အာဆီယံ နှီးနှောဖလှယ်ပွဲ (ချင်းမိုင်)
April 28, 2016
Soft Skills Development Workshop
October 12, 2016

BEAM/JUMP! လူငယ်ခေါင်းဆောင်မှုဆိုင်ရာ ဆွေးနွေးပွဲ – The Rising Lanterns of Chiang Mai

၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၅-၆ ရက်နေ့များ၌ ဘီမ်းပညာရေးဖောင်ဒေးရှင်းနှင့် JUMP! ဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် လူငယ်ခေါင်းဆောင်မှုဆိုင်ရာ ဆွေးနွေးပွဲကို ၂ ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

BEAM/JUMP! လူငယ်ခေါင်းဆောင်မှုဆိုင်ရာ ဆွေးနွေးပွဲ – The Rising Lanterns of Chiang Mai


၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၅-၆ ရက်နေ့များ၌ ဘီမ်းပညာရေးဖောင်ဒေးရှင်းနှင့် JUMP! ဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် လူငယ်ခေါင်းဆောင်မှုဆိုင်ရာ ဆွေးနွေးပွဲကို ၂ ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ဆွေးနွေးပွဲအနေဖြင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင်နေထိုင်ကြသော မြန်မာရွှေ့ပြောင်းလူငယ်များအား လူငယ်အခြေပြု အလုပ်ရုံဆွေးနွေးပွဲများမှတဆင့် ပြောင်းလဲမှုကိုလိုလားသည့် စိတ်ဓါတ်လှုံ့ဆော်မှုပေါ်ထွန်းလာစေရန်အတွက် စိန်ခေါ်မှုများအား စုပေါင်း အဖြေရှာမှု အတွေ့အကြုံများအတွက် ကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ်ဆောင်ခွင့်ရရှိစေရန် ရည်ရွယ်သည်။ လူငယ်ခေါင်းဆောင်မှုဆိုင်ရာ ဆွေးနွေးပွဲမှ လူငယ်ဆိုင်ရာဖွံ့ဖြိုးရေး အထူးသဖြင့် အခွင့်အရေးနည်းပါး၍ ပံ့ပိုးမှုလိုအပ်သူ လူငယ်များအတွက် ကောင်းကျိုးများဖြစ်ထွန်းလာစေရေးအပြင် လူမှုဖွံ့ဖြိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်လိုစိတ်များ၊ လူမှုရေးဆိုင်ရာ စွန့်ဦးတီထွင်ကြံဆနိုင်သော လူငယ်များ ပေါ်ထွန်းလာစေရန် ဖြည့်ဆည်းပံ့ပိုးပေးသွားမည် ဖြစ်သည်။ ဆွေးနွေးပွဲအတွင်း အောက်ပါအချက်များကို အဓိကအာရုံစိုက်ဆွေးနွေးအကောင်အထည်ဖော်ဆောင်သွားမည်- 1. မတူကွဲပြားခြားနားသော လူ့အဖွဲ့အစည်းအတွင်း (ထိုင်းနိုင်ငံသား၊ ထိုင်းနိုင်ငံဖွား တိုင်းရင်းသားနှင့် ရွှေ့ပြောင်းလူငယ်များအကြား) ငြိမ်းချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကြောင်းအရာများအပေါ် ၎င်းတို့၏ အမြင်ရှုထောင့်များကို တင်ပြဖော်ထုတ်နိုင်မည့် အခြေအနေတစ်ရပ်ဖော်ဆောင်ပေးရန် 2. ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် နေထိုင်ကြသော မြန်မာရွှေ့ပြောင်းလူငယ်၊ ထိုင်းလူငယ်နှင့် ထိုင်းနိုင်ငံဖွား တိုင်းရင်းသားလူငယ်များအကြား လူဦးရေ ၁၀၀ ခန့် စုပေါင်းဆွေးနွေးနိုင်စေရန် 3. မိမိတို့နေထိုင်ရာဒေသတွင်း ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများအတွက် စုပေါင်းအဖြေရှာနိုင်မည့် လူမှုအဖွဲ့အစည်းအတွက် ကောင်းကျိုးသက်ရောက်မှုကို ဖန်တီးပေးနိုင်မည့် စီမံကိန်းများ စုပေါင်းလုပ်ဆောင်ရန်အတွက် လူငယ်များအား လှုံ့ဆော်မှုပေးရန် 4. လူမှုအဖွဲ့အစည်းအတွက် ကောင်းကျိုးသက်ရောက်မှုကို ဖန်တီးပေးနိုင်မည့် စီမံကိန်း(များ) အတွက် ငွေကြေးဆိုင်ရာနှင့် လမ်းညွှန်ချက်များ ပံ့ပိုးချမှတ်ပေးနိုင်ရန် 5. လူမှုအဖွဲ့အစည်းအတွက် ကောင်းကျိုးသက်ရောက်မှုကို ဖန်တီးပေးနိုင်မည့် စီမံကိန်း(များ) အကောင်အထည်ဖော်ဆောင်ရာတွင် လမ်းညွှန်ချက်များပေးနိုင်ရန်၊ စောင့်ကြည့်စစ်ဆေးပေးရန်နှင့် အကဲဖြတ်သတ်မှတ်မှုများ ဆောင်ရွက်ပေးနိုင်ရန် ဤလူငယ်ခေါင်းဆောင်မှုဆိုင်ရာဆွေးနွေးပွဲအတွင်း မတူညီသောနောက်ခံအကြောင်းအရာများရှိသည့် လူငယ်များနှင့် မိတ်ဆွေဖွဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှုကို ရှေးရှုသည့်အတွက် ရွှေ့ပြောင်းလူငယ်များအတွက် အခွင့်အလမ်းကောင်းများ ရရှိလာနိုင်လိမ့်မည်ဟု ကျွန်ုပ်တို့မျှော်လင့်ပါသည်။ ဘီးမ်ပညာရေးဖောင်ဒေးရှင်းနှင့် ပူးပေါင်းဆောင်ရွက်မည့် JUMP! ဖောင်ဒေးရှင်းကို ကမ္ဘာ့အနှံ့ လူငယ်ခေါင်းဆောင်မှုဆိုင်ရာ အကြောင်းအရာ လိုအပ်ချက်များကို ဦးတည်အဖြေရှာပံ့ပိုးပေးနိုင်သည့် ပညာရေးဆိုင်ရာ ပရိုဂရမ်များဖြင့် တုံ့ပြန်နိုင်ရန် အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုအဖြစ် ၂၀၀၆ ခုနှစ်အတွင်း ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။ JUMP! ဖောင်ဒေးရှင်းအနေဖြင့် လူငယ်များအား စိန်ခေါ်မှုများအတွက် တစ်ဦးကိုတစ်ဦး အားပေးလှုံ့ဆော်မှုပေးရန်နှင့် ၎င်းတို့၏ လူမှုပတ်ဝန်းကျင်အတွက် ပြောင်းလဲမှုများကို ဖော်ဆောင်နိုင်ရန် အတူတကွပူးပေါင်းပါဝင်ခွင့်ကို ဖန်တီးပေးနိုင်မည့် အခြေအနေ တစ်ရပ်ကို ဦးတည်ဖော်ဆောင်ရာတွင် အဓိကပံ့ပိုးကူညီပေးလျက်ရှိသည်။ JUMP! ဖောင်ဒေးရှင်းနှင့်ပတ်သက်၍ အချက်အလက်များ ထပ်မံသိရှိလိုပါကhttp://jumpfoundation.orgသို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *