်ချက်အတိုင်း ယုံယုံကြည်ကြည်နဲ့ တစိုက်မတ်မတ် ဆက်သွားကြဖို့တိုးတွန်းလိုပါတယ် .. တချို့လူငယ်တွေက အနာဂါတ်မှာ ကြုံတွေ့လာနိုင်တဲ့ အခက်အခဲတွေကို ကြိုတင်တွေးတောပူပင်နေတတ်ကြတယ် .. အနာဂါတ်အတွက် စိတ်ပူမနေ စေချင်ဘူး .. ကိုယ်ရဲ့ လက်ရှိပစ္စုပ္ပန်အခြေအနေကိုသာ အကောင်းဆုံးဖြစ်အောင် ကြိုးစားစေချင်ပြီး ကိုယ် ကိုယ်တိုင်ကသာ အကောင်းဆုံး အနေအထားနဲ့ အဆင်သင့်ဖြစ်နပြေီဆိုရင် အနာဂါတ်အခွင့်အလမ်းတွေက အဆင်သင့် ပေါ်လာမှာပါ .. လူငယ်များ မိမိရဲ့ရည်မှန်းချက်အတိုင်း အပတ်တကုတ် ကြိုးစားမယ်ဆိုရင် ဘာမဆို ဖြစ်လာမှာပါ။ … ”
Leave a Reply
Your email address will not be published. Required fields are marked *