Village Corps Program: Root woods to Furniture Project – Tu Nge and Ba Hlaing
August 23, 2017
Elderly Health Care Course Completion
September 14, 2017

What are the BEAM alumni doing? Myat Linn Aung

Myat Linn Aung is one of BEAM’s GED Program graduates. He successfully passed the GED exam in 2014. Immediately after he passed GED exam, he began to work at the Boarding High School for Orphans and Helpless Youth (BHSOH) in Mae Sot, Thailand. First established along the Thai-Myanmar border in 1993, BHSOH is dedicated to fill the educational void experienced by orphans and children from migrant families.

Myat Linn Aung shares his experience at BHSOH: “I started working at BHSOH Learning Center in 2015 up to now. My responsibilities in BHSOH are teaching, reporting, and office staff. I had studied for five years at BHSOH starting from Grade-7 to Grade-12. The reason I work here is that I want to promote the students as much as I can, and I love teaching.

I do not have any expectation from my work because I am just happy teaching my students, and I love working with my colleagues. I am planning to apply for a scholarship in the coming year, and if I receive the scholarship, the subject I am going to study is Social Science in Chiang Mai University. After graduating, I will come back to my school and I will promote to students as much as I can. I will also go back to Burma and find a job relating to political or social work in some organization.”

In his own words: “I would like to say thanks to BEAM Education Foundation. I was a BEAM student in 2013-14 academic year and I am so honored to say that anytime. This thank you goes out to every one of the teachers, staff, and administration at BEAM for their help, understanding, time, and devotion to their jobs. I am partly the person I am today because of what you have done for me. It is because of all of you the students have such a wonderful school to attend”.

ဘီမ္းေက်ာင္းသူ/ေက်ာင္းသားေဟာင္းမ်ား၏ လက္ရွိလုပ္ေဆာင္ခ်က္မ်ား – ျမတ္လင္းေအာင္

ျမတ္လင္းေအာင္သည္ ျမန္မာႏိုင္ငံ၊ ကရင္ျပည္နယ္မွ ေ႐ႊ႕ေျပာင္းလာသူတစ္ဦးျဖစ္ၿပီး ဘီမ္းပညာေရးေဖာင္ေဒးရွင္း၏ ဂ်ီအီးဒီပ႐ိုဂရမ္၌ တက္ေရာက္ေအာင္ျမင္ခဲ့ေသာ ေက်ာင္းသားတစ္ေယာက္ျဖစ္သည္။ ဂ်ီအီးဒီစာေမးပြဲကို ၂၀၁၅ ခုႏွစ္တြင္ ေအာင္ျမင္ၿပီးေနာက္ ထိုင္းႏိုင္ငံ၊ မဲေဆာက္ၿမိဳ႕ရွိ BHSOH ေက်ာင္းတြင္ ဘာသာရပ္ျပဆရာအျဖစ္ ယခုအခ်ိန္အထိ ဝင္ေရာက္လုပ္ကိုင္လ်က္ရွိသည္။ BHSOH ေက်ာင္းကို ၁၉၉၃ ခုႏွစ္တြင္ စတင္တည္ေထာင္ခဲ့ၿပီး ေ႐ႊ႕ေျပာင္းမိသားစုမ်ားႏွင့္ မိဘမဲ့ေဂဟာတို႔မွကေလးမ်ားအတြက္ ပညာေရးဝန္ေဆာင္မႈမ်ားကို ျဖည့္ဆည္းပံ့ပိုးေပးလ်က္ရွိသည္။ လက္ရွိတြင္ BHSOH ေက်ာင္း၌ ေက်ာင္းသားစုစုေပါင္းဦးေရ ၃၀၀ ခန္႔ တက္ေရာက္ပညာသင္ၾကားလ်က္ရွိသည္။

BHSOH ေက်ာင္း၌ ဘာသာရပ္ျပဆရာအျဖစ္ လုပ္ေဆာင္ေနသည့္ အေတြ႔အႀကံဳႏွင့္ ပတ္သက္ၿပီး ျမတ္လင္းေအာင္က ယခုလိုေျပာၾကားသည္:

“က်ေနာ္ ၂၀၁၅ ခုႏွစ္ကတည္းက အခုအခ်ိန္အထိ BHSOH ေက်ာင္းမွ အလုပ္လုပ္လ်က္ရွိပါတယ္။ က်ေနာ့္ရဲ႕ အဓိကတာဝန္က ကေလးေတြကို စာသင္ၾကားျခင္း၊ အစီရင္ခံစာေရးျခင္းနဲ႔ ႐ံုးလုပ္ငန္းပိုင္းဆိုင္ရာမွာ လုပ္ေဆာင္ရျခင္းျဖစ္ပါတယ္၊ က်ေနာ္ ဒီ BHSOH ေက်ာင္းမွာ ၇ တန္းကေန ၁၂ တန္းအထိ ပညာသင္ၾကားခြင့္ရခဲ့တဲ့အတြက္ က်ေနာ့္အေနနဲ႔ ဒီေက်ာင္းအတြက္ တစ္ခုခုျပန္လုပ္ေပးဖို႔ ရည္႐ြယ္ထားခဲ့ပါတယ္။ အဓိကအေနနဲ႔ေျပာရရင္ ကေလးေတြရဲ႕ဘဝကို က်ေနာ္တတ္ႏိုင္သေလာက္ ျမႇင့္တင္ကူညီေပးမယ္။ က်ေနာ့္မွာ စာသင္ၾကားတဲ့အေတြ႔အႀကံဳ မရွိခဲ့ေပမယ့္ ကေလးေတြကိုစာသင္ေနရၿပီး ဒီမွာရွိတဲ့ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ အတူတကြ ပညာေရးလုပ္ငန္းေတြကိုလုပ္ခြင့္ရေနတာကို က်ေနာ္ေက်နပ္တယ္။ ေရွ႕ႏွစ္မွာ တကၠသိုလ္ဆက္တက္ဖို႔ စေကာလားရွစ္ေလွ်ာက္ဖို႔ ျပင္ဆင္ေနပါတယ္၊ က်ေနာ့္ရည္မွန္းခ်က္က ခ်င္းမိုင္တကၠသိုလ္က လူမႈေရးသိပၸံဘာသာရပ္ကို သင္ယူေလ့လာၿပီး ဘြဲ႔ရၿပီးရင္ BHSOH ကို ျပန္လာၿပီး ကေလးေတြအတြက္ ပိုမိုေလးနက္က်ယ္ျပန္႔တဲ့ အေတြ႔အႀကံဳ ဗဟုသုတေတြကို ျပန္လည္မွ်ေဝေပးရင္းနဲ႔ သူတို႔ေလးေတြရဲ႕ ဘဝကို အေကာင္းဆံုးျဖစ္ေအာင္ ကူညီေပးဖို႔ပါပဲ။ ျမန္မာႏိုင္ငံကိုျပန္ၿပီး ႏိုင္ငံေရး သို႔မဟုတ္ လူမႈဖြံ႔ၿဖိဳးေရးလုပ္ေနတဲ့အဖြဲ႔အစည္းတစ္ခုခုမွာလည္း ျပန္လုပ္ဖို႔ ဆႏၵရွိပါတယ္”

