Activities on the Occasion of International Day of the World’s Indigenous People 2017
August 10, 2017
Capping and Pinning Ceremony – Ying Loongku and Nan Sanda Aye
August 23, 2017

What are the BEAM alumni doing? ZweMyat Chan Maung

Zwe, originally from Karen State, Myanmar, is one of BEAM’s GED Program graduates. He successfully passed the GED exam in 2013. After passing the GED, Zwe spent two years teaching English and Math at the Children Development Center (CDC) in Mae Sot. Over a period of two years, he taught sixty students ages 9-14.

While he was teaching at CDC from 2015 to 2017, he also participated in an online diploma course in Liberal Studies from Australian Catholic University. The diploma is made up of 8 courses (4 online courses and 4 face-to-face courses).One online course was delivered by York University in Toronto, Canada. Zwe also worked at Mobile Education Partnerships (MEP) in collaboration with the World Education Organization for six months. There he had the opportunity to work with 60 teachers from 10 migrant schools. He was a teacher trainer at MEP, and his main duty was to equip new teachers with basic pedagogical skills.

Zwe shares his experience from working with CDC in Mae Sot:

“I had two years of teaching English and Math at CDC prior to the commencement my studies at the Faculty of Education in Hong Kong University.CDC supported me financially throughout my study at BEAM, and I felt a sense of responsibility to make a meaningful contribution to my mother organization; thus, I decided to work with CDC as a teacher after I finished the GED Program with BEAM and before I will start university. I am looking forward to broadening my expertise in teaching English at the university, and I personally believe that even taking an internship, relevant to the area you are interested in, would make a huge difference when it comes to applying for a scholarship.”

Zwe adds: “BEAM helped me pave a way to university with the necessary academic and non-academic skills needed to enjoy the adventures of university life. I’d like to say thanks to BEAM for giving me a chance to further my studies”.

ဘီမ္းေက်ာင္းသူ/ေက်ာင္းသားေဟာင္းမ်ား၏ လက္ရွိလုပ္ေဆာင္ခ်က္မ်ား – ဇြဲျမတ္ခ်မ္းေမာင္

ဇြဲသည္ ျမန္မာႏိုင္ငံ၊ ကရင္ျပည္နယ္မွ ေ႐ႊ႕ေျပာင္းလာသူတစ္ဦးျဖစ္ၿပီး ဘီမ္းပညာေရးေဖာင္ေဒးရွင္း၏ ဂ်ီအီးဒီပ႐ိုဂရမ္၌ တက္ေရာက္ေအာင္ျမင္ခဲ့ေသာ ေက်ာင္းသားတစ္ေယာက္ျဖစ္သည္။ ဂ်ီအီးဒီစာေမးပြဲေအာင္ျမင္ၿပီးေနာက္ မဲေဆာက္ၿမိဳ႕ရွိ Children Development Center (CDC) ေက်ာင္း၌ အဂၤလိပ္စာႏွင့္ သခ်ၤာဘာသာရပ္ျပဆရာအျဖစ္ ၂ ႏွစ္ၾကာ ဝင္ေရာက္ လုပ္ကိုင္ခဲ့သည္။ အဆိုပါ ၂ ႏွစ္အတြင္း အသက္ ၉-၁၄ အ႐ြယ္ ေက်ာင္းသူ/ေက်ာင္းသားေပါင္း ၆၀ ခန္႔ကို သင္ၾကားေပး ခဲ့သည္။

CDC ေက်ာင္း၌ စာသင္ၾကားေနစဥ္အေတာအတြင္း Australian Catholic University (ACU) မွ Liberal Studies ဘာသာရပ္ကို အြန္လိုင္းဒီပလိုမာသင္တန္းအျဖစ္ ဆည္းပူးေလ့လာခဲ့သည္။ ဤဒီပလိုမာတြင္ အြန္လိုင္းဘာသာရပ္ ၄ ခုႏွင့္ လက္ေတြ႔စာသင္ခန္းအတြင္း သင္ယူရသည့္ ဘာသာရပ္ ၄ ခု၊ စုစုေပါင္း ဘာသာရပ္ ၈ ခုကို သင္ယူခဲ့ရသည္။ ထိုအထဲမွ အြန္လိုင္း ဘာသာရပ္တစ္ခုကို ကေနဒါႏိုင္ငံ၊ တို႐ြန္တိုရွိ York တကၠသိုလ္မွ သင္ၾကားပို႔ခ်ခဲ့ျခင္းျဖစ္သည္။ အဆိုပါကာလ အတြင္း ဇြဲသည္ World Education အဖြဲ႔အစည္းႏွင့္ ပူးေပါင္းေဆာင္ရြက္သည့္ Mobile Education Partnership (MEP) ပ႐ိုဂရမ္တြင္လည္း ၆ လၾကာ တာဝန္ထမ္းေဆာင္ခဲ့ၿပီး ေ႐ႊ႕ေျပာင္းလုပ္သား ေက်ာင္း ၁၀ ေက်ာင္းမွ ဆရာ/ဆရာမ အေယာက္ ၆၀ ေက်ာ္ျဖင့္ အတူတကြ လက္တြဲလုပ္ေဆာင္ရန္ အခြင့္အေရးရရွိခဲ့သည္။ ဇြဲသည္ MEP ၌ ဆရာျဖစ္သင္တန္းဆရာအျဖစ္ တာဝန္ ထမ္းေဆာင္ခဲ့ၿပီးၿပီး သူ၏ အဓိကတာဝန္မွ ဆရာ/ဆရာမမ်ားကို သင္ၾကားနည္းစနစ္ဆိုင္ရာ သင္တန္းမ်ားပို႔ခ်ျပင္ဆင္ ေပးရျခင္းျဖစ္သည္။

CDC ေက်ာင္းႏွင့္ ၂ ႏွစ္ေက်ာ္ၾကာ လက္တြဲလုပ္ေဆာင္လာၿပီးေနာက္ လတ္တေလာတြင္ ဇြဲသည္ ေဟာင္ေကာင္ တကၠသိုလ္ရွိ ပညာေရးအထူးျပဳဌာန၊ ဘြဲ႔ႀကိဳသင္တန္းတက္ေရာက္ရန္ ေ႐ြးခ်ယ္ခံထားရၿပီး ၂၀၁၇ ခုႏွစ္၊ စက္တင္ဘာလ တြင္ စတင္တက္ေရာက္ရမည္ျဖစ္သည္။

မဲေဆာက္ရွိ CDC ေက်ာင္းႏွင့္ အလုပ္လုပ္ရသည့္ အေတြ႔အႀကံဳႏွင့္ပတ္သက္ၿပီး ဇြဲက ယခုလိုေျပာၾကားပါသည္:

“က်ေနာ္ အခု ေဟာင္ေကာင္တကၠသိုလ္မွာ ပညာေရးအထူးျပဳဘာသာရပ္နဲ႔ ဘြဲ႕ႀကိဳသင္တန္းမတက္ခင္ CDC ေက်ာင္းမွာ အဂၤလိပ္နဲ႔ သခ်ၤာ ဘာသာရပ္ျပအဖြဲ႔ ၂ ႏွစ္လုပ္ခြင့္ရခဲ့တယ္။ ၂၀၁၃ ခုႏွစ္က က်ေနာ္ ဘီမ္းေက်ာင္းမွ ဂ်ီအီးဒီပ႐ိုဂရမ္ လာတက္ေတာ့ CDC ေက်ာင္းက က်ေနာ့္တို႔ကို ေငြေၾကးကအစ အစစအရာရာ ေထာက္ပံ့ေပးတယ္။ အဲဒါကို က်ေနာ့္ စိတ္ထဲမွာ ဘယ္လိုခံစားရလဲဆိုရင္ က်ေနာ့္ရဲ႕ မိခင္အဖြဲ႔အစည္းျဖစ္တဲ့ CDC ေက်ာင္းက က်ေနာ့္ကို ေျမေတာင္ေျမႇာက္ ျပဳစုပ်ဳိးေထာင္ၿပီး ပညာဆက္လက္သင္ၾကားခြင့္ေပးခဲ့တဲ့အတြက္ က်ေနာ့္အေနနဲ႔ အဓိပၸါယ္ရွိတဲ့ တုံ႔ျပန္အက်ဳိးျပဳမႈ တစ္ခုကို ျပန္ေပးကိုေပးရမယ္ဆိုတဲ့ တာဝန္ယူလိုစိတ္၊ ေက်းဇူးတုံ႔ျပန္လိုစိတ္ ျဖစ္လာခဲ့တယ္။ ဒါေၾကာင့္ ဘီမ္းေက်ာင္းကေန ဂ်ီအီးဒီပ႐ိုဂရမ္အၿပီး တကၠသိုလ္မသြားခင္ CDC ေက်ာင္းမွာ ေက်ာင္းဆရာအျဖစ္နဲ႔ ေ႐ႊ႕ေျပာင္းကေလးေတြကို စာျပန္ သင္ေပးဖို႔ ဆံုးျဖတ္ခဲ့တယ္။ က်ေနာ့္ရည္႐ြယ္ခ်က္က တကၠသိုလ္ကေနအဂၤလိပ္စာသင္ၾကားမႈဆိုင္ရာ နည္းစနစ္ေတြကို ကၽြမ္းက်င္စြာ သင္ယူေလ့လာၿပီး က်ေနာ့္ရဲ႕ လူ႔အဖြဲ႔အစည္းကို ျပန္လည္အလုပ္အေကၽြးျပဳဖို႔ပါပဲ။ ေနာက္တစ္ခုက က်ေနာ္တို႔ စိတ္ပါဝင္စားတဲ့က႑ေတြမွာ အလုပ္သင္ျဖစ္ျဖစ္၊ ေစတနာ့ဝန္ထမ္းလုပ္အားေပးျဖစ္ျဖစ္ ဝင္ၿပီးလုပ္ကိုင္ရာက က်ေနာ္တို႔ေရွ႕ဆက္ ေလွ်ာက္ရမယ့္ ပညာေရးခရီးလမ္းမွာ အင္မတန္အေထာက္အပံ့ရၿပီး ပညာသင္ဆုေလွ်ာက္တဲ့အခါမွာ လည္း အေထာက္အပံ့ျဖစ္ေစပါတယ္။”

ဆက္လက္ၿပီး ဇြဲက ဘီမ္းေက်ာင္းႏွင့္ပတ္သက္ၿပီး: “ဘီမ္းက က်ေနာ္တို႔ေ႐ႊ႕ေျပာင္းလူငယ္ေတြရဲ႕ တကၠသိုလ္ပညာေရး ခရီးလမ္းေျဖာင့္ျဖဴးဖို႔ ကူညီေပးေနတဲ့အခါမွာ တကၠသိုလ္ေက်ာင္းသားဘဝမွာ ရင္ဆိုင္ႀကံဳေတြ႔ရမယ့္ စိတ္ေခၚစြန္႔စားမႈ ေတြကို ေက်ာ္လႊားႏိုင္ဖို႔ ပညာေရးပိုင္းဆိုင္ရာကၽြမ္းက်င္မႈအျပင္ လူမႈဆက္ဆံေပါင္းသင္းဆက္ဆံေရး၊ ဖြ႔ံၿဖိဳးေရးနဲ႔ မိမိတို႔ရဲ႕ ကိုယ္ပိုင္ရပ္႐ြာ၊ လူမႈအသိုင္းအဝိုင္းကို ျပန္လည္အလုပ္အေကၽြးျပဳေစလိုတဲ့ စိတ္ဓါတ္ေတြကို ေမြးဖြားေပးခဲ့တယ္။ က်ေနာ့္ရဲ႕ ပညာေရးဆက္လက္တိုးတက္ေအာင္ အခြင့္အလမ္းေတြေပးခဲ့တဲ့ ဘီမ္းေက်ာင္းနဲ႔ CDC ေက်ာင္းကို အထူး ေက်းဇူးတင္ပါတယ္လို႔ ေျပာခ်င္ပါတယ္။”

Unicode

ဘီမ်းကျောင်းသူ/ကျောင်းသားဟောင်းများ၏ လက်ရှိလုပ်ဆောင်ချက်များ – ဇွဲမြတ်ချမ်းမောင်

ဇွဲသည် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်မှ ရွှေ့ပြောင်းလာသူတစ်ဦးဖြစ်ပြီး ဘီမ်းပညာရေးဖောင်ဒေးရှင်း၏ ဂျီအီးဒီပရိုဂရမ်၌ တက်ရောက်အောင်မြင်ခဲ့သော ကျောင်းသားတစ်ယောက်ဖြစ်သည်။ ဂျီအီးဒီစာမေးပွဲအောင်မြင်ပြီးနောက် မဲဆောက်မြို့ရှိ Children Development Center (CDC) ကျောင်း၌ အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ်ပြဆရာအဖြစ် ၂ နှစ်ကြာ ဝင်ရောက် လုပ်ကိုင်ခဲ့သည်။ အဆိုပါ ၂ နှစ်အတွင်း အသက် ၉-၁၄ အရွယ် ကျောင်းသူ/ကျောင်းသားပေါင်း ၆၀ ခန့်ကို သင်ကြားပေး ခဲ့သည်။

CDC ကျောင်း၌ စာသင်ကြားနေစဉ်အတောအတွင်း Australian Catholic University (ACU) မှ Liberal Studies ဘာသာရပ်ကို အွန်လိုင်းဒီပလိုမာသင်တန်းအဖြစ် ဆည်းပူးလေ့လာခဲ့သည်။ ဤဒီပလိုမာတွင် အွန်လိုင်းဘာသာရပ် ၄ ခုနှင့် လက်တွေ့စာသင်ခန်းအတွင်း သင်ယူရသည့် ဘာသာရပ် ၄ ခု၊ စုစုပေါင်း ဘာသာရပ် ၈ ခုကို သင်ယူခဲ့ရသည်။ ထိုအထဲမှ အွန်လိုင်း ဘာသာရပ်တစ်ခုကို ကနေဒါနိုင်ငံ၊ တိုရွန်တိုရှိ York တက္ကသိုလ်မှ သင်ကြားပို့ချခဲ့ခြင်းဖြစ်သည်။ အဆိုပါကာလ အတွင်း ဇွဲသည် World Education အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်သည့် Mobile Education Partnership (MEP) ပရိုဂရမ်တွင်လည်း ၆ လကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ရွှေ့ပြောင်းလုပ်သား ကျောင်း ၁၀ ကျောင်းမှ ဆရာ/ဆရာမ အယောက် ၆၀ ကျော်ဖြင့် အတူတကွ လက်တွဲလုပ်ဆောင်ရန် အခွင့်အရေးရရှိခဲ့သည်။ ဇွဲသည် MEP၌ ဆရာဖြစ်သင်တန်းဆရာအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီးပြီး သူ၏ အဓိကတာဝန်မှ ဆရာ/ဆရာမများကို သင်ကြားနည်းစနစ်ဆိုင်ရာ သင်တန်းများပို့ချပြင်ဆင် ပေးရခြင်းဖြစ်သည်။

CDC ကျောင်းနှင့် ၂ နှစ်ကျော်ကြာ လက်တွဲလုပ်ဆောင်လာပြီးနောက် လတ်တလောတွင် ဇွဲသည် ဟောင်ကောင် တက္ကသိုလ်ရှိ ပညာရေးအထူးပြုဌာန၊ ဘွဲ့ကြိုသင်တန်းတက်ရောက်ရန် ရွေးချယ်ခံထားရပြီး ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ တွင် စတင်တက်ရောက်ရမည်ဖြစ်သည်။ မဲဆောက်ရှိ CDC ကျောင်းနှင့် အလုပ်လုပ်ရသည့် အတွေ့အကြုံနှင့်ပတ်သက်ပြီး ဇွဲက ယခုလိုပြောကြားပါသည်:

“ကျနော် အခု ဟောင်ကောင်တက္ကသိုလ်မှာ ပညာရေးအထူးပြုဘာသာရပ်နဲ့ ဘွဲ့ကြိုသင်တန်းမတက်ခင် CDC ကျောင်းမှာ အင်္ဂလိပ်နဲ့ သင်္ချာ ဘာသာရပ်ပြအဖွဲ့ ၂ နှစ်လုပ်ခွင့်ရခဲ့တယ်။ ၂၀၁၃ ခုနှစ်က ကျနော် ဘီမ်းကျောင်းမှ ဂျီအီးဒီပရိုဂရမ် လာတက်တော့ CDC ကျောင်းက ကျနော့်တို့ကို ငွေကြေးကအစ အစစအရာရာ ထောက်ပံ့ပေးတယ်။ အဲဒါကို ကျနော့် စိတ်ထဲမှာ ဘယ်လိုခံစားရလဲဆိုရင် ကျနော့်ရဲ့ မိခင်အဖွဲ့အစည်းဖြစ်တဲ့ CDC ကျောင်းက ကျနော့်ကို မြေတောင်မြှောက် ပြုစုပျိုးထောင်ပြီး ပညာဆက်လက်သင်ကြားခွင့်ပေးခဲ့တဲ့အတွက် ကျနော့်အနေနဲ့ အဓိပ္ပါယ်ရှိတဲ့ တုံ့ပြန်အကျိုးပြုမှု တစ်ခုကို ပြန်ပေးကိုပေးရမယ်ဆိုတဲ့ တာဝန်ယူလိုစိတ်၊ ကျေးဇူးတုံ့ပြန်လိုစိတ် ဖြစ်လာခဲ့တယ်။ ဒါကြောင့် ဘီမ်းကျောင်းကနေ ဂျီအီးဒီပရိုဂရမ်အပြီး တက္ကသိုလ်မသွားခင် CDC ကျောင်းမှာ ကျောင်းဆရာအဖြစ်နဲ့ ရွှေ့ပြောင်းကလေးတွေကို စာပြန် သင်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်။ ကျနော့်ရည်ရွယ်ချက်က တက္ကသိုလ်ကနေအင်္ဂလိပ်စာသင်ကြားမှုဆိုင်ရာ နည်းစနစ်တွေကို ကျွမ်းကျင်စွာ သင်ယူလေ့လာပြီး ကျနော့်ရဲ့ လူ့အဖွဲ့အစည်းကို ပြန်လည်အလုပ်အကျွေးပြုဖို့ပါပဲ။ နောက်တစ်ခုက ကျနော်တို့ စိတ်ပါဝင်စားတဲ့ကဏ္ဍတွေမှာ အလုပ်သင်ဖြစ်ဖြစ်၊ စေတနာ့ဝန်ထမ်းလုပ်အားပေးဖြစ်ဖြစ် ဝင်ပြီးလုပ်ကိုင်ရာက ကျနော်တို့ရှေ့ဆက် လျှောက်ရမယ့် ပညာရေးခရီးလမ်းမှာ အင်မတန်အထောက်အပံ့ရပြီး ပညာသင်ဆုလျှောက်တဲ့အခါမှာ လည်း အထောက်အပံ့ဖြစ်စေပါတယ်။”

ဆက်လက်ပြီး ဇွဲက ဘီမ်းကျောင်းနှင့်ပတ်သက်ပြီး: “ဘီမ်းက ကျနော်တို့ရွှေ့ပြောင်းလူငယ်တွေရဲ့ တက္ကသိုလ်ပညာရေး ခရီးလမ်းဖြောင့်ဖြူးဖို့ ကူညီပေးနေတဲ့အခါမှာ တက္ကသိုလ်ကျောင်းသားဘဝမှာ ရင်ဆိုင်ကြုံတွေ့ရမယ့် စိတ်ခေါ်စွန့်စားမှု တွေကို ကျော်လွှားနိုင်ဖို့ ပညာရေးပိုင်းဆိုင်ရာကျွမ်းကျင်မှုအပြင် လူမှုဆက်ဆံပေါင်းသင်းဆက်ဆံရေး၊ ဖွံ့ဖြိုးရေးနဲ့ မိမိတို့ရဲ့ ကိုယ်ပိုင်ရပ်ရွာ၊ လူမှုအသိုင်းအဝိုင်းကို ပြန်လည်အလုပ်အကျွေးပြုစေလိုတဲ့ စိတ်ဓာတ်တွေကို မွေးဖွားပေးခဲ့တယ်။ ကျနော့်ရဲ့ ပညာရေးဆက်လက်တိုးတက်အောင် အခွင့်အလမ်းတွေပေးခဲ့တဲ့ ဘီမ်းကျောင်းနဲ့ CDC ကျောင်းကို အထူး ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။”

Leave a Reply

Your email address will not be published. Required fields are marked *