Donation trip to Pa Lao Orphan School in Lamphun District
February 8, 2016
BEAM/JUMP! လူငယ်ခေါင်းဆောင်မှုဆိုင်ရာ ဆွေးနွေးပွဲ – The Rising Lanterns of Chiang Mai
October 2, 2016

အာဆီယံ နှီးနှောဖလှယ်ပွဲ (ချင်းမိုင်)

အာဆီယံ နှီးနှောဖလှယ်ပွဲ (ချင်းမိုင်)


၂၀၁၆ခုနှစ်၊ မတ်လ ၂၆ရက်နေ့၊ Central Kad Suan Kaew Plaza တွင် ထိုင်းနိုင်ငံ ကျောင်းပြင်ပ ပညာရေး (ကောစော်နော) ဌာနနှင့် ASEAN Economic Community (AEC) မှ ပူးပေါင်းကျင်းပသော ASEAN Community ဆိုင်ရာ နှီးနှောဖလှယ်ပွဲတွင် ကောစော်နော ပညာရေးဌာန၏ ဖိတ်ကြားချက်ဖြင့် ဘီးမ် ပညာရေးဖောင်ဒေးရှင်းမှ ဒါရိုက်တာနှင့် တကွ ကျောင်းသားကျောင်းသူများ၊ ဆရာ/ ဆရာမများစုစုပေါင်း ၄၀ ဦးခန့် တက်ရောက်ပါဝင်ခဲ့ပါသည်။ ၎င်းနှီးနှောဖလှယ်ပွဲအား ဘီးမ်ကျောင်းသူလေးများ၏ ဗွေးတုတ် အကဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး၊ ဘီးမ်ကျောင်းမှ မြန်မာစာဆရာ ဦးဆောင်သော မြန်မာစာသင်ကြားနေသည့် ထိုင်းကျောင်းသား ကျောင်းသူများမှ “မေမေနေကောင်းလား” သီးချင်းဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။ ၎င်းပွဲတွင် အာဆီယံဆိုင်ရာ အဓိကကျသော စီးပွားရေး၊ လူမှုရေး၊ ကူးသန်ရောင်ဝယ်ရေးနှင့် အခြားရေးပါသော ကဏ္ဍများကို ဆွေးနွေး ခဲ့ကြပါသည်။ The ASEAN Community Event was held at Central Kad Suan Kaew Plaza on 26 March 2016 by the cooperation of Thai Non-Formal Education Department (NFE) and the ASEAN Economic Community (AEC). Approximately 40 persons from BEAM Education Foundation including the Director, Students and Teachers attended. The students from BEAM Foundation performed Burmese cultural dance named “Bway Dote” and the Kor Sor Nor Burmese Learners led by the teacher from BEAM Foundation sang the Burmese song namely “May May Nay Kaung Lar”.
BEAM ကျောင်းသူကျောင်းသားများမှ ဗွေးတုတ်အက ဖြင့် ကပြတင်ဆက်စဉ်။
အကအဖွဲ့မှ မိတ်ဆက်ပြောကြားစဉ်။
ကောစော်နော မြန်မာစာကျောင်းသား ကျောင်းသူများအဖွဲ့မှ “မေမေနေကောင်းလား” သီချင်းဖြင့် ဖျော်ဖြေစဉ်။
ကောစော်နော မြန်မာစာကျောင်းသား ကျောင်းသူများအဖွဲ့မှ “မေမေနေကောင်းလား” သီချင်းဖြင့် ဖျော်ဖြေစဉ်။
ကောစော်နော မြန်မာစာအဖွဲ့။
BEAM Foundation ဒါရိုက်တာ နှင့် ထိုင်းအစိုးရဌာနများမှ တာဝန်ရှိသူများ အားပေးစဉ်။
BEAM Foundation ဒါရိုက်တာ နှင့် ထိုင်းအစိုးရဌာနများမှ တာဝန်ရှိသူများ အားပေးစဉ်။
အာဆီယံပွဲသို့ တက်ရောက်ခဲ့ကြသော BEAM ကျောင်းမှ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ။
အာဆီယံပွဲသို့ တက်ရောက်ခဲ့ကြသော BEAM ကျောင်းမှ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများ။

Leave a Reply

Your email address will not be published. Required fields are marked *