ဆက္လက္ၿပီး “၂၀၁၃-၁၄ ပညာသင္ႏွစ္မွာ က်ေနာ့္ကို ဂ်ီအီးဒီေက်ာင္းသားတစ္ေယာက္အေနနဲ႔ လက္ခံသင္ၾကားေပးခဲ့တဲ့ ဘီမ္းပညာေရးေဖာင္ေဒးရွင္းကို ေက်းဇူးအထူးတင္ေၾကာင္းေျပာလိုၿပီး ဘီမ္းေက်ာင္းသားျဖစ္ခြင့္ရခဲ့တဲ့အေတြ႔အႀကံဳကို က်ေနာ္အၿမဲတမ္း ဂုဏ္ယူဝံ့ႂကြားစြာနဲ႔ လူတိုင္းကို ေျပာျပေနအံုးမွာပါ။ ဘီမ္းေက်ာင္းမွာရွိတဲ့ ဆရာ/ဆရာမေတြ၊ ဝန္ထမ္းေတြ၊ စီမံခန္႔ခြဲအုပ္ခ်ဳပ္ေရး အဖြဲ႔ဝင္အားလံုးကို သူတို႔ရဲ႕ ေစတနာထား၊ အနစ္နာခံကာ ပညာေရးလုပ္ငန္းေတြကို ႏွစ္ျမႇဳပ္လုပ္ကိုင္ေနၾကတဲ့အတြက္ ေက်းဇူးတင္ပါတယ္၊ သူတို႔ အဲ့ဒီလိုသာ က်ေနာ္တို႔လို ေ႐ႊ႕ေျပာင္းလူငယ္ေတြအတြက္ မလုပ္ေပးခဲ့ရင္ ဒီေန႔ က်ေနာ္ေရာက္ေနတဲ့ေနရာ၊ က်ေနာ္ ျဖစ္ေနတဲ့အရာေတြ ဘာတစ္ခုမွ ျဖစ္လာမွာ မဟုတ္ပါဘူး။”

(Unicode)

ဘီမ်းကျောင်းသူ/ကျောင်းသားဟောင်းများ၏ လက်ရှိလုပ်ဆောင်ချက်များ – မြတ်လင်းအောင်

မြတ်လင်းအောင်သည် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်မှ ရွှေ့ပြောင်းလာသူတစ်ဦးဖြစ်ပြီး ဘီမ်းပညာရေးဖောင်ဒေးရှင်း၏ ဂျီအီးဒီပရိုဂရမ်၌ တက်ရောက်အောင်မြင်ခဲ့သော ကျောင်းသားတစ်ယောက်ဖြစ်သည်။ ဂျီအီးဒီစာမေးပွဲကို ၂၀၁၅ ခုနှစ်တွင် အောင်မြင်ပြီးနောက် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ BHSOH ကျောင်းတွင် ဘာသာရပ်ပြဆရာအဖြစ် ယခုအချိန်အထိ ဝင်ရောက်လုပ်ကိုင်လျက်ရှိသည်။ BHSOH ကျောင်းကို ၁၉၉၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ရွှေ့ပြောင်းမိသားစုများနှင့် မိဘမဲ့ဂေဟာတို့မှကလေးများအတွက် ပညာရေးဝန်ဆောင်မှုများကို ဖြည့်ဆည်းပံ့ပိုးပေးလျက်ရှိသည်။ လက်ရှိတွင် BHSOH ကျောင်း၌ ကျောင်းသားစုစုပေါင်းဦးရေ ၃၀၀ ခန့် တက်ရောက်ပညာသင်ကြားလျက်ရှိသည်။

BHSOH ကျောင်း၌ ဘာသာရပ်ပြဆရာအဖြစ် လုပ်ဆောင်နေသည့် အတွေ့အကြုံနှင့် ပတ်သက်ပြီး မြတ်လင်းအောင်က ယခုလိုပြောကြားသည်:

“ကျနော် ၂၀၁၅ ခုနှစ်ကတည်းက အခုအချိန်အထိ BHSOH ကျောင်းမှ အလုပ်လုပ်လျက်ရှိပါတယ်။ ကျနော့်ရဲ့ အဓိကတာဝန်က ကလေးတွေကို စာသင်ကြားခြင်း၊ အစီရင်ခံစာရေးခြင်းနဲ့ ရုံးလုပ်ငန်းပိုင်းဆိုင်ရာမှာ လုပ်ဆောင်ရခြင်းဖြစ်ပါတယ်၊ ကျနော် ဒီ BHSOH ကျောင်းမှာ ၇ တန်းကနေ ၁၂ တန်းအထိ ပညာသင်ကြားခွင့်ရခဲ့တဲ့အတွက် ကျနော့်အနေနဲ့ ဒီကျောင်းအတွက် တစ်ခုခုပြန်လုပ်ပေးဖို့ ရည်ရွယ်ထားခဲ့ပါတယ်။ အဓိကအနေနဲ့ပြောရရင် ကလေးတွေရဲ့ဘဝကို ကျနော်တတ်နိုင်သလောက် မြှင့်တင်ကူညီပေးမယ်။ ကျနော့်မှာ စာသင်ကြားတဲ့အတွေ့အကြုံ မရှိခဲ့ပေမယ့် ကလေးတွေကိုစာသင်နေရပြီး ဒီမှာရှိတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူတကွ ပညာရေးလုပ်ငန်းတွေကိုလုပ်ခွင့်ရနေတာကို ကျနော်ကျေနပ်တယ်။ ရှေ့နှစ်မှာ တက္ကသိုလ်ဆက်တက်ဖို့ စကောလားရှစ်လျှောက်ဖို့ ပြင်ဆင်နေပါတယ်၊ ကျနော့်ရည်မှန်းချက်က ချင်းမိုင်တက္ကသိုလ်က လူမှုရေးသိပ္ပံဘာသာရပ်ကို သင်ယူလေ့လာပြီး ဘွဲ့ရပြီးရင် BHSOH ကို ပြန်လာပြီး ကလေးတွေအတွက် ပိုမိုလေးနက်ကျယ်ပြန့်တဲ့ အတွေ့အကြုံ ဗဟုသုတတွေကို ပြန်လည်မျှဝေပေးရင်းနဲ့ သူတို့လေးတွေရဲ့ ဘဝကို အကောင်းဆုံးဖြစ်အောင် ကူညီပေးဖို့ပါပဲ။ မြန်မာနိုင်ငံကိုပြန်ပြီး နိုင်ငံရေး သို့မဟုတ် လူမှုဖွံ့ဖြိုးရေးလုပ်နေတဲ့အဖွဲ့အစည်းတစ်ခုခုမှာလည်း ပြန်လုပ်ဖို့ ဆန္ဒရှိပါတယ်”

ဆက်လက်ပြီး “၂၀၁၃-၁၄ ပညာသင်နှစ်မှာ ကျနော့်ကို ဂျီအီးဒီကျောင်းသားတစ်ယောက်အနေနဲ့ လက်ခံသင်ကြားပေးခဲ့တဲ့ ဘီမ်းပညာရေးဖောင်ဒေးရှင်းကို ကျေးဇူးအထူးတင်ကြောင်းပြောလိုပြီး ဘီမ်းကျောင်းသားဖြစ်ခွင့်ရခဲ့တဲ့အတွေ့အကြုံကို ကျနော်အမြဲတမ်း ဂုဏ်ယူဝံ့ကြွားစွာနဲ့ လူတိုင်းကို ပြောပြနေအုံးမှာပါ။ ဘီမ်းကျောင်းမှာရှိတဲ့ ဆရာ/ဆရာမတွေ၊ ဝန်ထမ်းတွေ၊ စီမံခန့်ခွဲအုပ်ချုပ်ရေး အဖွဲ့ဝင်အားလုံးကို သူတို့ရဲ့ စေတနာထား၊ အနစ်နာခံကာ ပညာရေးလုပ်ငန်းတွေကို နှစ်မြှုပ်လုပ်ကိုင်နကြေတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ သူတို့ အဲ့ဒီလိုသာ ကျနော်တို့လို ရွှေ့ပြောင်းလူငယ်တွေအတွက် မလုပ်ပေးခဲ့ရင် ဒီနေ့ ကျနော်ရောက်နေတဲ့နေရာ၊ ကျနော် ဖြစ်နေတဲ့အရာတွေ ဘာတစ်ခုမှ ဖြစ်လာမှာ မဟုတ်ပါဘူး။”

Leave a Reply

Your email address will not be published. Required fields are marked *